Sunday 24 November 2013
တိုက်ပွဲ
ပြေးရင်းလွှားရင်း၊ ပျော်လိုက်ငိုလိုက်
ရန်ဖြစ်လိုက်၊စိတ်ဆိုးလိုက်နဲ့ 
အချိန်တွေက တဖြေးဖြေးကုန်သွားသလို၊
လောကကြီးထဲကထွက်သွားကြပြီ။
ကိုယ့်အလှည့် ကိုစောင့်ရင်း၊
လောဘ၊ဒေါသ၊မောဟ နည်းအောင်ကြိုးစားရင်း၊
လောက ကြီးမှာ နေခွင့်ရနေစဉ် ကောင်းမှု့ များ
လုပ်ခွင့်ရအောင်ကြိုးစားရင်း၊
ခွင့်လွှတ်ရင်း၊အနစ်နာခံရင်း၊
သည်းခံရင်းနဲ့ ... ...
စိတ်ကိုစုစည်း၊ သတိချပ်နေပေမဲ့
အတွေးတွေကဟိုပြေး၊ဒီရောက်၊
လောဘ၊ဒေါသက ဟိုကလာ၊ဒီကလာနဲ့ 
ကမောက်ကမမို့ ၊ မောမိပါတယ်။
4 comments:
ဇွန်မိုးစက် said...
ဟုတ်တယ်နော် အစ်မ။ ဇွန်လည်း သတိချပ်နေရင်းနဲ့ပဲ စိတ်တွေက ဟိုရောက်ဒီရောက်၊ လောဘ၊ ဒေါသတွေနဲ့ လုံးထွေးသတ်ပုတ်ရတုန်း၊ တိုက်ပွဲဝင်နေရတုန်းပဲ။
ဇွန်နေကောင်းပါတယ် အစ်မ။ စာမေးပွဲတစ်နေ့ကမှပြီးလို့ ခုမှစာပြန်ရေးဖြစ်တာ။း)
Anonymous said...
တစ်ထပ်တည်းပါပဲရှင်လေးရယ်။
အိုင်အိုရာ
Anonymous said...
ဟုတ်တယ်နော်အစ်မ
zunelamoe said...
I always visit yr blog to read new essays.Pl write more & more.