Saturday, 2 October 2010
Dampfnudeln / Dumplings
Dampfnudeln ဆိုတာကတော့ လွယ်လွယ်ရေးပြရရင် အစာမပါတဲ့ပေါက်စီ
လိုပါပဲ။ ဂျာမနီတောင်ပိုင်းရဲ့ အစားအစာပါ။ သူ့ ကို ကျမကတော့ dessert အနေနဲ့ 
ပိုကြိုက်ပါတယ်။ Vanilla Custard နဲ့ ပါ။
တနေ့ က အလုပ်ကသူငယ်ချင်းက သူငယ်ငယ်က Dampfnudeln ရောင်းတဲ့ဆိုင်ကို
ကျောင်းချိန်အားရင်အပြေးသွားပြီဝယ်စားကြောင်း၊ လက်မှာ ဗနီလာဆော့စ်တွေ
ပေလို့ ပေါ့။ ပြောရင်းဆိုရင်းကျမတို့  လုပ်စားချင်စိတ်ပေါက်လာကြတာနဲ့ 
အိမ်မှာစမ်းလုပ်ကြည်ဖြစ်ပါတယ်။
ပထမလုပ်တဲ့နေ့ ကတော့ အဆင်မပြေပါဘူး။ မုန့် သားကပျော့သွားပြီးအိုးကကြပ်
သွားတော့ပွအားမရှိတော့ဘူး။ သောမတ်စ်ကတော့ မုန့် သားက ပုံမှန်စားနေကြလိုမဟုတ်ဘူး
တဲ့။ အားပေးပါတယ်။ အမှိုက်ပုံးထဲရောက်သွားပါတယ်။...
မနေ့ ကတော့ Zwiebelkuchen (ကြက်သွန်နီ ကိတ်ဆိုပါတော့) လုပ်တော့ မုန့် သားလုပ်ပုံ
ကအတူတူဖြစ်တာနဲ့  တ၀က်ကို မကြေပွဲ Dampfnudeln ထပ်လုပ်ဖြစ်ပါတယ်။
ဒီတခါတော့... အောင်မြင်သွားပါတယ်။
မုန့် သားအတွက် လိုတာတွေကတော့ ဂျုံ (500 g) ရိစ် (၂၀ ဂရမ် )၊ သကြား (အနဲငယ်) ၊
နွားနို့ ခပ်နွေးနွေး( 250 ml)၊ ဆား လက်ဖက်ရည်ဇွန်း တ၀က်၊ ကြက်ဥ ၁လုံး၊
တောပတ် (၁၀၀ ဂရမ်) လိုပါတယ်။ (ကျမကတော့ တ၀က်ခွဲလုပ်ပါတယ်။)
မုန့် သားပွလာဖို့ တော့ နာရီဝက်လောက်စောင့်ရပါတယ်။ နောက်တော့ အလုံးလေးတွေလုံး၊
စောက်နက်နက် ဒယ်အိုးထဲမှာ နွားနို့ (250 ml) ၊ ထောပတ် ၃၀ဂရမ်၊ သကြား လ္ဘက်ရည်ဇွန်း
တ၀က်၊ ရောပြီးအပူပေးပါတယ်။ ပူလာရင် ဂျုံလုံးလေးတွေထဲ၊ အဖုံးအုပ်၊ မီးပြင်ပြင်းနဲ့ တည်ပါတယ်။
ခဏကြာရင်မီးလျှော့လိုက်ပါတယ်။ အဖုံးကိုတော့ တည်နေတုန်းမှာလုံးဝမဖွင့်ပါနဲ့ ။
မုန့် မပွလာတော့ပါဘူး။ နွားနို့ ခမ်းသွားရင်ရပါပြီ။ နောက် ၂မိနစ်လောက် မီးဖိုဘေးမှာ
ဆက်ထားပေးပါ။
ဗနီလာဆော့စ် ပူပူလေးနဲ့ ဆို စားကောင်းပါတယ်။
တတိယအကြိမ်ကြရင်တော့ ပိုကောင်းလာမယ်ထင်ပါတယ်။
Subscribe to:
Post Comments (Atom)
6 comments:
အရသာ ကောင်းမဲ့ပုံလေး။ နောက်တခါ ဆုံရင် လုပ်ကျွေးပါဗျို့....။ ( ဟိ- ပိတ်ရက်ဆိုတော့ ဘဒူမှ မရှိလို့ နာအရင်ဆုံး စားရတယ်တွ)
မိုးစက်
ကောင်းမဲ့ပုံလေး မမရဲ့။ နွားနို့နဲ့ဆိုတော့ အရသာက ဆိမ့်မယ်နဲ့တူတယ်။ မန္တလေးမှာတော့ အဆာမပါတဲ့ပေါက်စီသေးသေးလေးတွေကို မာလာဟင်းနဲ့တွဲစားကြတယ်။ :)
ဇွန်က မနက်ရုံးသွားလို့ breakfast တစ်ခြား မစားဖြစ်ရင် ရုံးအောက်ကနေ ပေါက်စီဝယ်စားလေ့ရှိတယ်။ အချိုအရသာ မကြိုက်တော့ အသားနဲ့ပဲစားဖြစ်တာများတယ်။
သူ့အခေါ်အဝေါ်ကပဲ dumpling နဲ့ဆင်တာလား၊ အတူတူကိုပဲ ဂျာမန်လို ခေါ်တာလားအစ်မ။
ဒီဟာ မစားဖူးသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ Zwiebelkuchen လုပ်တယ်။ လာအားပေးပါဦး :)
တစ်မျိုးလေးဘဲ... လုပ်စားကြည့်ဦးမယ် :)
စားချင်စရာပဲ.. လာမြည်းလို့ ရမလားဟင်..
Post a Comment