နေထွက်လာတာနဲ့  ကျမရဲ့ ဒုက္ခလည်းစတော့တာပါပဲ။ Allergy ရှိတဲ့ကျမ ပန်းတွေ
ပွင့်မယ်မကြံသေးဘူး ရောဂါစနေပြီ။ နှာရည်ယို၊ မျက်လုံးတွေယား၊ နှာတွေချေ၊
အာခေါင်တွေယားနဲ့  တော်တော် နေရထိုင်ရခက်ပါတယ်။
ဘလော့သူငယ်ချင်းတွေကြားမှာ ၀ဲရောဂါကူးစက်ခံရတာတွေကြားနေရပါတယ်။

ကျမဘလော့မှာ ၀ဲမတွေ့ သေးပေမဲ့ Allergy ကြောင့် ဟိုနားကယား၊ဒီနားကယားနဲ့ 
အလုပ်များနေပါတယ်။
Allergy အကြောင်းတွေတော့ဒီမှာ ရေးဖူးပါတယ်။
နွေဦး Allergy , ကျမနဲ့  Allergy ( Kreuzallergie)
7 comments:
ဘလောခ့်ဝဲ ထက် ကျန်းမာရေးက အရေးကြီးတယ်အစ်မ... ဂရုစိုက်ပါနှော်။
Take care....Shinlay.
Gyidaw
အင်း၊
အဲဒီ အလာဂျီက ခံရတာ ဆိုးတယ်နော်၊
ငယ်ငယ်တုန်းက ဖြစ်ဘူးတယ်။
လပြည့်ရိပ်၊ ဂျီးဒေါ်လေး၊ အပြုံးပန်း
ကျေးဇူးတင်ပါတယ်။
ဟာ ကျွန်မလည်းဒီရောဂါရှိတယ်။
အခုနည်းနည်းချင်းစနေပြီ။
ကောင်းမွန်ဝင်း...ဂရုစိုက်နော်...
အခုထိတော့ မရှိသေးဘူး၊ သူငယ်ချင်းတွေကို ကြည့်ရတာနဲ့တင် ခံရခက်မယ့် allergy လို့ ခန့်မှန်းမိ ပါတယ်၊ သက်သာပါစေဗျာ....။
Post a Comment