ကျမတို့ မိသားစုလေးအကြောင်းရေးပြီးတော့ကျမ ယောက္ခမ အကြောင်းဆိုပါတော့။
ကျမယောက္ခမကဟော်လန်နိုင်ငံသူပါ။ ကျမ ယောက္ခထီးကတော့ ဂျာမန်။ ဒုတိယ
ကမ္ဘာစစ်ဖြစ် တော့ အဖေက ဟော်လန်မှာ ဂျာမန်ရေတပ် ဗိုလ် အဖြစ်တာဝန်ကျရင်း
အမေနဲ့ တွေ့ ကြတာတဲ့။
အမေက သူ့ သားသမီး ၂ ယောက်ကိုသိပ်ချစ်တယ်။ အထူးသဖြင့် သားကိုပိုချစ်ပုံရတယ်။
Thomas မွေးကတည်းက ရိုက်ထားတဲ့ဓါတ်ပုံတွေ၊ စုထားတဲ့ အမှတ်တရတွေ တွေ့ ရတော့
သူ့ မေတ္တာကို လေးစားမိတယ်။ Thomas ရဲ့  ပထမဆုံး ဆံပင်၊ ပထမဆုံးကျိုးတဲ့သွား၊
ပထမဆုံး
သူ့ ရဲ့ မိန်းမ အ
သိမ်းထားတယ်။ ဟော်လန် နဲ့ ဂျာမနီ ကူးချီသန်းချီနဲ့  တနှစ်ကို အနဲဆုံး ဓါတ်ပုံစာအုပ် တစ်အုပ်နှုန်းပဲ။
သူ့ ကျေးဇူးကြောင့် Thomas ရဲ့ ငယ်ဘ၀လေးကို တွေ့ ခွင့်ရခဲ့တယ်။
ငယ်ငယ်က
သိပ်ချစ်ဖို့ ကောင်းတဲ့မိသားစုလေးဘ၀ကို ခံစားခွင့်ရခဲ့တယ်။
Thomas က ကျမကို ဓါတ်ပုံထဲကနေရာလေးတွေ လိုက်ပြပေးတယ်။ အဲ့ဒီနေရာလေးတွေ
ရောက်တော့ အမေ့ဓါတ်ပုံလေးတွေနဲ့ ယှဉ်ကြည့်ရင်း ဟိုးတချိန်ကိုပြန်ရောက်သွားသလိုပါပဲ။


အမေ တကူးတက စုဆောင်းထားတဲ့ ဓါတ်ပုံ နဲ့ အမှတ်တရလေးတွေ
ကို ကျမ မကြာမကြာကြည့်မိတယ်။
သူ့ မြတ်နိုးတာလေးကို ကျမ လျစ်လျူမရှုထားပါဘူး။
အမေသိရင် သူဝမ်းသာမလားပဲ။

ဒါကတော့ Thomas ငယ်ငယ်ကကိုယ်တိုင်ရိုက်ထားတဲ့
ရှဥ့်လေးပါ။
16 comments:
ငယ်ငယ်က ဆံပင် ပထမဆုံး ကျိုးတဲ့သွား..
အဲလိုအမှတ်တရတွေ သိမ်းထားတော့ အားလုံးအတွက် အဖိုးတန် အမှတ်တရလေးတွေပေါ့နော်.။ လေးစားအားကျဖို့ကောင်းလိုက်တာ..
ညီမလည်း အဲလိုလုပ်ဦးမယ်း))
ဟုတ်တယ်၊ မေတ္တာကို ခံစားရပါတယ်အမ၊
What a lovely wife to Thomas and lovely daughter to in law...
ပန်းချီပုံလေးတွေချစ်စရာ..
အစ်မရေ ဖတ်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ။ အမှတ်တရဓာတ်ပုံလေးတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။း)
အဲဒီလို နွေးထွေးတဲ့ နှလုံးသားရှိတဲ့ မိသားစုနဲ့ ဆုံဆည်းခွင့်ရတာ ဘ၀ရဲ့ ဆုလာဒ်တခုပါပဲ။ ဖတ်ရတာ ကြည်နူးမိပါတယ်။
ကြည်နူးစရာကောင်းလိုက်တာ
ကြည်နူးစရာလေးတွေ
ဟီး... လာတာနောက်ကျလို့ လူတန်းတောင် တော်တော်ရှည်နေပြီ ...ယောက္ခမဆံပင်လေးက လှလိုက်တာ ... အခုလည်း အဖွားကြီးချောချောပဲလား.. တွေ့ဖူးချင်တယ်..
မြန်မာလူမျိုးက မြန်မာလူမျိုးကိုပဲ ဂုဏ်ယူရမှာပါ...
လာလည်ကြတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
ခ.ခ (သမီး)ရဲ့ သွားတွေကျိုးရင် သိမ်းထားပေးတဲ့အကျင့်တော့ ရှိတယ်..။။
နောက် သူဆွဲထားတဲ့ ပန်းချီတွေ..။
Thomas ဆွဲထားတဲ့ ပန်းချီလေးတွေ
ချစ်ဖို့ကောင်းတယ်..။
လိန်ပျံကြီးတွေပါတယ်..။။
ဘာလူမျိုးပဲ ဖြစ်ပါစေ...စိတ်ဓါတ်လေးလှဖို့ပဲ အဓိကကျတယ်လို့ ကျမ ယုံကြည်တယ် မရှင်လေးရေ...ခုလို နွေးထွေးတဲ့ မိသားစုလေးမှန်း သိရတာ စိတ်ချမ်းသာစရာ....:)
ူlove to read like this and cooking post..hehe
ကြည်နူးစရာလေးနော်
ကောင်းပါတယ် ကြည်နူးစရာပါပဲ။
ယောက္ခမအားလုံးဒီလိုသာဆို ဘယ်လောက်ကောင်းလိုက်မလဲ။
Post a Comment