Friday 1 November 2013

လက်ချောင်းများ

လက်ချောင်းတွေရဲ့  အသုံးဝင်မှု ကို လက်ချောင်းတွေ ရုတ်တရက် နာလာတဲ့ အချိန်မှာ
ပိုပြီး တန်ဖိုးသိလာရပါတယ်။

လက်ချောင်းတွေနဲ့  ကိုင်ရ၊ ဖွင့်ရ၊ပိတ်ရ၊ လှည့်ရ၊ တွန်းရ၊လှီးရ၊ မွှေရ၊ နယ်ရ.....
သူ တို့ ရဲ့ တာဝန်တွေက မနည်းပါလား။

ကျမ တစ်ခုခုကို ကိုင်တယ်ဆိုရင်ပဲ နာလာတာကြောင့် လက်ချောင်းတွေကို
သတိပြုလာမိပါတယ်။

တစ်ခုခု လုပ်ခါနီးတိုင်းလက်ချောင်းတွေ ကိုညှာပြီး ဘယ်လို သက်သာအောင်
အလုပ်လုပ်ရမလဲလို့ နည်းလမ်းတွေရှာရတယ်။
နေ့ စဉ် လှု ပ်ရှားမှုတွေမှာ အဟန့် အတားတွေဖြစ်လာတယ်။

အခုတော့ ကျမလက်ချောင်းလေးတွေ တော်တော်လေးသက်သာလာပါပြီ၊
စားချင်တာ၊ရေးချင်တာ၊လုပ်ချင်တာတွေ တဖြေးဖြေး ပြန်စလုပ်လို့ ရလာပြီ။
ဒါပေမဲ့လည်း လက်ချောင်းလေးတွေကို အလွန်အကျွံ မခိုင်း မိအောင်သတိထား
နေရပါတယ်။

 ကျမအမေ ပြောသလို့  သမီးရေ ကိုယ့်အသက်လည်းကိုယ်မေ့ မနေနဲ့ အုံး တဲ့။
ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲ ဖေါက်ပြန်မှုတွေ တဖြေးဖြေး သိသာလာပြီ။

 

8 comments:

Anonymous said...

It might be Arthritis pain.
Be careful in winter.

Shinlay said...

thanks....

ညီလင်းသစ် said...

ကျန်းမာခြင်းရဲ့ တန်ဖိုးကို နေမကောင်း ဖြစ်တဲ့အခါမှပဲ သိလာရတယ် ဆိုတာ အမှန်ပါပဲဗျာ..၊ ဂရုစိုက်ပါ အစ်မရှင်လေးရေ...။

Iora said...

အဲလိုနာဖူးမှလက်ချောင်းလေးတွေတချောင်းချင်းသူ့ ဟာနဲ့ သူ အရေးပါကြပါလားဆိုတာသိတော့တယ်။
ခြေချောင်းလေးတွေလည်းတခါနာဖူးသေးတယ်။ ကုတင်ခြေထောက်နဲ့ တုက်မိလို့ ။
အဲတုန်းကတည်းကသဘောပေါက်သွားတာ။
တချောင်းချင်းသူ့ တာဝန်နဲ့ သူလှုပ်ရှားကြတယ်ဆိုတာ။
အိုင်အိုရာ

zunelamoe said...

Takecare yrself also.

Anonymous said...

Take care sis.

Aunty Oo said...

ကျမညာဘက်လက်ညှိုးနဲ.လက်ခလယ်ကသုံးမရတာ
တော်တော်ကြာပြီ။ဆရာဝန်ပြတော့လဲအသက်ကြောင့်ဖြစ်
တာဘာမှလုပ်မရဘူးတဲ့လေ။မလုပ်မဖြစ်တဲ့အိမ်အလုပ်တွေ
ကိုနားနားလုပ်နေရတယ်။ကိုယ်မလုပ်ဘယ်သူလုပ်မလဲနော်
ဇရာကတော့ပြပြလာတာဘဲ။မရှင်လေးနေကောင်းပါစေ။

Shinlay said...

အားပေးကြတဲ့သူငယ်ချင်းများကိုကျေးဇူးအထူးတင်ပါတယ်။