Tuesday 2 July 2013

လောဘ ပိုက်ကွန်

အားကောင်းလှတဲ့ စွဲဆောင်မှုတွေက
နဂိုချထားတဲ့လမ်းကြောင်းကို လျစ်လျူမှုဖို့ 
တွန်းအားတွေအများကြီးပေးခဲ့တယ်။

အပေါင်းတွေ၊အနှုတ်တွေကြား
အတွေးတွေများစေခဲ့တယ်။
ငါ ဆိုတဲ့အတွေးတွေအများကြီးတွေးခဲ့တယ်။

ဘာကြောင့် လဲဆိုတဲ့မူလ အစကို မေ့ပြီး
အပေါ်ယံ အတွေးတွေထဲမှာ
သောကတွေများခဲ့တယ်။

အကြောင်းကိုသေချာစစ်ရင်း ဘာကြောင့်ဆိုတာကိုတွေ့ သွားတော့
ကြောင့်ကြ မဲ့တဲ့ ပေါ့ပါး လွတ်လတ်တဲ့
အဖြေတစ်ခုကို ကျမရလိုက်ပါတယ်။

ကိုယ်ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို
ငွေနဲ့ လည်း မလဲနိုင်ပါ။ ရာထူးနဲ့ လည်းမလဲနိုင်ပါ။
ပြောင်းလဲနေတဲ့ အရာတွေကြားမှာ
ဘာကိုမှ ကတိပြု မထားတာ အကောင်းဆုံးလို့ ထင်ပါတယ်။

1 comment:

မြသွေးနီ said...

Shinlayရေ...

မမြသွေးဆီကို မိတ်ဆွေ အယ်ဒီတာမိုးမိုးစောဝင်း (စာရေးဆရာမမီမိုး) ဆက်သွယ်ပြီး၊ သူက Shinlayရဲ့ စာတွေဖတ်ပြီး ဆက်သွယ်ချင်တယ်လို့ ပြောလာပါတယ်။ ကျေးဇူးပြုပြီး မမြသွေးကို
myathwayyni@gmail.com ကို ဆက်သွယ်ပေးပါနော်။

ကျေးဇူးတင်ခင်မင်စွာ -
မြသွေးနီ