Tuesday 4 May 2010

ကောင်းမှုမှတ်တမ်း


ပြီးခဲ့တဲ့ (၃) ပတ်ကတော့ Blog
တွေနဲ့ ကင်းကွာနေရတယ်။
Internet ကိုတော့နေ့ တိုင်း
လိုလိုကြည့်ဖြစ်ပေမဲ့ Post တွေကို
သေသေချာချာမဖတ်နိုင်ခဲ့ဘူး။
စိတ်ထဲမှာ တော့ သူငယ်ချင်းတွေ
ကိုသတိရနေပါတယ်။ ဒီနေ့ တော့ အလည်ရောက်နေတဲ့ ဦးဇင်းလည်း
အိန္ဒိယကိုပြန်တော့ ကျမလည်း ပုံမှန် လည်ပတ်နေကြ အတိုင်း ပြန်လည်ပတ်
လာနိုင်ပါပြီ။

ပြီးခဲ့တဲ့ (၃)ပတ်မှာတော့ ကျမတို့  အတွက်အမှတ်တရ၊ စိတ်ချမ်းသာစရာ
အတွေ့ အကြုံတွေ၊ မိတ်ဆွေသစ်၊မိတ်ဆွေဟောင်းတွေဆုံပြီး ကောင်းမှု
ကုသိုလ်တွေလုပ်ကြနဲ့ မမေ့နိုင်တဲ့ အရာတွေ အများကြီးရခဲ့ပါတယ်။

အမြဲတမ်း အေးအေးဆေးဆေးလုပ်ရတဲ့ ကျမအလုပ်ကလည်း
ဦးဇင်းရောက်တဲ့နေ့ ကစပြီး Project အသစ်တွေစရတော့ မနက်ဆို
၇ နာရီကတည်းကအိမ်ကထွက်ရတယ်။ နေ့ လည်တော့ ၁ နာရီခွဲ၊
၂ နာရီဆိုအိမ်ပြန်ရောက်လို့ တော်ပါသေးရဲ့ ။

အိမ်ပြန်ရောက် ထမင်းစားပြီးတာနဲ့ နောက်နေ့ အတွက် အာရုံဆွမ်းနဲ့ 
နေ့ ဆွမ်းအတွက်ပြင်ဆင်ချက်ပြုပ်ရတယ်။ ချက်ဖြစ်တာတွေကတော့
ထွေထွေထူးထူးမရှိပါဘူး။ အာရုံဆိုရင် ထမင်းနဲ့ ပဲပြုပ်ကြော်၊ ထမင်းနဲ့ 
ကြက်ဥကြော်၊ ကြာဇံကြော် ( စုဘူးရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေ
ကြော်တတ်နေပြီ)၊ အုန်းနို့ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊မုန့် ဟင်ခါး၊
ပဲပြုပ်နံပြား...စတာတွေကပ်ဖြစ်ပါတယ်။ အာရုံဆွမ်းကို မနက် ၆
နာရီမှာကပ်ပြီး ၆နာရီ၄၅ မှာ ဘုရားရှိခိုး၊တရားထိုင်ကြပါတယ်။
မနက်တိုင်း ဘုရားရှိခိုးသံ၊ တရားသံတွေ ကြားရတော့ ကြည်နူးရပါတယ်။
ဒီမှာမကြားရတာကြာပြီပဲလေ။


နေ့ ဆွမ်းကိုတော့ ဦးသောမတ်က ပဲကပ်ရတာများပါတယ်။ ကျမက
အလုပ်မသွားခင် ပြင်ဆင်ပေးခဲ့ပြီး၊ သူကနွှေး ပြီး ကပ်ပါတယ်။
ပထမ တပတ်တော့ မြန်မာဟင်းတွေချက်ဖြစ်ပြီး၊နောက်တော့ ဂျာမန်ဟင်တွေ
ကပ်ကြည့်တယ်။ ဘုန်းပေးလို့ အဆင်ပြေတယ်တဲ့။ ဒါနဲ့ မြန်မာဟင်းနဲ့ ဂျာမန်ဟင်း
ပြောင်းလဲပြီးကပ်ဖြစ်ပါတယ်။
စနေ၊တနင်္ဂနွေ နေ့ တွေမှာတော့ စိတ်တိုင်းကြချက်လို၊့ ကပ်လို့ 
ရပါတယ်။ ဒါတောင် ကျမတို့ ခရီးထွက်ဖြစ်၊ မိတ်ဆွေတွေက ဦးဇင်း
ကိုပင့်ထားလို့ သွားကြနဲ့  .....ကျမတို့ လည်း ဦးဇင်းကိုလိုက်ပို့ ပေးရလို့ ဝမ်း
သာကြရပါတယ်။


သူငယ်ချင်းများ၊မိတ်ဆွေများဖြစ်တဲ့ Duisburg က မမ၊ Stuttgart
နဲ့  Karlsruhe က မောင်နှမများ၊
Freiburg က အန်တီနဲ့ ညီမ၊
Nancy ကမိတ်ဆွေ၊
Berlin က သူငယ်ချင်းများ၊
ဂျာမနီက ဂျာမန်
ဓမ္မမိတ်ဆွေများ
အားလုံးကို
အစစအရာရာအတွက်ကျေးဇူးတင်ပါတယ်။






ဦးဇင်းနဲ့ ကပ်ပြီး
ဟင်းကောင်းတွေလည်း
စားရတယ်၊ တရားလည်း
နာရတယ်၊ သီလလည်းစောင့်၊
အမျှဝေကုသိုလ်
တွေပြုကြရတယ်။




München ကဘုန်းကြီးကျောင်း (http://bodhi-vihara.org)
ကိုတော့ ကျမ မလိုက်ဖြစ်ခဲ့ပါဘူး။ ကဆုန်လပြည့်နေ့ မှာလုပ်တဲ့
ပါတိမောက္ခ ပွဲကိုတော့ဦးဇင်းနဲ့ ဦးသောမတ်စ်ပဲသွားဖြစ်ခဲ့တယ်။
အဲ့ဒီကျောင်းမှာ မြန်မာဘုန်းကြီး
တစ်ပါးနဲ့ ဂျာမန်ဘုန်းကြီးတစ်ပါးရှိပါတယ်။








ဆွစ်ဇာလန် က ထိုင်းဘုန်းကြီး
ကျောင်းကိုလည်း ကျမ မလိုက်ဖြစ်ခဲ့ဘူး။
အရင်တုန်းကတော့ တခါရောက်ဖူးပါတယ်။










ညနေတိုင်း တရားနာရတာလည်းကြည်နူးစရာကောင်းပါတယ်။ သိချင်တာတွေ
မေး၊ ဆွေးနွေးကြနဲ့  အချိန်ကုန်မှန်းတောင်မသိရဘူး။ ဒီနေ့ မနက်တော့
အာရုံဆွမ်းစားပြီးတာနဲ့  သီလယူ၊ ပရိတ်တရားနာ၊ ရေစက်ချ၊အမျှဝေကြပါတယ်။
တရားဓမ္မနဲ့ ဝေနေတဲ့ နေရာ၊ သံဃာနဲ့ ဝေနေတဲ့နေရာမှာ အခုလို ကုသိုလ်ပြုခွင့်
ရလို့ တွေးမိတိုင်းပီတိဖြစ်ရမှာပါ။
ဒီလိုအခွင့်အရေးမျိုးရအောင် စီစဉ်ပေးတဲ့ ဦးသောမတ်စ် ကိုလည်း
ကျေးဇူးတင်ပါတယ်။ အဝေးကနေလာရောက်တဲ့ ဦးဇင်းကိုလည်း
ကျေးဇူးတင်ပါတယ်။အစစ အရာရာ အဆင်ပြေအောင် အကူအညီ
ပေးကြတယ် မိတ်ဆွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

ကျမရရှိခဲ့သော ကုသိုလ်များကိုလည်း အမျှပေးဝေ ပါတယ်။

8 comments:

မြစ်ချေသူ said...

အစ်မရှင်လေးရေ ရခဲလှတဲ့ ကုသိုလ်တွေပါပဲ။
အမျှလာယူသွားပါတယ်။

သာဓု သာဓု သာဓု။

subuueain said...

အမ... သာဓု။ သာဓု ။သာဓု ပါနော်

မိုးဦးစံပယ် said...

မမရှင်လေးရေ...အဲလိုကုသိုလ်ပြုဖို့ဆိုတာ ရခဲလှတဲ့အခွင့်အရေးပဲနော်။ ဖတ်ပြီးတော့ စိတ်ထဲမှာ ကြည်နူးမိပါတယ်။
သာဓု၊ သာဓု၊သာဓု။

ဇွန်မိုးစက် said...

အစ်မရေ ဖတ်ပြီး ကြည်နူးရပါတယ်။ ကုသိုလ်ကောင်းမှု အားလုံးအတွက် သာဓု... သာဓု... သာဓုလို့ လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုလိုက်ပါတယ်။ ခုလိုမျိုး မကြာခဏ ပြုလုပ်ခွင့် ရပါစေလို့လည်း ဆုတောင်းပေးပါတယ်။
ဆွမ်းထမင်းပွဲကြီး ကြည့်ရတာ အားရစရာပါ အစ်မရှင်လေးရေ။း)

မီးမီး said...

သာဓု။ သာဓု ။သာဓု ပါ

Anonymous said...

ကြည်နူးစရာ ကောင်းလှပါတယ် မရှင်လေး။

su said...

သာဓု၊သာဓု၊သာဓု...ဖတ်ရတာနဲ့တင် ချမ်မြေ့ ကြည်နူးမှူ
အပြည့်အ၀ရလို့ အလှူရှင်များအတွက် အလွန်ပိတိ ဖြစ်မိပါတယ်...ဘုန်းဘုန်း အတွက် မနက်စောစော စာများကို လည်း သားရေကျမိပါတယ်..:P

လသာည said...

ဖတ်ပြီးတော့ ကြည်နူးလိုက်တာ..
သာဓုသာဓုသာဓုပါနော် အစ်မရှင်လေး..