Ketsch မြို့ မှာ လောနိုင်ငံကဘုန်းကြီး
ကျောင်းရှိပါတယ်။ အဲ့ဒီမှာ နှစ်ဆန်းပွဲ
လုပ်တာနဲ့ ကျမတို့ သွားဖြစ်ကြပါတယ်။
အိန္ဒိယကရောက်နေတဲ့ ဦးပဉ္ဇင်းလည်း
ပါတာပေါ့။ လောလူမျိုးတွေက မြန်မာတွေလိုပဲ
ထမီတွေဝတ်ကြတယ်။ မြန်မာနိုင်ငံက ဘုရား
ပွဲတခုကိုရောက်နေသလိုပါပဲ။ သံဃာတွေကိုဆွမ်း၊လှူဖွယ်ဝတ္ထုတွေလောင်းကြတယ်။
အစားသောက်ကလည်း စုံလို့ ပဲ။ ယိုးဒယားအစားအစာနဲ့ ပစ္စည်းတွေ
လည်းရောင်းကြတယ်။ ဈေးလည်းဝယ်ခဲ့သေးတယ်။
အိမ်မှာဆွမ်းကပ်ဖြစ်ပါတယ်။ သူငယ်ချင်း
တွေလည်းလာကြတယ်။ အဝေးက လာကြရတဲ့
သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
သီလယူ။ တရားနာ၊ဆွမ်းကပ်နဲ့  ပျော်စရာ
ကောင်းတဲ့နေ့ လေးတနေ့ ပါ။ သူတို့ ပြန်သွား
တော့လွမ်းကျန်ခဲ့တယ်။
၁၇.၀၄.၁၀
Ketsch က အပြန်မှာပါ။
7 comments:
Hi..sind die Gäste weg?
အစ်မရှင်လေး ပြုခဲ့တဲ့ကုသိုလ်တွေအတွက် သာဓုပါနော်။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ။း)
အစ်မရှင်လေးရေ..
အလှူလေးကို ကြည်နှုးစွာ သာဓုခေါ်မိပါတယ်..။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..
အစ်မရှင်လေးရေ ကြည်နူးစရာကောင်းလိုက်တာ။ လှူကံကြုံလို့ လှူခွင့်ရတာပါအစ်မ။ ဒါထက်မက လှူနိုင်ပါစေ။
သာဓု သာဓု သာဓု ပါ အစ်မ။
shinlay yae .... Ich will dabei sein, mit vielen Freunden .... und viele Nahrungsmittel .
သာဓု သာဓု သာဓု
မရှင်လေးရဲ့ အလှူဓာတ်ပုံတွေ ကြည့်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ... အခုလို အလှူလုပ်ခွင့်ရတာလည်း ကံကောင်းခြင်းပဲ အမရေ.. ကျနော်တို့ဆို အိုဆာကာမှာ ဘုန်းကြီးကျောင်းမရှိ၊ ဘုန်းကြီးမရှိဆိုတော့ ကိုယ်တိုင် အလှူလုပ်ခွင့်မကြုံသေးဘူး အမ..
ကုသိုလ်ကောင်းမှုအားလုံးအတွက် သာဓု..သာဓု.. သာဓု..ပါ။
ပန်းဝါဝါတွေလည်း မတွေ့ပါလား...
းဝ)
Post a Comment