Sunday 9 May 2010

ကျမ နဲ့ ကြက်သွန်ဖြူ


ကျမက ကြက်သွန်ဖြူအလွန်ကြိုက်ပါတယ်။
အထူးသဖြင့်ထမင်းသုပ်၊ အသုပ်စုံ၊
ငါးထမင်းချဉ်တို့ နဲ့ ဆိုရင် ကြက်သွန်ဖြူ
ပါမှ အရာသာပြည့်စုံတယ်လို့ ထင်ပါတယ်။
ဒီမှာဝယ်လို့ ရတဲ့ ကြက်သွန်ဖြူက အမွှာ ကြီး
တဲ့ အမျိုးပါ။ မြန်မာပြည်က
ဥတစ်လုံး လေးတွေလို တော့ မကောင်းပါဘူး။ စပ်လည်းစပ်၊
ပိုလည်းအနံ့ ပြင်းပါတယ်။ ဒါပေမဲ့ ကျမက တော့ ကြိုက်ပါတယ်။

အိမ်မှာ ကြက်သွန်ဖြူအမြဲရှိသလို၊ ကြက်သွန်ဖြူဆီချက်လည်း
အမြဲလိုလိုရှိပါတယ်။ ချက်တဲ့ဟင်းတိုင်းမှာ လည်း ကြက်သွန်ဖြူ
ပါမှပါ။

Thomasကတော့ တော်ရုံတန်ရုံ အနံလောက်ကို ခံနိုင်ရည်ရှိနေပါပြီ။
ဒါတောင်ကျမ ကြက်သွန်ဖြူစားထားရင် ကြက်သွန်ဖြူတွေစားထားပြန်ပြီ
လားလို့ မေးလေ့ရှိပါတယ်။ ကျမကလည်း အနံ ဒီလောက်ဆိုးမယ်မထင်တော့
ပုံမှန်ပဲ ဟုတ်တယ်ပေါ့။

တနေ့ မိတ်ဆွေတယောက်အိမ်သွားလည်တော့ ထုံးစံအတိုင်း
နှုတ်ဆက် အနမ်းတွေပေးကြရင်း သူမက နင် ကြက်သွန်ဖြူတွေ
စားလာသလားလို့ ဟန်မဆောင်နိုင်ပဲမေးရှာ( ပြောရှာ) ပါတယ်။
အဲ့ဒီတော့မှ ကျမလည်း ကြက်သွန်ဖြူအနံ့ ကို သတိထားလာမိပြီး
ရှိုးတိုးရှန်းတန်း ဖြစ်သွားတယ်။
အိမ်ရောက်လို့  Thomas ကိုပြောပြတော့... ဟုတ်တယ်။ သူလည်း
ကြက်သွန်ဖြူအနံ့ ကို တော်တော်မကြိုက်တာတဲ့။
အစပိုင်းတုန်းက ဒါဘာအနံ့ မှန်း မသိဘူးဆိုပဲ။ ကျမဆီက အမြဲတမ်း
ဒီအနံ့ သာရနေရင်....ဒုက္ခ လို့ တောင်တွေးမိဖူးသတဲ့။

အဲ့ဒီနေ့ ကစပြီး ကျမလည်း ကျမကြိုက်တဲ့ ကြက်သွန်ဖြူကို တဖြေးဖြေး
စွန့် လွှတ်ခဲ့ရတယ်။ စားချင်လွန်းရင် သောကြာနေ့ အလုပ်ကပြန်လာရင်
စားဖြစ်တယ်။ ဟင်းချိုထဲမှာ အမွှာလိုက်ထဲ့ပြုပ်ပြီးစားတယ်။ အစိမ်းလိုက်
စားဖို့ တော့ အလုပ်မရှိတဲ့ရက်တွေ၊ အပြင်သွားစရာမရှိတဲ့ရက်တွေမှာပဲ
စားဖြစ်တော့ပါတယ်။

တခါကလည်း ရန်ကုန်ကလာလည်တဲ့ မိတ်ဆွေ တယောက်က သူ တည်းတဲ့
အိမ်မှာ ကြက်သွန်ဖြူမစားရလို့ ၊ ကျမအိမ်ရောက်တာနဲ့ လက်ဖက်သုပ်နဲ့ 
အပြတ်စားထဲ့လိုက်တာ။ နောက်နေ့ သူ့ အိမ်ကလာခေါ်တော့ ကျမတို့ ဆီ
ကကြက်သွန်ဖြူနံ့ တွေ ဟောင်ဟောင်ထနေတာနဲ့ သူ့ အိမ်ရှင်တွေ
စိတ်ပျက်သွားဖူးတယ်။

ပြီးခဲ့တဲ့  တပတ်က လူတယောက် ကျမတို့ ဆီမှာ လာကူလုပ်ပေးနေတဲ့ နေ့ 
ပေါ့။ အလုပ်မှာ ဆရာဝန်က တံခါးမကြီးကို ဖွင့်ထားတယ်။
ကျမက သူ ပိတ်ဖို့ မေ့သွားလို့ ထင်ပြီးပြန်ပိတ်။ သူကပြန်ဖွင့်နဲ့ ။
နောက်တော့ကျမဆီလာပြီး အဲ့ဒီလူက ကြက်သွန်ဖြူတွေစားလာတယ်တဲ့၊
အနံ့ တွေနံနေလို့ သူက တံခါးကိုဖွင့်ထားတာတဲ့။

သြော်...တော်ပါသေးရဲ့ ကျမကြက်သွန်ဖြူမစားတော့တာ ကြာပြီမို့ လို့ ။
တော်ကြာ ကိုယ့်ဆီကများလားလို့  ...စိတ်မလုံဖြစ်နေမိအုံးမှာ။
ဒါကြောင့် ဂျာမနီမှာပြောလေ့ရှိတာက Knoblauch macht einsam တဲ့။
ကြက်သွန်ဖြူက အထီကျန်စေတယ်တဲ့။
သူတို့ တွေလည်း ကြက်သွန်ဖြူပါတဲ့ အစားအစာတွေ စားကြတာပါပဲ။
သူတို့ လည်းကျမလိုပဲ ကြုံဖူးကြမှာပါပဲလေ။

ကြက်သွန်ဖြူစားပြီးရင် နွားနို့ သောက်ရတယ်။ ပန်းသီးစားရတယ်။
သွားတိုက်။ ပီကေ၀ါး၊ ဆန်ဝါး၊ ထန်းလျှက်စား.... စုံနေအောင်
ကြိုးစားဖူးပေမဲ့ ကျမစားတာပဲ များနေလို့ လား၊ ကြက်သွန်ဖြူကပဲ
အနံ့ ပြင်းနေလားမသိ။ အခုတော့ ကြက်သွန်ဖြူနဲ့  ခပ်ဝေးဝေးနေ
နေရတာကြာနေပြီ။

12 comments:

စူးနွယ်လေး said...

Ich kann darauf noch nichtverzichten. Immer wenn ich koche, ist es mit Knoblauch. Aber roh esse ich nur wenn ich zu Hause bin. :(

Anonymous said...

အဲလိုကြက်သွန်ဖြူအကြီးတွေအစိမ်းလုံးဝမစားနိုင်ဘူး။ မွှန်ပြီးစပ်လွန်းလို့

စူးနွယ်

ဇွန်မိုးစက် said...

ကြက်သွန်ဆို အဖြူရော အနီပါ ကြိုက်တယ်။ အစိမ်းလိုက်ဖြစ်ဖြစ်၊ ဟင်းချိုထဲ ထည့်ခတ်တာဖြစ်ဖြစ် စားတယ်။ အစ်မတို့ဆီမှာ ပိုဆိုးမှာပေါ့။ ဒီမှာတောင် လက်ဖက်တွေဘာတွေ ကြက်သွန်ဖြူထည့်ပြီး အကျအနစားပြီးရင် အပြင်မထွက်ခင် သွားအရင်တိုက်ရတယ်။

မြတ်နိုး said...

ကျနော်ကအစိမ်းမကြိုက်ဘူး။ ဟင်းချက်မှသုံးတာ။
အမ..ဟင်းထဲမှာထည့်စားရင်ရော အနံ့နံလားဟင်။ ကျနော်ကတော့မနံဘူးထင်တာပဲ။

မီးမီး said...

ဟီး :)
ရှင်လေးနဲ့တွေ့တုံးကလုံးဝမနံပါ
အာမခံပါသည်

မြစ်ချေသူ said...

အစ်မကြက်သွန်ဖြူ ကြိုက်တာကြီးက ကြောက်စရာကြီးးး
ဟင်ချိုထဲမှာ အမွှာလိုက်ကြီးတောင်ထဲ့ပြုပ်စားတာ ဟီးးး

ညီမတို့ ကတော့ အမေ့အမွေရထားတာ ကြက်သွန်ဖြူမှ ကြက်သွန်ဖြူပဲ။

ဘာဖြစ်လိုများ သူများမကြိုက်တဲ့ နံတဲ့ အစာတွေကို မှ ကိုယ်ကကြိုက်တတ်နေရတာလဲ မသိဘူး) ကြက်သွန်ဖြူ၊ ဒညှင်းသီ၊ လဘက်၊ဒူးရင်းသီး၊ငပိရည်... အကုန်ကြိုက် :p

Anonymous said...

ကြက်သွန်ဖြူနံ့ဆိုးလွန်းလို့ သွေးစုပ်ဖုတ်ကောင်တွေ ပြေးတာနေမယ်နော်..ရုပ်ရှင်ထဲမှာတွေ့ဖူးတာပါ။

ထမင်းလေးကို ငန်ပြာရည်ဆမ်း၊ ငရုတ်သီးမှုန့် များများနဲ့ ခပ်စပ်စပ်လေး ဖြစ်အောင်နယ်.. ကြက်သွန်ဖြူ..လေးကိုက်လိုက် ရေနွေးကြမ်းလေး နဲ့သောက်လိုက်နဲ့......... မိုက်မှမိုက်..
အပြင်သွားခါနီးတော့ မစားရဲဘူး။
mm

Shinlay said...

စူးနွယ်၊ ဇွန်မိုးစက်၊ မြတ်နိုး၊ မီးမီး၊ မြစ်ချေကညီမ၊ နဲ့ 
mm....
ကြက်သွန်ဖြူ ကဟင်းထဲထဲ့ချက်ရင်မနံပေမဲ့။
ကျမကလည်း အစိမ်းတို့ စားရတာကြိုက်တာကိုး။။။
မနေ့ ကတောင် တစ်တက် စားဖြစ်သေးတယ်။ ဒီနေ့ 
အလုပ်ပိတ်တယ်လေ။။။။။
မနက်ဖြန် အိမ်ကလူ ခရီးသွားအုံးမှာ ၊ စနေ၊တနင်္ဂနွေ
အလုပ်ကပိတ်တော့..... နံမယ်ဗျို့ .....

လသာည said...

ညီမလည်း လက်ဖက်သုတ် ဆိုရင် ကြက်သွန်ဖြူလေး၊ ငရုတ်သီးစိမ်းလေး ကိုက်စားရမှ စိတ်ကျေနပ်တာလေ..

ကြက်သွန်ဖြူနံတော့လည်း လက်ဖက်သုတ်စားခွင့်ရတဲ့ရက်က နည်းသွားတာပေါ့ ;'(

လုလု said...

မမရှင်လေးရေ့ 
အသုပ်နဲ့ ကြက်သွန်ဖြူက ဘယ်လိုမှ ခွဲမရဘူးလေ၊ ဒီကြားထဲ အစာများများစားမိတဲ့အခါဆို ရင် အစာကြေအောင်၊ လေလည်အောင်လို့ ကြက်သွန်ဖြူလေး ကိုက်စားရသေးတာကိုး။ ဘယ်လောက်ပဲ ပါးစပ်နံတယ်ပြောပြော ခေါက်ဆွဲကြော်၊ ကြာဆံကြော စတာတွေနဲ့ စားဖို့လုပ်တဲ့ အချဉ်တွေထဲလည်း ကြက်သွန်ဖြူလေး ပါမှ အနံ့အရသာ ပြည့်စုံတာကိုးနော်။ အဲ့ဒီတော့လည်း နံလည်း စားမိဦးမှာပဲနော်။ သည်းခံကြပါကုန်လို့ပဲ ပြောရတော့မှာပေါ့နော်။

Anonymous said...

မရှင်လေးက ရီလဲရီရတယ်၊ အမရေးထားတာတွေက တချို.တွေရေးသလို “ပဲ”မများဘူး။
ကြိုက်တယ်။ အမရေးထားတာ ရိုးရိုးရှင်းရှင်းနဲ.

ကျမရဲ.အမျိုးသားဆိုလဲ ကြက်သွန်ဖြူကြိုက်လိုက်တာမှ၊
အလုပ်သွားတဲ.ရက်တောင်မရှောင်ဘူး။
သူကသိပ်လဲဂရုမစိုက်ဘူး။ဘာဖြစ်လဲစားမှာဘဲ ဆိုဘဲ။

khin oo may said...

တို့လဲကြိုက်တယ်.ဒါပေမဲ့ရှောင်ရတယ်..........ဟင်း.........အလုပ်နဲ့အဆင်မပြေဘူး။ စကားအားကြီးပြောရတယ်။