Sunday 11 July 2010

ကြက်သားနဲ့ ဆနွင်းတက်

တနေ့ က Blog ထဲကသူငယ်ချင်းချက်ထားတဲ့ ဟင်းပါ။ တခါမှ မချက်ဘူးလို့ 
စမ်းချက်ကြည့်တာပါ။ သူကတော့ အမဲသားနဲ့ ချက်ထားပါတယ်။ ကျမကတော့
ကြက်သားနဲ့ ချက်ကြည့်တာပါ။အာရှဆိုင်မှာ ဆနွင်းတက်လပ်လပ်ဆပ်ဆပ် လေးတွေ တွေ့ နေတာတော့ကြာပါပြီ။
ဘယ်လိုချက်ရမှန်းမသိတာနဲ့ တခါမှ မ၀ယ်ဖူးဘူး။ မနေ့ က အာရှဆိုင်ရောက်တုန်း
ဆနွင်းတက်လေးတွေတွေ့ တာနဲ့ ဝယ်လာခဲ့ပါတယ်။


ကြက်သားရင်ပုံ ၂၅၀ ဂရမ် ကို ခပ်ရှည်ရှည်၊ပါးပါးလေးတွေ လှီးပြီး ဆားနဲ့ နယ်ထားပါတယ်။
ကြက်သွန်ဖြူ ၄တက်လောက်ကို တပြားရိုက်ထားပါတယ်။
ဆနွင်းတက်လေး ၂တက် ကို ခပ်သေးသေးလေးစဉ်းထားပါတယ်။ သစ်သားစဥ့်နီတုန်းပေါ်
မလှီးပါနဲ့ ၊ လက်အိပ်နဲ့ ကိုင်ပြီးလှီးပါ။ အ၀ါရောင်တွေ စွန်းနေပါမယ်။
ငရုပ်သီးအနီ ၄တောင့် (သို့ ) ငရုပ်သီးမှုန့် 
ခရမ်းချဉ်သီး ၁လုံးကို ခပ်သေးသေးတုန်းပါတယ်။
ကြက်သွန်မိတ် ၂ ပင် နုပ်နုပ်လှီးပါတယ်။
ပဲငံပြာရည်၊ ခရုဆီ စား၂ ဇွန်းစီ

ကြက်သွန်ဖြူကိုဆီသပ်ပါ။ ကြက်သားထဲ့ပြီး အရောင်ပြောင်းလာတဲ့အထိ ကြော်ပေးပါ။
ပြီးရင် လှီးထားတဲ့ ဆနွင်းတက်၊ ခရမ်းချဉ်သီးတွေထဲ့ ပြီးမွှေပါတယ်။
ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ ငရုပ်သီး ထည့်ပါတယ်။
ရေနဲနဲထည့်ပြီး ချက်ပါတယ်။ အနှစ် မိမိလိုချင်တဲ့ အနေရရင် ကြက်သွန်မိတ်ထဲ့ပါတယ်။
ခဏနေရင်ချလို့ ရပါပြီ။ နံနံပင်ကြိုက်တတ်ရင်တော့ အပေါ်ကထပ်ဖြူးပေးပါ။

ဆနွင်းက အမှုန့် လို အနံမပြင်းပါဘူး။ သူ့ အနံက ခပ်သင်းသင်းလေး။ အရသာ က
စပ်ခါးခါးလေးရှိပါတယ်။ ကျမတော့ ကြိုက်ပါတယ်။
ဒီနေ့  ကြက်သားနဲ့ ဆနွင်းတက် ဟင်းရယ်၊ ဂေါ်ဖီပန်းသုပ် ပြီး မျှစ် ဆန်လှော်ဟင်း
နဲ့ စားပါမယ်။ ငပိရည်ဖျော်ထားပြီး မုန်လာဥနီ၊ သခွားသီး၊ ဆလပ်ရွက် တို့ နဲ့ ပြင်ဆင်
ထားပါတယ်။ လမ်းကြုံရင်ဝင်ခဲ့ပါ။

14 comments:

မီးမီး said...

လမ်းကြုံ့ ခြင်လိုက်တာ..

su said...

ဂလု..ဂလု..ဖတ်ပြီးတာနဲ့သားရေတွေတောင်ကျလာပြီ.
မျှစ်ဟင်းလေးနဲ့ ငပိတို့စရာ...ဟင်း...

ဇောင်း said...

http://3.bp.blogspot.com/_rw1SSwloyN8/TDl4bkcRxqI/AAAAAAAABIc/S210n0QGkHQ/s200/SANY0461.jpg အဲ့ဒီဟင်းစားချင်တယ် :D

ZaunG

ဇောင်း said...
This comment has been removed by the author.
Me said...

ဟင်းအရောင်ကလေးက လှလိုက်တာ...မြင်တာနဲ့ စားချင်စရာ.....ဒီမှာ မိုးအေးအေးနဲ့ အဲလို ပူပူစပ်စပ် ခါးခါးလေးစားချင်တာ... ရှူးရှဲဆိုပြီး ရေနွေးသောက်လိုက်ရင် ကောင်းမှကောင်း.. ခွင့်ရတော့မှ အိမ်မှာ အေးအေးဆေးဆေး ချက်စားကြည့်မယ် မမ.........

စူးနွယ်လေး said...

မချက်ဖူးသေးဘူး အဲဒါယိုးဒယားတွေ ချက်တာလားဟင်

စူးနွယ်လေး said...

ငပိရည်ဖျော်စားနေတာ ၃ရက် ရှိပြီ...ဒီနေ့ကုန်သွားပြီ

SHWE ZIN U said...

ညီမ ရေ

ဆနွင်းတက် ဟင်းကြည့်ပြီးအူယား လာတယ် စားရဲဘူး မျှစ်ဆန်လှော် ဟင်းလေးဘဲစားပြီး သွားပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

MrDBA said...

စမ်းသပ်ကြည့်ဦးမယ်။

လသာည said...

လမ်းကြုံအောင် လာပြီးကို စားသွားပါတယ် မရှင်လေးး)) စားကောင်းမယ့်ပုံလေးနော်။

ဆနွင်းက အသားအရေလှတယ်ဆို။ အဲဒီဟင်းက စားတဲ့အခါရော ထမင်းဝါ၀ါလေး ဖြစ်သွားတာလား။

Shinlay said...

လာလည်ကြတဲ့ သူငယ်ချင်များကိုကျေးဇူးတင်ပါတယ်။
စူနွယ်ရေ ဒီဟင်းက ယိုးဒယား တောင်ပိုင် ကချက် လေ့ရှိတယ်တဲ့။
လသာည..ညီမရေ ထမင်းကမ၀ါသွားဘူး။ ချက်လိုက်တော့ အစိမ်းတုန်းကလို အရောင်မစွန်းတော့ဘူး။
ဒီမှာကနေအရမ်းပူနေတော့ သိပ်မစားရဲဘူး။ ဆနွင်းက ပူတယ်ဆိုလို့ ။

လုလု said...

မမရှင်လေးရေ
လမ်းမကြုံလည်း လာစားချင်ပါတယ်။
နနွင်းတက်ကို အင်ဒိုနီးရှားမှာလည်း အဲ့ဒီလိုပဲ အသုံးပြုကြတယ်။ သူတို့က လုလုတို့ နနွင်းမှုန့် သုံးတာကို အံ့သြနေကြတာ။ အင်ဒိုမှာတော့ နနွင်းမှုန့်အစား နနွင်းတက်ကိုပဲ အသုံးပြုကြတာကို တွေ့ခဲ့ရတယ်။ စားလို့တော့ ကောင်းတယ်နော်။ နနွင်းတက်ကိုပဲ သုံးတော့ နနွင်းမှုန့်ထဲ ဆန်မှုန့်ရောတာတို့ ဘာညာရော တာမျိုးတော့ မပါတော့ဘူးပေါ့။ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်စေတာပေါ့နော်။
မမရှင်လေးချက်ထားတာတွေဖတ်ပြီး စားချင်နေမိတယ်။ :P

ဇွန်မိုးစက် said...

ဘလော့လည်ရင်းနဲ့ အစ်မရှင်လေးဆီက ကြက်သားနဲ့ ဆနွင်းတက် လာမြည်းသွားပါတယ်။း)

PhyoPhyo said...

မမရှင်လေး
စားချင်စရာလေး၊
ချက်စားကြည့်ဦးမှပဲ
သိပ်တော်တယ် :)