Tuesday, 22 February 2011

Das Herzenhören(နှလုံးသားကိုနားထောင်ကြည့်ခြင်း)

အခုတလောမအားတဲ့ကြားကပဲ jan-philipp sendker ရေးတဲ့ Das Herzenhören
ဆိုတဲ့ စာအုပ်လေးကိုဖတ်ဖြစ်ပါတယ်။ ဒီဇင်ဘာလက မြန်မာပြည်ကိုသွားလည်တဲ့
ဂျာမန် မိတ်ဆွေဇနီးမောင်နှံ က ကျမတို ဖတ်ဖို့ လက်ဆောင်ပေးတာပါ။
တယောက်၊တလှည့်ဖတ်ပြကြဖို့ လည်းမှာလိုက်ပါသေးတယ်။

Das Herzenhören ကို နှလုံးသားကိုနားထောင်ကြည့်ခြင်းလို့ ပဲကျမဘာသာပြန်
လိုက်ပါတယ်။ စာရေးသူက ၁၉၉၅ ကနေ ၁၉၉၉ အထိ "Stern"ဂျာနယ်ရဲ့ 
Asian correspondent အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

ဒီစာအုပ်လေးရဲ့  စွဲဆောင်မှုကတော့ မြန်မာနိုင်ငံ ကလောမြို့ လေးကို အခြေပြု
ထားလို့ ပါပဲ။ အချစ်ဝတ္ထုတွေဖတ်လေ့မရှိတဲ့ ကိုသောမတ်စ်တောင် ဒီစာအုပ်လေး
ကို ဆုံးတဲ့အထိဖတ်ပြီး ကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။

ကျမကတော့ ၂ရက်ဆက်တိုက် ဖတ်လိုက်ပါတယ်။ စာရေးသူရဲ့ တင်ပြပုံက
ကောင်းတော့ လက်က မချချင်အောင်ပါပဲ။ ဇာတ်လမ်းထဲကို မျောပါလိုက်တာ
ကျမကိုယ်တိုင် မြန်မာပြည်ပြန်ရောက်သွားသလို၊ ဇာတ်ကောင်တွေအနားရောက်
သွားသလိုပါပဲ။ ဇာတ်လမ်းပြီးတော့ ရင်ထဲမှာစွဲပြီးခံစားကျန်ရစ်ခဲ့ပါတယ်။

သိပ်ချစ်ကြတဲ့ မျက်မမြင်ကောင်လေး တင်ဝင်း နဲ့ ခြေထောက်မသန်တဲ့ ကောင်မလေး
မိမိ တို့ ရဲ့ အချစ်ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအစကတော့ အမေရိကာ က ဂျူလီယာဝင်းတယောက် သူမ ဖခင်
( ဦး)တင်ဝင်း ထိုင်းနိုင်ငံမှာ ပျောက်သွားရာက စပါတယ်။
ဂျူလီယာရဲ့ အမေဟာ တင်ဝင်းရဲ့ ဘ၀နောက်ကြောင်းတွေဘာမှမသိခဲ့ရပါဘူး။
သူမသိတာတစ်ခုကတော့  မြန်မာပြည်က မိမိဆိုသူရဲ့ စာလေးပါ။
မတွေ့ ရတာ၁၆ နှစ် (၅၈၆၄ ရက်) ကြာပြီ လို့ ပါတဲ့ မေတ္တာစာပါ။
ပေးပို့ သူက မိမိ ၊ ကလောမြို့  ဖြစ်ပါတယ်။

ဂျူလီယာက သူ့ အဖေဇာတိဖြစ်တဲ့ ကလောကို ရောက်လားရင်း ဦးဘ ဆိုသူနဲ့ 
တွေ့ ပါတယ်။ ဦးဘ ကသူ့ အဖေ နဲ့  မိမိ တို့ အကြောင်းတွေ ရှင်းပြပါတယ်။

မျက်မမြင် တင်ဝင်းကို သူ့ ဦးလေးက ရန်ကုန်ခေါ်ပြီး မျက်စိကုပေး၊ ကျောင်းထား
ပေးပါတယ်။ တင်ဝင်းနဲ့ မိမိတို့ နေ့ တိုင်းစာဆရးဆက်သွယ်ကြပေမဲ့ ဦးလေးကစာ
တွေကိုကြားကနေယူထားတာကြောင့် အဆက်အသွယ်ပြတ်ခဲ့ကြပါတယ်။
တနေ့ တော့ တင်ဝင်း အမေရိကားကိုပညာတော်သင် သွားရာက နေ ဟိုမှာပဲ
နိုင်ငံသားခံလိုက်ပါတယ်။ အဓိက ကတော့ သူ့ ဦးလေး ပေးစားမယ့်မိန်းမ ကို
မယူချင်လို့ ပါပဲ။ သူ့ စိတ်ကူးထဲမှာတော့ တနေ့ ဦးလေးမရှိတဲ့အချိန် ကလောကိုပြန်ပြီး
မိမိ နဲ့ ပြန်ဆုံမယ်လို့ စဉ်းစားထားပုံရပါတယ်။
ဒီကြားထဲမှာပဲ ဂျူလီယာမိခင်နဲ့ အိမ်ထောင်ကျပြီး ဦးလေးမဆုံးခင် ၃လလောက်မှာ
ဂျူလီယာရဲ့ အကိုကြီး မွေးလာကြောင့် တင်ဝင်းခမျာ ပြန်မာပြည်မပြန်နိုင်ပဲရှိခဲ့ပါတယ်။

ဦးဘက တင်ဝင်းနဲ့ မိမိတို့ ရဲ့ ငယ်ဘ၀ အကြောင်းတွေ၊ တင်ဝင်းမရှိတဲ့နောက်ပိုင်း
မိမိ ရဲ့ ဘ၀အကြောင်းတွေ ကို ဂျူလီယာအားရှင်းပြပါတယ်။ နောက်ဆုံးတော့
တင်ဝင်းဟာ နှစ်၅၀ ကွဲနေတဲ့  မိမိ ဆီကိုရောက်လာပါတယ်။
မိမိ ဟာလည်း သူ့ မရဲ့ နောက်ဆုံး အချိန် လေးမှာ နောက်ဆုံးမျှော်လင့်ချက်လေးနဲ့ 
တင်ဝင်း အလာကိုမျှော်နေပါတယ်။ တင်ဝင်းရောက်လာပြီး မိမိ နားဘေးမှာ
အတူတူအိပ်ရင်း ၂ ယောက်သားလောကကြီးက ထွက်သွားကြပါတယ်။

ှီုဦးဘ ပြတဲ့ မိမိရဲ့ ဓါတ်ပုံတွေကတဆင့် ဂျူလီယာသိလိုက်ရတာကတော့ ဦးဘ ဟာ
သူမရဲ့ ဖအေတူ မအေကွဲ မောင်နှစ်မ ဖြစ်တယ်ဆိုတာပါ။

ဒီစာအုပ်လေးမှာ မြန်မာဓလေ့တွေ အများကြီးရေးထားပါတယ်။ အချစ်ဆိုတာဘာလဲ
ဆိုတာလည်းပိုပြီးသိလာသလိုပါပဲ။ ဇာတ်ကောင်တိုင်းရဲ့ မေတ္တာ၊ အနစ်နာခံ၊စွန့် လွှတ်
မှုတွေ ကို ပီပြင်သွာရေးထားပါတယ်။

စာအုပ်ဖတ်ပြီးတဲ့နောက် ကျမတို့ နှစ်ယောက်လည်း ကျမတို့ ရဲ့ နှလုံးသားကို
အပြန်အလှန် နား ထောင်ကြည့်မိပါတယ်။

12 comments:

လပြည့်ရိပ် said...

အစ်မနားထောင်တော့ ဦးသောမတ်စ်ဆီက တဒိန်းဒိန်းနဲ့ မကြားရဘူးလား :P ....ချစ်လို့စတာနှော်။ အစ်မတို့နှစ်ယောက်သံစဉ်ချင်းညီကြမှာပါ။
ချစ်တဲ့ညီမလေး

Anonymous said...

မိတ်ဆွေတယောက်ပြောဖူးလို့ သိတော့သိတယ် မဖတ်ဖူးသေးဘူး

စူးနွယ်လေး

ညီလင်းသစ် said...

ရိုးရှင်းတဲ့ ဇတ်လမ်းလေးပေမယ့် မ,ရှင်လေး ဇတ်ကြောင်း ပြန်ပြောတာ ကောင်းလို့ ဖတ်ချင်လာပြီ၊ ဒါနဲ့ တင်ဝင်းက ဘာလို့ဆုံးသွားတာလဲ မသိဘူးနော်၊
မြန်မာအငွေ့အသက်တွေနဲ့ ဆိုတော့ စိတ်ဝင်စားစရာ ကောင်းမယ့် စာအုပ်လေးပါပဲ..။

Anonymous said...

သနားစရာလေးနော်....အတူတူသေသွားကြတာ အားကျတယ် (အားကျစရာရျားလို့)

မိုးစက်ပွင့်

လသာည said...

နှလုံးသားကို နားထောင်ကြည့်ခြင်း..တဲ့လား

မရှင်လေး ပြန်ပြောပြတာလေးနဲ့တင် တော်တော်စိတ်ဝင်စားမိပါတယ်..

ချစ်ခြင်းညီမျှသူတွေဆိုတော့ နောက်ဆုံးမှာ ဆုံရတာပဲနော်။

ကောင်းမွန်ဝင်း said...

ဇတ်လမ်းရိုးရိုးလေးကို စိတ်ဝင်စားအောင် ရေးတတ်တဲ့ အနုပညာပဲနော်။
ဖတ်ချင်တယ်။ ဖတ်တယ်မယ်မထင်ပါဘူး။
မရှင်လေး ရေးပေးတာနဲ့ ကျေနပ်ပါပြီ။
ခင်မင်စွာဖြင့်

kokonaing said...

well writen book.....

Shinlay said...

လပြည့်ရိပ်... တဒိန်းဒိန်း ကနေ နဲနဲငြင်သာလာသ လားလို့  :)
ဖတ်ကြည့်စူးနွယ်.. တကယ်ဖတ်လို့ ကောင်းပါတယ်။
ကိုညီရေ တင်ဝင်း ကတော့ heart failure
နဲ့ ဆုံးသွားပါတယ်။
မိုးစက်... ဒီလိုဇာတ်လမ်းမျိုး ဒီမှာ မဖတ်ရတာကြာပြီ။
လသာည ရေ... ပြန်မဆုံခင် အချိန်တွေက ကြာလွန်း
တယ်။ ပြန်ဆုံတော့ခဏလေး.....
ကောင်းမွန်ဝင်း... အခြေအနေပေးရင် ဖတ်ကြည်ပါလာ။ စွဲသွားမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မရှင်လေး ရေးပြထားတာ ဇာတ်လမ်းက စိတ်ဝင်စားစရာဘဲ
ဖတ်ချင်လာပြီ
အစအဆုံး ရေးပြီးတင်ဖို့ စိတ်ကူးမရှိဘူးလား ဟင်
ဟိဟိ
တင်ရင် လာအားပေးမလို့ပါနော်

Shinlay said...

ချော... ကျေးဇူးပါပဲ။

T T Sweet said...

မရှင်လေး။ အလည်ရောက်ပါတယ်။ ကျွန်မလဲ အချစ်ဇာတ်လမ်းလေးတွေတော့ ကြိုက်တတ်ပါတယ်။ ဇာတ်လမ်းကလဲ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ အင်္ဂလိပ်လိုတော့ သိပ်မဖတ်ဖူးဘူး။ မြန်မာလိုဆို ပိုကြိုက်မယ်။
နှလုံးသားတွေ အပြန်အလှန်နားထောင်ကြည့်တော့ မီးရထားကြီးမောင်းခုတ်သလို တို့ရင်ထဲတွေ ဘာတွေ ဖြစ်ကုန်တယ်ပေါ့။ ဟုတ်စ ...

Shinlay said...

မဆွိရေ..ဟုတ်ပ။