
မနက်ဖြန် တပို့ တွဲလပြည့်နေ့ ။ မနက်ဆွမ်းကပ်ရအောင် ထမနဲ ထိုးဖြစ်ပါတယ်။
ငယ်ငယ်တုန်းက ဒီရာသီရောက်ရင် သူငယ်ချင်း juniorwin ခြံထဲမှာ ထမနဲပွဲလုပ်လေ့
ရှိတယ်။ အဲ့ဒီအချိန်ကစပြီး တပို့ တွဲလနဲ့  ထမနဲပွဲကို ရင်းနှီးလာခဲ့ရတာပါ။
့ မေမေကြီး ဒေါ်ခင်မျိုးချစ် ရေးထားတဲ့ ထမနဲပွဲ အကြောင်းလေး ကိုဒီမှာဖတ်ကြည့် လို့ 
ရပါတယ်။
ရန်ကုန်မှာတုန်းကတော့ အိမ်မှာ တခါမှ ထမနဲ မထိုးဖြစ်ပါဘူး။ ခပ်လွယ်လွယ်
ဝယ်စားလိုက်တာပါပဲလေ။ ဒီရောက်တော့မှ ကိုယ်တိုင်လုပ်ရတော့တာ။
ဒီနေ့ တော့ တစ်ယောက်ထဲပဲ။ အဖေါ်မပါ၊ အတီးအမှုတ်မပါတဲ့ ထမနဲပွဲ လေးကို
ကျမတစ်ယောက်ထဲကျင်းပလိုက်ပါတယ်။ လက်တွေတောင်နာနေပြီ။
မနက်ဖြန်တော့ အာရုံဆွမ်းကပ်ပြီ။ မြန်မာမိတ်ဆွေ တစ်ယောက်အိမ် ဝေလိုက်အုံးမယ်။
11 comments:
ထမနဲ ပါဆယ်တစ်ထုပ်ပို့ပေးပါ။ :)
မရှင်လေး ထမနဲ ပုံလေးတွေ တင်ပါဦး
မရှင်လေးရေ...
ထမနဲ စားချင်တယ်...
ပုံပြပါဦး မရှင်လေး
အစ်မရေ အရုဏ်ဆွမ်းအတွက် သာဓုခေါ်ပါတယ်။
ပုံလေးတွေ မတင်တော့ဘူးလား။း)
သာဓုခေါ်ပါတယ်။စားချင်တယ်.
အမရေ..
ပုံလေးလဲပြလေ..
ကျနော့်ကို ငှက်ပျောဖတ်လေးနဲ့ထုပ်ပီး ၁ယောက်စာလောက်ပေးပါ။
ပုံက ဆွမ်းခူးပြီးမှရိုက်ရလို့ နောက်ကျသွားတာပါ။
သူငယ်ချင်းများအားကျေးဇူးတင်လျှက်။။။။
မမရှင်လေး..
ထမနဲ အရမ်းစားချင်နေတာ။ အခုလာစားတာနော်..။
ထမနဲဆို မြန်မာပြန်မှပဲ စားဖြစ်တော့တယ်။။
အခုတော့..
မရှင်လေးထမနှဲကို လာစားပါတယ်။။
ဘာလိုလိုနဲ့ ထမနဲပွဲချိန်တောင် ရောက်လာပြန်ပြီနော်..
အချိန်တွေက မြန်လိုက်တာ..တရက်ပြီးတရက် တလပြီးတလ တနှစ်ပြီးတနှစ်...ခဏလေးလိုပဲ....
အာရုဏ်ဆွမ်းကို ထမနဲကပ်တာ သာဓုပါရှင်လေးရေ...
Post a Comment