Saturday, 12 December 2009

မတူညီတဲ့  လူ့ အဖွဲ့ အစည်း နှစ်ခု

တနေ့  ကျမမိတ်ဆွေ ဂျာမန်အမျိုးသမီး တစ်ဦးအိမ်လာလည်ပါတယ်။ ဟိုပြောဒီပြော

နဲ့ ဂျာမန်လူ့ အဖွဲအစည်းအကြောင်းရောက်သွားတယ်။


အရင်တုန်းက ဂျာမန်မိသားစုတွေဟာ စည်းစည်းလုံးလုံးနဲ့  တယောက်နဲ့ တယောက်

ရိုင်းပင်းကြတယ်တဲ့။ ကျမတို့ အာရှတိုက်က မိသားစုတွေလိုပါပဲတဲ့။ အခုလက်ရှိ

အခြေအနေကတော့ တော်တော်လေးပြောင်းလဲနေပြီ။ မိသားစုပုံစံ၊ ပျိုးထောင်မှု

ပုံစံတွေက ပြောင်းလဲနေပြီ။ ဟုတ်တယ်။ ကျမ မြင်နေ၊တွေ့ နေ၊ ကြားနေ ရ တာ

တွေဟာ ကျမကြီးပြင်းလာတဲ့ပတ်ဝန်းကျင်နဲ့  တခြား စီပါပဲ။


ဒီမှာလူတွေက ကိုယ့်ကိုကိုယ် အဓိကထားကြတယ်။ ရှင်းရှင်းပြောရရင်တော့

တစ်ကိုယ်ကောင်းဆန်တယ်ပေါ့လေ။ ကလေးဘ၀ထဲက မိဘက ကိုယ့်ခြေပေါ်

ကိုယ်ရပ်တည်နိုင်အောင်ပျိုးထောင်ပေးတယ်။ ကလေးက ကိုယ့်ရဲ့ အတွေအကြုံ

ပေါ်မူတည်ပြီး အစစ သင်ယူရတယ်။ ဒီတော့ ကလေးက ငါလုပ်မှဖြစ်မှာ ၊

ငါသာအရေးပါတယ်။ ငါ့ကိုယ်ငါသာ ကိုးကွယ်ရာဖြစ်လာတယ်။

မြန်မာပြည်မှာတော့ မိဘက နွေးထွေးမှုကိုပေးတယ်။ အမှားမကြုံရအောင်

သူတို့ ရဲ့ အတွေ့ အကြုံတွေအရ နည်းလမ်းညွှန်ပြတယ်။ သားသမီးက

မိဘစကားကိုနားထောင်တယ်။ ယုံကြည်စွာနဲ့ နာခံတယ်။


ဒီက လူတွေက ငယ်ငယ်ကတည်းက ကိုယ်တတ်ကြောင်းသိကြောင်း

ထုတ်ဖေါ်ပြောတတ်ကြတယ်။ ဒီ တော့ ကလေးဘ၀ထဲက သူသိ၊သူတတ်၊

သူသာလျှင်အရေးအပါဆုံးလို့ ထင်ကြတယ်။ မြန်မာတွေကတော့ ကိုယ့်ကိုကိုယ်

နှိမ့်ချတတ်ဖို့ ၊ မထောင်လွှားဖို့ ၊မမောက်မာဖို့ ဆုံးမကြတယ်။ ကိုယ့်အလုပ်နဲ့ 

ကိုယ်သိကြောင်းတတ်ကြောင်းကိုပြတတ်ကြတယ်။


ကလေးတွေကြီးလာတော့ သူများပြောတာနားမထာင်ချင်တော့ဘူး။ သူများဆီ

ကမသင်ယူချင်တော့ဘူး။ လူကြီးတွေက အမြင်မတော်လို့ ဆုံးမတာကို နားမထောင်၊

လျှစ်လျူရှု့ ပြီး ပြန်ရန်တွေ့ နေတဲ့ လူငယ်တွေကို တွေ့ ဖူးးတယ်။ ကြာတော့ လူကြီး

တွေလည်း မပြောတော့ပဲ ဒီအတိုင်းပဲကြည့်နေလိုက်ကြတော့တယ်။

မြန်မာကလေးတွေကိုတော့ လူကြီးပြောစကားနားထောင်ဖို့ ၊ ပြန်မပြောဖို့ ၊

သူများဆုံးမရင်နာခံဖို့ လူကြီးတွေကဆုံးမကြတယ်။


ဒီနိုင်ငံမှာ မိဘနဲ့ သားသမီးကြား၊ မောင်နှမတွေကြား၊ လင်မယားကြား၊ ဆရာတပည့်

ကြား၊ လူကြီးလူငယ်ကြား၊ လုပ်ဖေါ်ကိုင်ဖက်တွေကြားမှာ ရိုသေလေးစားမှုတွေ နဲ

လာတယ်။ စည်းလုံးမှု၊ ညှာတာမှုတွေ နဲလာတယ်။ တာဝန်ယူချင်စိတ်တွေ နဲလာတယ်။

ငါဆိုတဲ့ အတ္တ အတွေးတွေပို များလာတယ်။ ငါလုပ်ချင်တာလုပ်လို့  မရတဲ့အခါမှာ စိတ်ဓါတ်တွေကျလာကြတယ်။ ဒေါသတွေကြီးလာကြတယ်။ အဆိုးဖက်ကမြင်လာ

ကြတယ်။ သူများအပေါ် အပြစ်ရှာကြတယ်။ အနတ္တ ကို မသိကြဘူး။ဒီလိုနဲ့  ပျော်ရွှင်မှု

တွေနဲလာကြတယ်။ အထီးကျန်ဆန်လာကြတယ်။


တခါတလေ သူတို့ ကို ပြသနာတခုခုကို ရင်ဖွင့်ပြမိရင် မနှစ်သိမ့်တတ်ဘူး။

အားမပေးတတ်ဘူး။ အကွဲ၊အပျက်ဘက်ကိုဦးတည်ပြီး အကြံပေးကြတယ်။

မြန်မာတွေကတော့ နှစ်သိမ့်အားပေးကြတယ်။ အပြုသဘောနဲ့  အကြံပေးကြတယ်။

အကောင်းဖက်က တွေးပေးကြတယ်။


ဒီလူ့ အသိုင်းအ၀ိုင်းထဲမှာနေနေတဲ့ ကျမ၊ ကိုယ့်ကိုကိုယ် တစ်ကိုယ်ုကောင်းမဆန်

မိအောင်၊ မမောက်မာမိအောင်သတိပေးနေရတယ်။ ချစ်စရာကောင်းတဲ့မြန်မာ့

ဓလေ့ကို လည်းပိုပြီးတန်ဖိုးထားလာရတယ်။ တခါတလေကြတော့လည်း

ကျမတို့ ရဲ့ နှိမ့်ချ၊ကျိုးနွံတတ်မှုဟာသူတို့ အမြင်မှာ ငတုံးငအလိုထင်ပြီး နှိမ်ချင်၊

အနိုင်ကျင့်ချင်ကြတယ်။ စမ်းကြည့်ကြတာပေါ့လေ။ တဖြေးဖြေးနဲ့ တော့ ကျမတို့ ရဲ့ 

နှိမ့်ချ၊ကျိုးနွံတတ်မှု စတဲ့ ဓလေ့တွေကို သူတို့ နားလည် လာကြပါတယ်။

အဲ နားမလည်နိုင်တဲ့သူဆိုရင်တော့ အဲ့ဒီသူကို အတတ်နိုင်ဆုံးရှောင် နေလိုက်ပါတယ်။

7 comments:

rose of sharon said...

ဟုတ်တယ်... တခါတလေ သဘောကောင်းတာကို ငပေါလို့ထင်တဲ့သူတွေရှိတယ်... သူတို့လူမျိုးတွေက သူတို့စရိုက်နဲ့မတူရင် ဂေါက်တယ်ထင်တတ်ကြသေးတာ... (ကိုယ်နေတဲ့နေရာကလူတွေကိုပြောတာနော်... ဂျာမန်တွေအကြောင်း ရှင်လေးပြောသလောက်ဘဲသိတာ)

ksanchaung said...

ဆုတ်ကပ်ကို ရောက်နေပြီလို့ ပြောကြတယ်။ မြန်မာတွေကြားထဲမှာလည်း ဒီလိုအတ္တဆန်တာမျိုးတွေ အနှေးနဲ့အမြန် တွေ့ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသက်ရှင်တဲ့အခိုက်အတန့် မကောင်းတာတွေပယ်ပြီး အကောင်းဆုံးနေပြသွားနိုင်ဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။

PAUK said...

ဒီက သတင်းလိုင်းဆို ဖွင့်ကို မဖွင့်သလောက်ပါပဲ။။
စိတ်မချမ်းသာလွန်းလို့ပါ။။

လသာည said...

မြန်မာတို့ရဲ့ ဓလေ့စရိုက်ကောင်းကွက်တွေကို မီးမောင်းထိုးတင်ပြပေးသွားတာ အရမ်းကိုဖတ်လို့ကောင်းပါတယ်

momiji said...

I like this post. i can see gd point and bed point.

But,... I think some r now disappear in MM.

ဇွန်မိုးစက် said...

ရုံးမှာလည်း ကိုယ့်ထက်အသက်အရွယ်နဲ့ ရာထူးကြီးသူတွေကို တလေးတစားနဲ့ဆက်ဆံရင်တောင် ခပ်တုံးတုံးအအလို့ အထင်ခံရသေးတယ်။ ညီမတို့အနေနဲ့တော့ ဘယ်နေရာရောက်ရောက် ချစ်စရာကောင်းတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့တွေကို မစွန့်လွှတ်ဘဲ စွဲမြဲကျင့်သုံးနေဆဲပါ။

Shinlay said...

လာလည်ကြတာကျေးဇူးတင်ပါတယ်။