၂၄.၀၄.၁၀ မှာတော့ ကျမတို့  ပြင်သစ်နိုင်ငံ
Nancy မြို့ ကိုသွားလည်ဖြစ်ကြပါတယ်။
ကျမတို့ မြို့ ကနေဆိုရင် (၂)နာရီကျော်ကျော်
လောက်မောင်းရပါတယ်။
မြို့ ထဲရောက်တော့ သွားရမဲ့နေရာရှာမရတာနဲ့ 
ဟိုမေးဒီမေးနဲ့ ...ကျမရဲ့ ပြင်သစ်စကားကလည်း
ခပ်ပျက်ပျက်ဆိုတော့တော်တော်မေးရတယ်။
ဒါပေမဲ့ သဘောကောင်းကြတဲ့ပင်သစ်လူမျိုးတွေ
ကစိတ်ရှည်လက်ရှည်ရှင်းပြကြတယ်။ နောက်ဆုံးတော့
အမျိုးသားတဦးက သူ့ ကားနောက်ကလိုက်ခဲ့ဖို့ ပြောတာနဲ့  အဆင်ပြေစွာနဲ့ သွားချင်တဲ့
နေရာကိုရောက်သွားတယ်။ အဲ့ဒီလူခမျာ တကူးတက
လိုက်ပို့ ပေးရရှာတာ။ ကျမတို့  အားလုံးသူ့ ကို ကျေးဇူးတင်ကြတယ်။
ယုန်သားဟင်း၊ ကြက်ဥနဲ့  ခရင်နဲ့ ချက်ထားတာ၊
သခွားသီးသုပ်၊မုန်ညင်းရွက်ကြော်တယ်။ သူငယ်ချင်းက
ချဉ်ရည်ဟင်းစားချင်တယ်ဆိုလို့ ကျမကသီးစုံ
ကုလားဟင်းချက်သွားတယ်။
ဦးဇင်းကိုဆွမ်းကပ်၊ ကျမတို့ စားသောက်ပြီးတော့
ပြီတော့မြို့ ထဲကိုလျှောက်လည်ကြပါတယ်။
အလွန်သာယာပါတယ်။
ပထမတော့ Parc de la Pépinière
ပန်းခြံထဲလျှောက်ကြတယ်။
နောက်တော့ place Stanislas,
Contre jour sur la place Stan,
Arc de Triomphe, Cathedrale de Nancy
စတဲ့နေရာတွေ လျှောက်ကြည့်ကြတယ်။ ကြုံတောင့်ကြုံခဲ ကောင်ကင်ပြာပြာ
အောက်မှာ သိပ်လှတဲ့ Nancy မြို့လေးကို အခုထိ မျက်စိထဲမြင်နေတုန်းပါပဲ။
မြို့ ထဲကပုံတချို့ ပါ။ စက်ဘီးငှားစီးမလ
6 comments:
အဲ့မြို့လေးက အေးချမ်းသာယာမဲ့ပုံလေး..
စက်ဘီးနဲ့လည်ရရင် ပိုကောင်းမယ်..
ယုန်သားဟင်းတော့ မစားရဲဘူး..
ပေါက်
သွားလည်ချင်လိုက်တာ ...။ တကယ်ပဲ ကောင်းကင်ပြာအောက်က မြို့လေးနော်။
တို့အဲဒီနားက ကားဖြတ်မောင်းတာစီးဘူးတယ်။
ပျော်စရာကြီးနော်...အခုရာသီဥတုက လည်လို့တကယ်ကောင်းလာပြီ..ကောင်းကင်ပြာပြာ နေရောင်နွေးနွေးကို စောင့်ခဲ့ရတာ တမေ့တမောပဲ...
ဟင်းချက်ပြီးယူလာပေးတယ်ဆိုလို့ အိမ်လည်တောင် ခေါ်ချင်သွားပြီ...
းဝ)
သွားလည်ချင်စရာ မြို့ လေးပဲ အစ်မရှင်လေး။
အစ်မက ပြင်သစ်လို လဲပြောတတ်တာပဲလား အစ်မ တော်လိုက်တာ။
Post a Comment