India မှာ ဗုဒ္ဓဂါယာအပြင် ဗာရာဏသီ၊ ရာဇဂြိုဟ်၊
ကုသိနာရုံ၊မိဂဒါဝုန်၊ နီပေါမှာရှိတဲ့ လုမ္ပိနီ စတဲ့နေရာ
တွေကိုသွားလေ့လာလို့ ရပါတယ်။ အဲ့ဒီနေရာတွေကတော့
ကျမတို ငယ်ငယ်ကတည်းက ပုံပြင်တွေထဲ၊ စာတွေထဲမှာ
ကြားဘူးနေကြနေရာတွေပါ။ ကျမတို့ ကတော့
အချိန်ကလည်းနဲ၊ Thomas ကလည်းဘုန်းကြီးဝတ်
ဆိုတော့ ဗုဒ္ဓဂါယာမှာပဲနေလိုက်ပါတယ်။ တခြားနေရာတွေကိုသွားလည်ချင်ရင်တော့
ဘုန်းကြီးကျောင်းမှာရှိတဲ့ မြန်မာဘုရားဖူးအဖွဲ့ ကိုယ်စာလှယ်တွေနဲ့ ဆက်သွယ်စီစဉ်လို့ 
ရပါတယ်။
ဗုဒ္ဓဂါယာမှာတော့ မြန်မာကျောင်း(ဟောင်း)မှာတည်းပါတယ်။ အခုဆို မြန်မာပြည်က ကျောင်း
(၅)ကျောင်းတောင်ရှိနေပြီ။ မြန်မာကျောင်း(ဟောင်း)မှာ ဆရာတော်နဲ့ သံဃာ (၁၀)ပါးခန့် ရှိ
ပါတယ်။ ကျောင်းဝင်းထဲမှာ တည်းခိုဆောင်တွေရှိပါတယ်။ကုတင်၊ ဂွမ်းကပ်၊ စောင်၊ခြင်တောင်
တို့ ပေးထားပါတယ်။ ကျမတို့ ကမသိတော့ ဒီကနေသယ်သွားရတော့ သယ်ရတာ
လေးတာပေါ့။ရေချိုးခန်း၊ အိမ်သာတွေကလည်းသန့် ရှင်တယ်။ သောက်ရေသန့် 
စက်လည်းရှိတော့သောက်ရေအတွက်လည်းမပူရပါဘူး။ တည်းခိုရတာ အလွန်အဆင်
်ပြေပါတယ်။
လိုရမယ်ရ လက်နှိပ်ဓါတ်မီးလေးဆောင်သွားနော်။ မီးပျက်တတ်တယ်။ ခဏပါပဲ။
ဗုဒ္ဓဂါယာမှာ အောက်တိုဘာ

ကျမတို့ သွားတဲ့ ဒီဇင်ဘာလကုန်ခါနီးမှာတော့ တော်တော်
လေးအေးပါတယ်။ခန့် မှန်းချေ (10°C)လောက်ရှိမယ်။
မနက်အစောပိုင်းနဲ့  ညပိုင်းတွေဆို တော်တော်လေး
အေးပါတယ်။
ကျမတို့ ရောက်နေတဲ့အချိန်မှာ တိဘက် မဟာယန
အဖွဲ့ တွေရဲ့ ပူဇော်ပွဲရှိတော့ ဘုရားဖူးရတာ တိတ်တိတ်ဆိတ်ဆိတ်မရှိဘူး။ လူတွေလည်း
အလွန်များပါတယ်။ ထေရ၀ါဒပူဇော်ပွဲ (ဒီမှာကြည့်ပါ။) အချိန်လည်းရှိပါတယ်။
နောင်နှစ်တော့ ၄.၁၂.၁၀ ကနေ ၁၄.၁၂.၁၀ အထိကျင်းပမှာပါ။
ကျမတို့ ရှိနေချိန်မှာ မြန်မာပြည်ကလာတဲ့ ဘုရားဖူးအဖွဲ့ တွေနဲ့ လည်းကြုံခဲ့ရပါသေးတယ်။
တခြားနိုင်ငံမှာ ဒီလောက်များတဲ့မြန်မာတွေကိုတွေ့ ရတော့ ကျမတော့သိပ်ပျော်တာပဲ။
ဒီမှာကမြန်မာနဲတယ်လေ။ ရက်ရှည်လာပြီးဘုရားဖူးကြတယ် မိတ်ဆွေ ၃ယောက်နဲ့ 
ရင်းရင်းနှီးနှီးခင်မင်ခဲ့ရတယ်။ အဖေါ်ငတ်နေတဲ့ကျမအတွက်တော့ ပျော်စရာပေါ့။
မြန်မာပြည်ကလာတဲ့ ဘုရားဖူးအဖွဲ့ တွေရှိရင် ကျောင်းဝန်းထဲမှာ ဈေးဆိုင်လေးတွေ
လာဖွင့်ပြီ လက်ဆောင်ပစ္စည်းလေးတွေလာရောင်းကြတယ်။ တချို့ ကမြန်မာလိုတောင်
်ပြောနိုင်တယ်။ ရောင်းတဲ့ပစ္စည

ဘုရားဆင်းတုတွေ၊ဘုရားပုံတော်တွေ၊ လက်ဝတ်လက်စား
အလှအပတွေပေါ့။ အဲ့ဒီလူတွေထဲမှာဒေါ်မာယာလည်း
အပါအ၀င်ပေါ့။ သူကသာယာဝတီသူဆိုပဲ။ မြန်မာလို
ကောင်းကောင်းပြောတတ်တယ်။ လက်ဆောင်တွေလည်း
ပေးတတ်တယ်။ မုန့် လည်းကျွေးတယ်။
ဘုရားဘေးမှာတော့ ဘုရားဈေးက အကြီးကြီးပဲ။ လူတွေလည်း
အများကြီးပဲ။ ပျော်စရာကြီး။ ဈေးသည်တွေကတော့ အိန္ဒိယလူမျိုး
တွေ၊ တိဘက်လူ

သေးတယ်။မြန်မာပြည်ကဘုရားပွဲဈေးလိုပဲ။

ု
်ပစ္စည်းတွေကတော့အစုံပါပဲ။ ကျောက်ပုတီးတွေ၊ အ၀တ်အထည်တွေများပါတယ်။
ဈေးတော့တော်တော်လေးခွာဆစ်ရပါတယ်။
အဲ့ဒီမှာ အ၀တ်အထည်တွေရောင်းတဲ့ ဆိုင်ကြီးတွေလည်းရှိတယ်။ ချည်ထည်လေးတွေ
ဈေးတန်သလို ကောင်းလည်းကောင်းပါတယ်။
ဘုရားပန်းတွေ၊ အမွှေးတိုင်တွေလည်းပူဇော်ဖို့ ရောင်းပါတယ်။ ဘုရားမီးပူဇော်ဖို့ ၊
အေမႊးတိုင္ပူေ

်

ပိုက်ဆံလဲတာတော့ ကျမတို့ က ဂျာမနီမှာတချို့ လဲခဲ့ပါတယ်။ ဂါယာလေဆိပ်မှာ
လဲလို့ ရပေမဲ့ ဈေးအလွန်နဲပါတယ်။ ဟိုတယ်မှာလည်းလဲလို့ ရပါတယ်။
ဘုရားနားမှာလည်း ငွေလဲကောင်တာရှိပါတယ်။

အစားသောက်ကတော့ ကျမတို့ ဘုန်းကြီးကျောင်း
မှာပဲစားကြပါတယ်။မနက် (၆)နာရီဆို မနက်စာစားရပြီး၊
(၁၁)နာရီမှာနေ့ လည်စာ၊ညနေ (၆)နာရီမှာ
ညစာစားရပါတယ်။ ဘုန်းကြီးကျောင်းမှာ စားဖိုမှုးကြီး
နှစ်ယောက်ရှိပါတယ်။
ကျမလည်း မီးဖိုထဲမှာလုပ်အားပေးခဲ့သေးတယ်။ စားချင်နေတဲ့၊ မစားရတာကြာတဲ့အစားအစာတွေတ၀ကြီးစားခဲ့ပါတယ်။
ကျမစားခဲ့တာလေးတွေနောက်Post မှပဲတင်ပေးတော့မယ်နော်။
4 comments:
Sehr interessant, möchte auch irgendwann mal besuchen. Wie viel muss man für die Übernachtung beim Kloster bezahlen? Oder nur Spende?
nicht genau. Du kannst spenden was du
cetana hast.
နဂိုတည်းက သွားချင်စိတ်ရှိတဲ့နေရာတစ်ခုမို့လား မသိဘူး၊ အစ်မရးတာဖတ်ပြီး အရမ်းသွားလည်ချင်လာတယ်။ ဒီနှစ်တော့ လည်နိုင်အုံးမယ်မထင်ဘူး။ အစ်မနေကောင်းသွားပြီလား၊ ရာသီဥတုအေးတော့ ကျန်းမာရေးဂရုစိုက်ပါနော်။
ဘုရားဖူးခရီးစဉ်လေးတွေလာဖတ်သွားပါတယ် အစ်မရေ။
Post a Comment