
့ကျမတို့ ကြိုက်တဲ့ မုန့် ပါ။ ရွရွလေးနဲ့ စားလို့  ကောင်းပါတယ်။
မြန်မာပြည်မှာလည်းရှိပါတယ်။ ဘယ်လိုခေါ်လည်းတော့မသိဘူး။
ဒီမှာတော့ Schweinsöhrchen (၀က်နားရွက်မုန့် ) လို့ ခေါ်ကြပါတယ်။
တနေ့ က မုန့် ဖုတ်နည်း စာအုပ်ထဲမှာတွေ့ တာနဲ့ စမ်းဖုတ်ကြည့်တာပါ။
တော်တော်လေးအဆင်ပြေပါတယ်။ အရသာလည်းရှိပါတယ်။
လိုအပ်တာတွေကတော့
ဂျုံမှုန့် ။ ။ ၃၅၀ ဂရမ်
Baking powder : လက်ဖက်ရည်ဇွန်း (၃) ဇွန်းတိတိ
Speisequark: ၂၅၀ ဂရမ်
ထောပတ် ။ ။ ၂၅၀ ဂရမ်
သကြား ။ ။ ၁၅၀ ဂရမ်
ပထမဆုံး ဂျုံ၊ Baking powder၊ Speisequarkနဲ့ တောပတ်သေးသေးလှီးထား
တာတွေကိုရော ပြီး ပြောင်ချောလာတဲ့အထိနယ်ပါ။ တော်တော်နယ်ရပါတယ်။


ပြီးရင် ဂျုံမှုန့် ဖြူးထားတဲ့ စားပွဲပေါ်မှာ 30x60 cm ရှိတဲ့ အပြားရအောင်
ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။

ရလာတဲ့ဂျုံပြားကို အလည်ကတ၀က်ခေါက်ပြီး နောက်ထပ်တ၀က်ထပ်ခေါက်ပါ။
ပြီးရင် cling film နဲ့ ပတ်ကာ ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။
နောက်နေ့ ကြတော့ စားပွဲပေါ်မှာ သကြားဖြူးပါ။ သကြားပေါ်မှာ
မနေ့ ကလုပ်ထားတဲ့ ဂျုံကို တင်ပြီး 22x50cm ရအောင် ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။
အနားတိုတဲ့ ၂ဘက်ကို အလယ် ဘက်ကိုခေါက်ပါ။ အနား၂ဘက် အလယ်မှာဆုံပါတယ်။
နောက်တခါ အဲ့ဒီလိုထပ်ခေါက်ပါ။ ဒီမှာကြည့်လို့ ရပါတယ်။
Ofen ကို 220°C ကြိုပြီး အပူပေးထားပါ။
မုန့် ဖုတ်တဲ့ ဘန်းပေါ် မှာ မုန့် ဖုတ်စက္ကူခင်းပါ။
ပြီရင် 1 cm ထူတဲ့ အချပ်လေးတွေလှီးပြီး မုန့် ဖုတ်တဲ့ ဘန်းပေါ် တင်ပါ။
ဝက်နားရွက်လေးတွေဖြစ်အောင် လက်နဲ့ ပုံဖေါ်ပါ။

၁၅မိနစ်လောက် စားပွဲပေါ်မှာထားထားပြီးမှ
Ofen အလယ်ဆင့်မှာ ၁၀မိနစ်ခန့် ဖုတ်ပါ။
တဖက်လှန်ပေးပြီး ပူနေတဲ့ မုန့် ဖုတ်တဲ့ ဘန်းပေါ်
မှာပဲ အအေးခံပေးပါ။
စားလို့ ပိုနေရင်ဘူးတဲမှာထည့်ပြီး သိမ်းထားလို့ ရပါတယ်။

8 comments:
စိတ်ဝင်စားစရာလေးတွေနော် အစ်မရေ။ မုန့်လုပ်နည်းလေးအတွက်ကျေးဇူးပါ။
လိပ်ပြာမုန့်လို့ခေါ်သလားလို့။ ရွှေပုစွန်မှာရတယ်လေ။
အရမ်းကြိုက်တာပဲ။ ညီမလေးတစ်ယောက်ခေါ်တာက စွယ်တော်ရွက်မုန့်တဲ့
ဘာနာမည်ဖြစ်ဖြစ် စားလို့ ကောင်းတယ်။း)
mm
သမီးက အသည်းပုံမုန့် ထင်လို့
သကြားပွင့်လေးတွေကပ်ပြီးတော့ ကြွပ်ကြွပ်လေးလေ
စားလို့ကောင်းတယ်
အစ်မက မုန့်လုပ်တာ စိတ်ရှည်တယ်နော်
နည်းနည်းကျွေး
း)
Merry Christmas ပါ အစ်မရှင်လေး
ငယ်ငယ်ကစားခဲ့ရတဲ့ လိပ်ပြာမုန့်မျိုးပဲ။ ညီမအရမ်းကြိုက်တာ။ ကြည့်ရင်းနဲ့တောင်စားချင်သွားပြီ။
Evy ညီမဆီကမုန့် နည်းလေးတွေလည်း နည်းယူထား တယ်။
mm ၊ လွတ်ငြိမ်းလေပြေ၊ ဇွန်မိုးစက် မုန့် နံမည်လေးတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။
မုန့် လုပ်ရမှာ စိတ်မရှည်ဆုံးပဲ အရမ်းလေးစားတယ် မမရှင်လေးရေ
လိပ်ပြာမုန့်ပါ...
Post a Comment