စိတ်တွေငြိမ်အောင် အာရုံစိုက်ဖို့ ကြိုးစားလိုက်တိုင်း
အတွေးတွေက ဟိုက၀င်လာ၊ဒီကိုရောက်သွား၊
သတိကပ်ပြီး အသိနဲ့ မှတ်ပြန်လည်း
မကြာပါဘူး၊
အတွေးထဲ မှာ စာတွေရေးလိုက်။ပုံတွေဖေါ်လိုက်
ခရီးတွေသွားလိုက်၊ ရန်တွေဖြစ်လိုက်၊
ချစ်လိုက်၊မုန်းလိုက်၊
ဘယ်တော့များမှ အေးချမ်းပါ့မလဲ.... ... ...
Sunday, 2 August 2015
Monday, 22 June 2015
အတွေးခရီး
ခရီသွားရတာ ကျမပျော်ပါတယ်။ ခရီးမထွက်ခင်ကတည်းက
ကြိုတင်ပြင်ဆင်ရတာကလည်း ပျော်စရာကောင်းပါတယ်။
ခရီးသွားရက်နီးလာလေလေ ကျမစိတ်လှုပ်ရှားလေလေပေါ့။
အထူးသဖြင့် မြန်မာပြည်ကို
ပြန်ရတော့မယ်ဆိုရင်ပိုစိုးပါတယ်။
ကျမတို့ နေတဲ့ နေရာကနေ လေဆိပ်ရှိတဲ့ ဖရန့် ဖွတ် ကို သွား
ဖို့ 
အမြန် ရထားစီးရတာက ၂ နာရီကြာ တော့ မနက်အစောကြီး
ကတည်းကအိပ်ရာကထ၊ Freiburg ကို သွားဖို့ ရထားအမီ သွားရပါတယ်။
Freiburg ကမှ အမြန်ရထားစီးရမှာ ကို။ ရထားပေါ်ရောက်တာနဲ့  ကျမ
အတွေးထဲမှာ
ပြောမတတ်တဲ့ ခံစားမှုမျိုး အမြဲခံစားရပါတယ်။ ဂျာမနီကိုလွမ်း
သလို လို ၊
မြန်မာပြည် သွားဖို့ ပျှော်သလိုလို၊ လေယာဉ်စီးရမှာ မို့ 
စိတ်လှုပ်ရှားသလိုလို…
ခံစားမှုမျိုးစုံနဲ့ပေါ့။
လေဆိပ်ရောက်ရင် ကျမရဲ့ အာရုံမှာ ခရီးတလျှောက် အဆင်ပြေဖို
့အတွေးပဲ
ရှိပါတော့တယ်။ လေဆိပ်တွေကို ကျမ ကြိုက်ပါတယ်။
လူမျိုးစုံ၊ အရောင်မျိုးစုံ၊
အားလုံးက တက်ကြွနေကြတယ်။ ဂျာမနီမှာ
အင်္ဂလိပ်စကားပြောလိုအရဆုံး
နေရာတစ်ခုလို့ ကျမထင်ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကျမဘေးမှာ
ဘယ်သူထိုင်မလဲ။ သဘောကောင်းပါရဲ့လား၊ စသဖြင့် အတွေးတွေနဲ
့ပေါ့။
လေယာဉ်ပေါ် ကျွေးတာစားပြီးတာနဲ့ ကြိုးစား ပြီးအိပ်ရတယ်။
ဒါမှ ရန်ကုန်ရောက်ရင်
လန်းဆန်းနေအောင်။ အမျိုးတွေနဲ့ 
စကားတွေအများကြီးပြောနိုင်အောင်၊
ကျမရဲ ပိတ်ထားတဲ့ အိမ်ခန်းလေးကိုရှင်းရအောင်
အားတွေပြည့်နေဖို့ လိုတယ်လေ။
ဒီလိုနဲ့ လေယာဉ်ဘန်ကောက်ကိုဆိုက်တော့ အာရှရဲ့  အငွေ
့အသက်ကို ရပါတယ်။
ပူနွေးတဲ့လေ၊ အေးနေတဲ့ လေအေးစက်အခန်း၊ ပရုပ်နံ
့သင်းနေတဲ့ လေဆိပ်ရဲ့ အနံ့ ။
ဒါတွေကို တွေ့ ထိမိတာနဲ့ ကျမ အာရှကိုပြန်ရောက်ပြီဆိုတာ
သိလိုက်ပါတယ်။
ဘန်ကောက်လေဆိပ် က ဆိုင်တွေက ၀ယ်ချင်စရာ တွေကြီးပါပဲ။
များသောအားဖြင့်
ဘန်ကောက် လေဆိပ်မှာ အချိန်မရှိပါဘူး။ ရန်ကုန်သွားမဲ့
လေယာဉ် ရှိရာ ဂိတ်ကို
ပြေးရပါတယ်။ Departure Gate ကို ရောက်တယ်ဆိုရင်ပဲ
မြန်မာအသံတွေ ကြားရပါ
ပြီ။ မြန်မာလူမျိုးတွေကို တွေ့ ရပါပြီ။ ကျမ အမိမြေနဲ
့နီးလာပြီဆိုတဲ့ အသိကြောင့်
ကျမပျော်နေတယ်။
ရန်ကုန်သွားတဲ့လေယာဉ်က ခဏပဲစီးရတယ်။ လာကျွေးတာစားလိုက်၊
လာပေးတဲ့ပုံစံ
ဖြည့်ရနဲ့ အချိန်က ခဏလေးကုန်သွားပါတယ်။ လေယာဉ် ရန်ကုန်ကို
ရောက်တော့မယ်ဆိုရင် ကျမ လေယာဉ်ပေါ်ကမြင်နေရတဲ့မြင်ကွင်းကိုကြည့်ရင်း
ကျမ ဒီတခေါက် ဘေးမသီရန်မခ ပြန်လာနိုင်ပြီး
အမေ့ကိုပြန်တွေ့ ခွင့်ရပြီဆိုတဲ့
အတွေးနဲ့ မျက်ရည် အမြဲကျရပါတယ်။
လေယာဉ်ဆိုက်တာနဲ့  အမြန်ဆုံး
လေယာဉ်ပေါ်ကပြေးဆင်းချင်ပါတယ်။
ရန်ကုန်မှာ ရှိနေတဲ့ အချိန်တွေကို အလကားကုန်သွားမှာ
ကျမစိုးရိမ်ပါတယ်။
လေဆိပ်ကနေ အိမ်အသွားလမ်းတလျှောက် သွားနေတဲ့ကားတွေ၊
လမ်းလျှောက်နေတဲ့သူတွေ၊ အဆောက်အဦးတွေကိုကြည့်ရင်း ကျမ
ရန်ကုန်ကို ရောက်ပြီး၊ လာတော့လည်း ခဏလေးပါလားလို
့တွေးရင်း
ရန်ကုန်ရဲ့ ပြောင်းလဲမှုတွေ ကို ရှာနေမိပါတယ်။
ဒီနှစ် မြန်မာပြည်ပြန်ရတဲ့ ရက်က တစ်လလောက်နောက်ကျတော့
ကျမ
အတွေးထဲက ခရီးစဉ်လေးနဲ့ အလွမ်းပြေ ခရီးနှင်လိုက်ပါတယ်။
မကြာခင်တော့ ကျမ အတွေးထဲက ခရီးစဉ်လေး
အကောင်အထည်ပေါ်လာမှာပါ။
Tuesday, 16 June 2015
သူစိမ်းတွေ များနေပြီလား
ဂျာမနီနိုင်ငံမှာ
ဒုက္ခသည်အဖြစ်လာရောက်ခိုလှုံဖို့  လျှောက်လွှာတင်လာသူက ၂၀၁၄
စာ၇င်းအ၇ ၂ သိန်းကျော်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ လျှောက်လွှာတင်သူပေါင်း
၎သိန်းကျော်အထိ တက်လာမယ်လို့ ခန့် မှန်းထားပါတယ်။
စာ၇င်းအ၇ ၂ သိန်းကျော်ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ လျှောက်လွှာတင်သူပေါင်း
၎သိန်းကျော်အထိ တက်လာမယ်လို့ ခန့် မှန်းထားပါတယ်။
အကြောင်းအမျို
းမျိုးကြောင့် ၀င်ရောက်လာကြသူ တွေအတွက် အစိုးရရဲ့ ထောက်ပံ့
ပေးမှုက မနည်းပါဘူး။
အဲ့ဒီသူတွေ က တနေ့ မိမိခြေထောက်ပေါ်ရပ်တည်လာ နိုင်တဲ့
အချိန်မှာမိမိ ကို ထောက်ပံ့ ပေးခဲ့တဲ့ အစိုးရနဲ့ တိုင်ပြည် အပေါ် ပြန်တာဝန်ကျေကြ
ပါသလား။
အချိန်မှာမိမိ ကို ထောက်ပံ့ ပေးခဲ့တဲ့ အစိုးရနဲ့ တိုင်ပြည် အပေါ် ပြန်တာဝန်ကျေကြ
ပါသလား။
အလုပ် လုပ်နေပေမဲ့
တရားဝင်မလုပ်ပဲ ခိုးလုပ်ပြီး အစိုးရထောက်ပံ့တာ မှီစားနေသူတွေ၊ အလုပ်ချိန်
လျှော့ပြပြီး ၀င်ငွေနည်းနေလို့  အစိုးရအထောက်အပံ့ ဆက်တောင်းနေသူတွေ စသဖြင့်
တစ်သီးစား၊ နှစ်သီးစား လုပ်စားနေသူတွေ တွေ့ ရတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
မိမိ
နိုင်ငံက နေ ခိုလှုံခွင့်ယူပြီး ရောက်လာ သူ တွေ ကြားထဲ ဒီလိုသတင်းတွေ ကြားတိုင်း
ကျမ မိမိ လူမျိုးတွေ အတွက် ရှက်မိပါတယ်။ ဒါကြောင့်လည်း ဂျာမန်တွေ က ဒုက္ခသည်တွေအပေါ်
(နိုင်ငံခြားသားတွေအပေါ်) အမြင်မကြည်ကြတာ မဆန်းပါဘူး။ လူတွေကလည်း မိမိ အတွက်ဆို
ရသလောက် ယူမယ်ဆိုပြီး ဒီကိုပြေးလာကြတာပဲလေ။ ရတဲ့ အခွင့်အရေးကို ရသလိုယူကြတော့တာပဲ။
အခုတလော ဒုက္ခသည်တွေ
အီတလီကို အလုံးအရင်းနဲ့ ရောက်လာပြီး အီးယူနိုင်ငံတွေ ကို ဆက်လာဖို့ 
ကြိုးစားနေကြတာ ကြားနေရပြန်တယ်။ ဆီးရီးယား ကသူတွေကလည်း လာချင်ကြသလို အရှေ့ဥရောပဘက်
ကလည်း ၀င်လာချင်ကြတယ်။
ဂျာမန် အစိုးရ ပေါ်လစီအရ
လက်ခံမယ်ပြောနေပေမဲ့ ပြည်သူတွေကြားမှာ မကျေနပ်မှုတွေ များလာနေပါတယ်။ တိုင်းပြည်ရဲ့ 
ထောက်ပံ့နိုင်မှု ဘယ်လောက်အထိရှိနိုင်မလဲ။ တနေ့ ကြ ဒီလူတွေက တိုင်းပြည်ကို တကယ်
ပြန်ကြည့်ကြမှာလား။
မိမိ ၀င်ငွေခွန်တွေနဲ့ လိုအပ်နေတဲ့ နေရာတွေမှာ
ပြန်ဖြည့်ပေးကြမှာလား။
ဂျာမနီကို
ဒုက္ခသည်အဖြစ်လာကြဖို့  မိမိတို့ ဘာသာ နည်းအမျိုးးမျိုးနဲ့ လာကြတာပါ။ မိမိတို့ 
ရွေးထားတဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အပြစ်ပြော အမုန်းပွား၊ အမြတ်ထုတ်နေလို့ 
သင့်တော်မယ်မထင်ပါဘူး။
ဒီလိုလူမျိုးတွေတဖြေးဖြေးများလာရင် ဂျာမနီ ရှေ့ရေး မလွယ်ပါ။
လူမှုရေးပြသနာတွေ
အများကြီးဖြစ်လာနိုင်ပါတယ်။
ဂျာမနီ ရောက်လာရင်
ပိုက်ဆံအများကြီး ရှာလို့ မရပါဘူး။ ဂျာမန်တွေ ကိုယ်တိုင်လည်း ၀င်ငွေအများကြီးမရှိပါဘူး။
ဒါပေမဲ့ ဂျာမနီရဲ့  Social System ကကောင်းတော့ မကြောင့်မကျ
နေရပါတယ်။
နိုင်ငံခြားသားတွေထဲမှာ တကယ် ကြိုးစား လုပ်ကိုင်နေသူတွေလည်း အများကြီးပါ။
တနေ့ က ဗီယက်နမ်
မိသားစုနဲ့ တွေ့ ပါတယ်။ ကလေး၂ယောက်ရှိပြီး အလုပ်ကြိုးစားကြပါတယ်။
အမျိုးသမီးဖြစ်သူက ဘာပြောလည်းဆိုတော့
ငါတို့ အစိုးရဆီကအထောက်အပံ့မယူရပဲ နေနိုင်တာကို ဂုဏ်ယူနေတယ်တဲ့။
System ကောင်းတာကို
အခွင့်ကောင်းယူပြီး အမြတ် ထုတ်ကြသူတွေ များလာရင်တော့။
Tuesday, 14 April 2015
တူမလေးနဲ့ အတူ
ဂျာမနီရောက်ကတည်းက ဆွေမျိုး အရင်အချာထဲက ပထမဆုံးကျမဆီလာလည်တာက
တူမလေးသူသူပါ။ ကျမ ဂျာမနီကိုထွက်လာတော့သူက ၂နှစ်ခွဲသာသာရှိသေးတယ်။
ကျမတို့ အိမ်လာလည်တိုင်း ကြီးကြီးအိသွား၊ ဒါသမီးအိမ်လို့ ပြောလေ့ရှိတယ်။
ဘယ်ကိုသွားရမှာလဲလို့ မေးတိုင်း သွား သောမတ်စ်ဆီကိုသွားဆိုပြီး ပြောလေ့ရှိတာ
မှတ်မိသေးပါတယ်။ ကျမနဲ့ ကိုသောမတ်စ်တို့ ရန်ကုန်ကို ပထမဆုံးပြန်လာတော့
သူသူလေဆိပ်ကိုလာကြို တယ်။ ကျမက သူသူနဲ့ တွေ့ ရင် ကိုက်စားလိုက်မယ်လို့ 
ပြောဖို့ ကိုသောမတ်စ်ကိုသင်ထားတယ်။ ကိုသောမတစ်ကလည်း လေဆိပ်မှာ ကလေးကို
တွေ့ တာနဲ့  ကိုက်စားပစ်လိုက်မယ်လို့ ပြောတော့ သူသူ့ ခမျာ တလမ်းလုံးငိုရှာတယ်။
ကျမတို့ နောက်နှစ်တွေ ရန်ကုန်ပြန်တိုင် သူသူနဲ့ တွေ့ ကြတယ်။ တနေ့ ရွှေတိဂုံဘုရားသွား
ကြတော့ လပြည့်နေ့ လူတွေများနေတော့ ကိုသောမတ်စ်မှာ သူသူ့ ကို ဂုန်းပိုးပြီး
ဘုရားပတ်ရတယ်။ ပြန်တွေးလိုက်ရင် အမှတ်ရစရာတွေအများကြီးပါ။
အခုတော့ သူသူ က ၁၈ နှစ်တောင်ရှိသွားပြီ။ သူ ၁၈နှစ်မွေးနေ့ ကို ဂျာမနီမှာ လုပ်ဖြစ်တယ်။
သူသူရောက်မလာခင် အများကြီးကြိုတင်ပြင်ဆင်ထားကြတယ်။ သူလာရင် ပျင်းမနေရအောင်၊
သူ့ အတွက် လာရတာအကျိုးရှိအောင် စဉ်းစားပြီးပြင်ဆင်ထားကြတယ်။
သူရောက်လာတော့ ကျမအတွက် တကယ်အဖေါ်ရပါတယ်။ အမျိုးတွေ အကြောင်း၊ မိတ်ဆွေ
တွေ အကြောင်း၊ ဟိုအကြောင်းဒီအကြောင်း ပြောကြတာစုံနေရော။ ရီစရာတွေပြော ရီကြတာ
လည်း ခဏခဏ၊ စားကြတာကလည်း ပြောမနေနဲ့ တော့။ ဟိုဟာချက်စာ.၊ဒီဟာဝယ်စားနဲ့ ။
ကျမလည်း ကိုယ်အလေးချိန်တိုးလာပြီ။
ကျမတို့ စနေတနင်္ဂနွေနေ့ တွေမှာ ခရီးထွက်ကြဖို့ စီစဉ်ထားတယ်။ ကြားရက်တွေက ကျမ
အလုပ်ရှိနေတော့ သူခမျာပျင်းနေရှာမှာ။ တော်ပါသေးရဲ့ ကျမကနေ့ လည်ဆိုပြန်ရောက်လို့ ။
သူသူကထင်ထားတာထက်လိမ္မာတယ်။ သတ္တိလည်းရှိတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျှော်စွာ
နေတတ်တယ်။ ဒီတပတ်တော့ သူသူ ကျမတို့ မြို့ က ဆေးရုံတစ်ရုံမှာ လေ့လာရေးဆင်းနေ
လေရဲ့ ။ သူပြန်လာရင် တနေ့ တာအတွေ့ အကြုံတွေပြောရင်း ရီကြရတယ်။
ဂျာမနီမှာ ကျမတို့ မိသားစုအပြင် တခြား ဂျာမန် တွေကြား သူ့ ကို အတွေ့ အကြုံရစေချင်တယ်။
သူတို့ တွေဘယ်လို အလုပ်လုပ်ကြတယ်၊ ဘယ်လို စနစ်တကျလုပ်ကြတယ်၊ဘယ်လိုပင်ပန်းတယ်
စသဖြင့်ဂျာမန်တွေရဲ့ ဓလေ့စရိုက်ကို လေ့လာစေချင်တယ်။
ခဏနေ သူသူပြန်လာတော့မှာ ဆိုတော့ ကျမ ထမင်းပွဲသွားပြင်လိုက်အုံးမယ်နော်။နောက်မှ
ဆက်ရေးပါအုံးမယ်။

Subscribe to:
Posts (Atom)