ကိုသောမတ်စ်ကတော့ ရန်ကုန်ပြန်ရမယ်ဆိုရင် ကျမထက်တောင်ပျှော်နေမလားပဲ။
ဒီနှစ်သူက TG နဲ့ သွားပြီး၊ ကျမက S'pore Airline နဲ့ သွားပါတယ်။ ကျမထက် ရန်ကုန်ကို
တစ်ရက်စောရောက်နေတာနဲ့  Pack Royal မှာ ၂ည တည်း ပြီးမှ ကျမတို့ နေတဲ့ မြေနီကုန်း
ကိုရောက်ပါတယ်။ သူက မနက်စာဆိုရင် မြန်မာကော်ဖီနဲ့ အီကြာကွေ့ ၊ ပဲပြုပ်နဲ့ ထမင်းကြော်
ကိုအိမ်နားက ဒေါ်ဝါ ဆိုင်မှာ နေ့ တိုင်းစားပါတယ်။
အိမ်မှာကော်ဖီဖျှော်ပေးရင်လည်း မြန်မာကော်ဖီမှုန့် နဲ့ ဖျှော်မှ သောက်ချင်တာ။ နို့ ဆီများများ
ချိုချိုအီအီကိုကြိုက်သူပါ။ သူ့  အကြိုက်ကော်ဖီမှုန့် ကတော့ လှည်းတန်းက ဆုကော်ဖီပါပဲ။ ရန်ကုန်ကပြန်လာတိုင် ဆုကော်ဖီကိုတစ်နှစ်စာသယ်လာပြီးသောက်လေ့ရှိသူပါ။ မနက် ကော်ဖီဆိုင်မှာစားပြီးတာနဲ့  ရွှေတိဂုံဘုရားသွား၊ ရိပ်သာသွားတဲ့အခါသွားနဲ့ 
အိမ်ကို မနက် ၉ နာရီလောက်ပြန်လာလေ့ရှိပါတယ်။
ပြန်ရောက်တာနဲ့ အင်တာနက်ဆိုင်ပြေးရတာကလည်းသူ့ ရဲ့ နေ့ စဉ်အလုပ်ပါပဲ။ ကျမက
ရန်ကုန်မှာရှိနေချိန် အင်တာနက်ဆိုင်မရောက်ဖြစ်ပေမဲ့ သူကတော့အချိန်မှန်ပါပဲ။
နေ့ လည်စာကိုတော့ကျမချက်တာသူမကြိုက်ရင် ဒန်ပေါက်ဆိုင်ပြေး၊ဒန်ပေါက်ထုပ်လေး
ဝယ်ပြီးစားရှာသား၊ ကျမလည်းသူ့ အတွက်အထူးတလည်ချက်မပေးဖြစ်ခဲ့ဘူး။
ကျမအပြင်သွားရင်သူ့ ကို အမေနဲ့ ထားခဲ့ရလို့ တော်သေးတယ်။ ကျမလည်း သူငယ်ချင်း
တချို့ နဲ့ တွေ့ ဖြစ်တယ်။ အမေ့ကို ကိုသောမတ်စ်က တော်တော်လေးဂရုစိုက်ပါတယ်။
အမေကလည်းသူ ကိုချစ်ရှာသား။
နေ့ လည်မိုးမရွာရင်အမေ့ ကို လက်ဖက်ရည်ဆိုင်ခေါ်သွား၊ အိမ်နားက ဒဂုံစင်တာခေါ်သွား
နဲ့ ။ တခါ သူ က အမေကိုတွဲပြီး အပြင်သွားတုန်း လမ်းမှာ လူတစ်ယောက်က
What a wonderful couple! လို့ ပြောသွားသတဲ့။ :)
ကိုသောမတ်စ်က ရန်ကုန်မှာ တွေ့ တဲ့သူတိုင်းကို သူအသက်လယ်လောက်လဲလို့  မှန်းခိုင်းလေ့
ရှိပါတယ်။ ဂျာမနီမှာ လူတွေက သူ့ အသက်ထက်ငယ်ပြီးမှန်းကြတော့ ရန်ကုန်ကလူတွေလည်း
သူ့ ကိုနုတယ်လို့ မှန်းမယ်ထင်တာနဲ့ တူပါရဲ့ ။ မြန်မာတွေက သူ့ ကို အမှန်နီးပါမှန်းလိုက်တော့
ကိုသောမတ်စ်ခမျာ မအီမသာဖြစ်သွားရပါတယ်။ :)
( လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ နေရာမရှိလို့  မြန်မာအမျိုးသား
နှစ်ယောက်ထိုင်နေတဲ့ ၀ိုင်း မှာဝင်ထိုင်ဖြစ်ပါတယ်။ ကိုသောမတ်စ်က ထုံးစံအတိုင်း သူ့ အသက်ကို
မှန်းခိုင်းလေရဲ့  ထိုသူ နှစ်ယောက်က ညှာညှာတာတာနဲ့  ၇၀ လို့ မှန်းလိုက်လေရဲ့ ။
ကိုသောမတ်စ်လည်းအောင့်သက်သက်နဲ့ သူ့ အသက်အမှန်ကိုပြောပြတော့ မြန်မာ အမျိုးသားနှစ်ယောက်ခမျာ
အားတွေနာပြီး ကျမတို စားထားတာတွေကိုရှင်းသွားပါတယ်။)
ကိုသောမတ်စ်က ရန်ကုန်ရောက်တာနဲ့ ပုဆိုးဝတ်တော့တာပါပဲ။ ပြန်မဲ့နေ့ မှသာ ဘောင်းဘီဝတ်
တော့တယ်။ ဒီတခေါက် သူများတွေပုဆိုးဝတ်တာကိုကြည့်ပြီး သူရဲ့ ပုဆိုးခါးပုံစက သူများနဲ့ 
မတူဘူးတဲ့။ တချို့ က ခါးပုံစ ကို သပ်သပ်ရပ်ရပ်ပြန် ထည့်ထားတာကိုသတိထားမိပြီး သူကလိုက်ဝတ်
ကြည့်ပါတယ်။ အဆင်ပြေသွားသားပဲ။ တနေ့ လမ်းလျှောက်နေတုန်း ဘေးနားက အမျိုးသား
တစ်ယောက် မွန်ပုဆိုးဝတ်ထားတာတွေ့ လို့ သူအလွန်ကြိုက်ကြောင်း၊ သူ ၀တ်ချင်ကြောင်း
ပူဆာတာနဲ့ ကျမလည်း နောက်နေ့ ချက်ချင်းဝယ်ပေးလိုက်ပါတယ်။ သူ့ ခမျာလည်း
ဝတ်ချင်လွန်းလို့ ရှိတဲ့ လိမ္မော်ရောင် တီရှပ်နဲ့ ဝတ်လိုက်တော့ ..... ..... :)
နောက်နေ့ မှ တခြားအင်္ကျီနဲ့ ပိုအဆင်ပြေလိုက်ဖက်သွားတော့တယ်။
ရန်ကုန်မှာရှိနေတဲ့ရက်မှာပဲ သူနဲ့ Facebook မှာသိတဲ့ သူငယ်ချင်းတွေကို ဂျာမန်စကားပြောလေ့ကျင့်
ပေးသေးတယ်။ ကျမလည်း သူ နဲ့ ပတ်သက်ပြီးမိတ်ဆွေတွေပိုရလာလို့ ဝမ်းသာရပါတယ်။
တနေ့ တော့မိတ်ဆွေတစ်ယောက်အိမ်မှာ ကျမတို့ မေ့ကျန်ခဲ့တဲ့ထီး၂လက် ပြန်သွားယူခိုင်းလိုက်
တာ ပြန်လာတော့ သူယူသွားတဲ့ထီးပါ အဲ့ဒီအိမ်မှာ ထပ်မေ့ကျန်ခဲ့သေးလို့ အသစ်တစ်ချောင်း
ထပ်ဝယ်ရတယ်။ ဒါနဲ့ အိမ်မှာအခုထီး၎လက်ဖြစ်သွားရော။
ဒီတခါတော့သူရန်ကုန်မှာနေရတာပိုပျော်တယ်လို့ ပြောပါတယ်။
သူက ကျမထက်၎ရက်စောပြီးရန်ကုန်ကပြန်ပါတယ်။သူ့ အတွက် ကော်ဖီမှုန့် ၊
ငပိကြော်၊ သရက်သီးသနပ်တွေအများကြီးသယ်သွားလေရဲ့ ။
Subscribe to:
Post Comments (Atom)
10 comments:
ငါးပိကြော်တကယ်စားတယ်လား... တခြားလူတွေအနံ့တောင်မခံနိုင်ကြဘူးနော်...
ကျမလည်း အနောက်တိုင်းသားတွေရဲ့ အသက်ကိုမမှန်းတတ်ဘူး...
သူတို့တွေက အသက် သုံးလေးငါးဆယ်လောက်ဆိုရင် ကိုယ်တွေထက် ရုပ်ရင့်သလိုပဲ... မျက်နှာမှာ အရေးအကြောင်းများလို့လေ... ၈၀ကျော်လာက်
ဖြစ်သွားရင်တော့သူတို့ကပိုနုသွားတယ်...
သူက ငပိကြော်ဆိုငပိပါမှကြိုက်တယ်။ ငပိရည်တော့မကြိုက်ဘူး။ ကျမနဲ့ ပြောင်းပြန်။။။
မွန်လုံချည်နဲ့ လိမ္မော်ရောင် တီရှပ်နဲ့ဆိုရင် အတော့်ကို လိုက်မှာပဲဗျ၊း) အဲဒီလို တွဲဝတ်တဲ့နေ့က မ,ရှင်လေး ဓါတ်ပုံ ရိုက်မထား လိုက်ဘူးလား?း))
ပုံထဲမှာ ပင်နီနဲ့ကတော့ မိုက်တယ်၊ ထီးတစ်ချောင်း ထပ်မေ့ကျန်တာကိုလည်း အတော်လေး ရီလိုက်ရတယ်။း)
လုံချည်ဝတ်တာကိုချည်းကြူးပါတယ်။ဒီမိုကရေစီခေါင်းဆောင်ကြီးတွေတောင်ဘောင်းဘီမချွတ်ချင်ကြဖူး။
ကိုညီရေ အဲ့ဒီနေ့ ကဓါတ်ပုံရိုက်ထားသေးတယ်။
နောက်ကြုံရင်တင်လိုက်ပါအုံးမယ်။
လာလည်ကြတဲ့သူငယ်ချင်းများအားကျေးဇူးတင်လျှက်ပါ။
မရှင်လေးရေ
ဦးသောမတ်စ်က မိုက်တယ်နော်
သူက ရန်ကုန်မှာအေးဆေးဘဲ နေတယ်စားတတ်ဝတ်တတ်တယ်နော်။ အရမ်းတော်တယ်ခေါ်ရမှာပေါ.
မရှင်လေး ကံကောင်းပါတယ်။
ပုဆိုးကြိုက်တာ၊ ဆုကော်ဖီကို မြန်မာအကြိုက်အရသာမျိုး ကြိုက်တတ်တာ၊ ငပိကြော်၊ ဒန်ပေါက်ကြိုက်တာ တွေက လူမျိုးခြားတွေထဲမှာဆို ထူးခြားနေမလားဘဲနော်။ ဦးသောမတ်စ်က မြန်မာအစားစာခံတွင်းတွေ.ပုံပေါ်တယ်။
ဘာဘဲဖြစ်ဖြစ် မရှင်လေးပို.စ်လေးတွေဖတ်ရတာ စိတ်ချမ်းသာဖို.၊ စိတ်ဝင်စားဖို.ကောင်းပါတယ်။ မရှင်လေးကလဲ စာရေးတာ ရိုးရိုးရှင်းရှင်းဘဲဆိုတော. ဖတ်ရတာ ရှင်းနေတာဘဲ။
ကျေးဇူးပါရှင်။
ဦးကိုကိုမောင်တို့ ကတော့၊တကယ်ဘဲ...
သူ့ အသက်ခန့် မှန်းခိုင်းတာကိုဖတ်ပြီး၊
တယောက်ထဲရီနေမိတယ်။
တကယ်သတိရတယ်..အိရေ..
သူကတကယ်အတည်ပေါက်နဲ့ ပြောနေပေမဲ့၊
ကျမက ခဏခဏရီချင်နေတတ်တယ်။
ပုဆိုးနဲ့ ခန့် ညားနေတယ်လို့ မီးမီးပြောတယ်လို့ ၊
ပြောပြလိုက်ပါ။ သူညွှန်းတဲ့ ဟော်လန်က ချောကလက်ရည်ဗူး၊
တွေကို သောက်ချင်လို့  ဒီမှာရှာတာ လည်းရှိဘူး။
သူပြောလို့  ကျမသောက်ရင်းစွဲနေတာလေ...။
ပြောပြလိုက်မယ်။ သူသဘောကျသွားမှာ။။။
ဦးသောမတ်စ်အကြောင်းဖတ် ဖတ် နေရတာ သူ့ကို အပြင်မှာ မသိဖူးပဲ ခင်နေသလိုပဲ ..
pifpif
Post a Comment