မနက်စောစော အိပ်လို့ ကောင်းတုန်း နှိုးစက်က မြည်။
မထချင်သေးဘူး....ပြန်အိပ်ချင်ပေမဲ့ . ပြန်အိပ်ပျော်သွားရင်ဒုက္ခ။
မဖြစ်ပါဘူး...ထထ..ကိုယ့်ကိုကိုယ်အားပြန်ပေး...
နေ့ ခင်းတမှေးလောက် ပြန်အိပ်တာပေါ့။
မနက်စာကဗျာကယာလုပ်၊ ဆွမ်းကပ်၊ဘုရားရှိခိုး၊
နာရီကိုကြည့် အလုပ်ပြေးဖို့ ပြင်...ရထားကစောင့်မှာမဟုတ်။
တခါတခါရထားနောက်ကျရင်...ပြေးပေအုံးတော့။
ဓါတ်ရထားတခါလွတ်ရင် နောက်ထပ် စောင့်ရအုံးမှာ။
မှတ်တိုင်ရောက်ပြီ...မြန်မြန်ဆင်း၊မြန်မြန်လျှောက်...သုံးမိနစ်လောက်
တော်ပါသေးရဲ့ အချိန်အတိအကျ ရောက်သွားလို့ ...ဟူး။
Uniform အမြန်လဲ။ Guten Morgen!!! လူနာကရောက်လာပြီ...
ဟိုလုပ်ဒီလုပ်...ဟိုရှုတ်ဒီရှုတ်...
အလုပ်ဆင်းပြီ။ အကျိံလဲ၊ နာရီကြည့် ရထားအမီပြေးပေတော့။
ဗိုက်ကဆာပြီ၊
ကမန်းကတန်းချက်ပြုပ်စား၊ ဘယ်အချိန်ရှိပြီလဲ...အိမ်အလုပ်လုပ်ရအုံးမယ်။
စာကြည့်တိုက်သွားရအုံးမယ်....ဈေးသွားရအုံးမယ်။
အချိန်ကိုခွဲတမ်းချ....
မှန်းထားတဲ့နေ့ လည်တရေးမှေးချိန်...အချိန်မရှိတော့ပါ။
ရှိပါစေတော့...ညကျစောစောအိပ်တာပေါ့။
တီဗီက ကြည့်ချင်သေး။ စုံထောက်ကားလေးပြီးတော့...
ည ၁၀ နာရီလောက်တောင်ရှိနေပြီ...အိပ်ချင်မအိပ်ချင်အိပ်သာအိပ်
မနက် စောစောထရအုံးမှာ...
သောကြာနေ့ မှ ညနက်အောင် နေပြီး၊ နှိုးစက်မပါပဲအိပ်ပစ်မယ်။
စနေတနင်္ဂနွေ...နာရီမကြည့်ပဲ ကိုယ်လုပ်ချင်တဲ့အချိန် ထလုပ်မယ်။
ဒါနဲ့ မနက်ဖြန် ရထားအလုပ်သမားတွေ သပိတ်မှောက်မယ်ဆိုပဲ...
အရင်အချိန်ထက် စောစောသွားမှ၊ နှိုးစက်လေး စောစောပေးထားလိုက်အုံးမယ်....
အချိန်နာရီ မရှိတဲ့သူ...ဖြစ်ချင်တယ်။
Subscribe to:
Post Comments (Atom)
10 comments:
မှောင်နေတော့အစောကြီးထရခက်တယ်
ဒါပေမယ့်နောက်အပတ်ဆိုတနာရီပိုအိပ်လို့ရပြီ
စူးနွယ်လေး
အမလေး အမရယ်..မောလိုက်တာ။ ကျမလဲအတူတူဘဲ၊ တနင်္လာ ကနေသောကြာကိုဘယ်လိုဘယ်လိုရောက်သွားမှန်းမသိဘူး။
ဒါတောင် အမ ကလေးမရှိသေးလို.နော်။
ကလေးနဲ.ဆိုလို.များကတော. ကိုယ်.အချိန်ကို ကိုယ်လုံးဝမပိုင်တော.ဘူးအမရေ။
အမတို.ဆီမှာရထားတွေကတစီးနဲ.တစီးကြာတတ်လို.လားဟင်။
အမ ရထားတွေအကြောင်းရေးတော.ရေးဖူးသလားလို.။ ပြန်ရှာကြည်.လိုက်ဦးမယ်နော်။
Kick the alarm clock away on friday night,Shin lay.I spoil myself blogging till this time.Today is windy n don't want go out.Winter is coming too early.Tomorrow temperature will be 0.Hoooooooooooo!Bon nuit!8p...Gyidaw
ကျွန်မကတော့ ပုံမှန်သောကြာနေ့ညဆို နှိုးဆက်ပိတ်။ သောကြာနေ့ည ဘုရားကို ဦးချရုံပဲ။ ဘာမှ မရွတ်ဖတ် နိုင်ဘူး။ စနေကို မနက်၉နာရီသို့မဟုတ် ၁၀နာရီမှထတယ်။ သားကို သောကြာည ၉နာရီအထိကြည့်ပေးတယ်။ နောက်နေ့မနက်သားက အစောကြီးထရင်ယောက်ျား ရဲ့ ဂျူတီပဲ။ ကျွန်မက နေ့ခင်း သိပ်အိပ်မပျော်တတ်ဘူး အဲဒါခက်တာ။ နော်။
အင်း..ပြေးပြေးလွားလွားကအချိန်ကုန်လို့ကုန်မှန်း မသိဘူး နော်.ငြိမ်ငြိမ်ကလေးနဲ့နေတာထက်စာရင်. ပြေးလွားနေရတာကိုပိုကြိုက်တယ်..
ဒေါ်ကြီးရေ:))
ခုလာမဲ့စနေမှာ အေးအေးဆေးဆေးနားပါ..
ကောင်းကောင်းပြုစုပါ့မယ်..
စူးနွယ်ရေ... တနာရီလောက်တော့ပိုအိပ်လိုက်မယ်။
ကျမတို့ နေတဲ့မြို့ ကနေ အလုပ်ရှိတဲ့မြို့ ကို နာရီဝက်တခါပဲ ရထားရှိပါတယ်။
ကြီးဒေါ်ရေ.. နွေးနွေးထွေးထွေးနေနော်။ နှိုးစက်တော့လား... ပစ်ချင်နေတာကြာပြီ....
ကောင်းမွန်ဝင်း ညီမရေ ကျမကတော့ နေ့ လည် အိပ် တတ်တယ်။ တော်ပါသေးရဲ့ ။
မီးရေ စနေနေ့ မှာ အပြေးအလွှားလာခဲ့မယ်။။။ မျှော်
ရန်ကုန်ကနေ မနက်စောစော လေးနာရီလောက် ထပြီးလာခဲ့သူမို့ ကိုယ်ချင်းစာစွာ ဖတ်သွားပါတယ် အစ်မရေ.... လာနှုတ်ဆက်တာပါနော်
မရှင်လေး
ပြေးပြေးလွှားလွှား အချိန်နဲ့ စိန်ပြေးတမ်းလုပ်နေရတာလေးကို ရေးထားတာ ကွင်းကနဲ့ပဲ..။ သဘောကျတယ်း)
ဟုတ်တယ် အစ်မရယ်... တစ်နေ့တစ်နေ့ တစ်ပတ်တစ်ပတ် ဘယ်လိုကုန်သွားမှန်း မသိဘူး၊ အချိန်တွေ အကုန်မြန်လိုက်တာ လှစ်ခနဲပဲ။ လုပ်ချင်တာနဲ့ ရတဲ့အချိန်က မမျှသလိုတောင် ခံစားနေရတာ။
ညီမက နှိုးစက်တော့ မပေးရဘူး၊ မနက်အချိန်ကျရင် သူ့ဖာသာနိုးနိုးနေလို့... ပိတ်ရက်မှာလည်းနိုးနေတော့ အတင်းပြန်အိပ်ရတယ်။
ကျနော်လည်း ကျောင်းတက်တုန်းက ကားတတန်၊ ရထားတတန်နဲ့ တခြားမြို့မှာ သွားရလို့ မနက်ဆို စောစောထ ရတယ်၊
အခုတော့ အလုပ်က လမ်းရဲ့ တဖက်ခြမ်းမှာမို့ မနက်ဆို နှိုးစက်မြည်ရင်တောင် ၁၀ မိနစ်လောက် ဆက်အိပ်ချင် တုန်း...။ :)
Post a Comment