Tuesday 11 December 2012

ဆောင်းတွင်း ....

နှင်းကျပြီးအေးနေတာ တစ်ပတ်လောက်ရှိလာပြီ။
မနက်အိပ်ရထဖို့ ကိုယ့်ကိုကိုယ်မနဲ အားပေးပြီး အိပ်ယာမှထရတယ်။
မလုပ်ချင်တဲ့အရာတွေထဲမှာ မနက်စောစော အလုပ်သွားရတဲ့ ကိစ္စလည်းပါပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကစပြီး ရထားအချိန်တွေကပြောင်းတော့ အားလုံးက
ကမောက်ကမနဲ့ ။

မနေ့ ကတော့ အလုပ်ကအပြန်ရထားထွက်လေ့ရှိတဲ့အချိန် မထွက်ပဲ ၊
ရထားအစား ဘတ်စ်ကားပြောင်းသွားတာမသိလို့ ဘူတာမှာ ၄၅မိနစ်
အချိန်ကုန်ခဲ့ရသေးတယ်။ချမ်းချမ်းအေးအေးထဲမှာ ၄၅ မိနစ်က အတော်ကြာသားပဲ။

ဒီနေ့ မနက် လာနေကျရထားက မနက် ၇နာရီ၂၀မိနစ်။ ခရီးသည်တွေက
ဘူတာပလက်ဖေါင်းမှာ ရထားအလာကို တမျှော်မျှော်၊ အဝေးက လာနေတဲ့
ရထားမီးရောင်ကိုတွေ့ တော့ ရထားလာပြီထင်လို့ ... ကုန်တင်ရထား။
နှင်းတွေကြားမှာ အေးရပါတယ်ဆိုမှ ကုန်တင်ရထားဖြတ်သွားတာကြောင့်
လေအေးတွေ ကမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပဲ။ မျှော်နေတဲ့ရထားက
၁၅ မိနစ်နောက်ကျမှရောက်လားတယ်။ ရထားပေါ်ရောက်တော့ထိုင်စရာမရှိ။
တော်ပါသေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောရင် ၁၅မိနစ်ဆိုတာခဏလေး
ကုန်သွားတယ်။

အလုပ်ကပြန်လာ၊ချက်ပြုပ်စားသောက်ပြီးတာနဲ့  အပြင်မှာကမှောင်တောင်နေပြီ။
ညနေ ၄နာရီခွဲ.... .... .....

အပြင်လည်းထွက်ချင်စိတ်မရှိ၊ အပြင်တခါထွက်ဖို့  အင်္ကျီအထပ်ထပ်ကိုလည်း
ပြန်မ၀တ်ချင်၊ ... .... ....  ဒါပေမဲ့မနက်ဖြန်အတွက် ဟင်းချက်ဖို့ ဈေးတော့သွား
ဝယ်ရအုံးမယ်။ ကိုယ့်ကိုကိုယ်အားပေးရင်း... ... ... အိမ်နားက စူပါမတ်ဆီသို့ ... ... ....

7 comments:

လပြည့်ရိပ် said...

ဒီမှာလည်း နှင်းတွေကျတယ်အစ်မ.. တနေ့လုံးလိုလိုပဲ မပြတ်ဘူး..

ညီလင်းသစ် said...

အတူတူပဲ အစ်မရှင်လေး...၊ ဒီမှာလည်း နှင်းတွေကျ၊ ရထားတွေ ကားတွေ နောက်ကျ၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရထားချိန်တွေ ပြောင်းလို့ လူတွေ ကို့ယိုးကားယားဖြစ်...၊ နှုတ်ခမ်းတွေကွဲ၊ အသားတွေပတ်...၊ နောက်ကော ဘာကျန်သေးလဲ..?? ဟူး....း)

ဇွန်မိုးစက် said...

ငယ်ငယ်က နှင်းကျရင် သိပ်ကိုပျော်စရာကောင်းတယ်လို့ ထင်ခဲ့တာ လက်တွေ့ကျတော့ စိတ်ညစ်စရာ ကောင်းနေပြန်တယ်နော်။ အဲလိုဆောင်းတွင်းမှာ အိမ်လွမ်းဝေဒနာခံရတာ အခက်ဆုံးပဲ အစ်မရယ်။
အေးခဲတဲ့ဆောင်းတွင်းမို့ အစစအရာရာ ဂရုစိုက်ပါနော်။

အီကွေတာအရပ်မှ ချစ်သော ညီမဇွန်း)

Shinlay said...

လပြည့်ရိပ်...ကိုညီ... ဂရုစိုက်နော်... ဒီနေ့ တော့
ပူပူနွေးနွေး အရည်သောက်ပဲချက်တယ်။ မနက်ဖြန်တော့
စွပ်ပြုပ်... ဂျင်းဂျားတီးလည်း သောက်ရသေး။

ကျေးဇူးဇွန်။ အီကွေတာ အရပ်ကို လွမ်းပါတယ်။

စူးနွယ်လေး said...

ဒီမှာလည်း နှင်းတွေနဲ့ ဖွေးနေတာပဲ... ကျမတော့ ဆောင်းတွင်းဆိုရင် ဆိုင်တွေမှာ အဝတ်သွားမဝယ်ဘူး..အကျီအလွှာလိုက် ချွတ်လိုက်ဝတ်လိုက် လုပ်ရမှာ စိတ်ညစ်လို့ :)

သစ်သစ် said...

မမပို့စ်တွေမတက်တော့ နေမကောင်းဖြစ်နေလားလို့ စိတ်ပူမိသေးတယ်..ပျော်ရွှင်ပါစေမမ

Shinlay said...

ဟုတ်တယ်စူးနွယ်။ အပြင်ကနေဆိုင်ထဲရောက်ရင်တောင်
မူးနောက်နောက်ဖြစ်ချင်တယ်။

ညီမ သစ်သစ် ကျေးဇူးပါပဲ။ အခုတလော အလုပ်တွေပိ
နေလို့ ...