Monday 7 March 2011

Rosenmontag!!!

ဒီနေ့  ပွဲလှည့်တာကြည့်ရင်းရိုက်ခဲ့တဲ့ပုံတွေပါ။ ကျမတို့ ဘက်မှာတော့ သစ်သားနဲ့ 
လုပ်ထားတဲ့ မျက်နှာဖုံးတွေ သုံးကြတာတွေ့ ရပါတယ်။ များသောအားဖြင့်တော့
ကြောက်စရာ ပုံတွေပါ။ ဒါမှ အေးလှတဲ့ဆောင်းတွင်းကို ကြောက်ပြီးပြေးအောင်
မောင်းထုတ်နိုင်မှာတဲ့လေ။ သူ့ နေရာ၊သူ့ ဓလေ့ပေါ့။


















11 comments:

Anonymous said...

အစ်မရဲ့ ပုံတွေကြောင့် အိပ်ငိုက်နေတဲ့ မျက်လုံးတောင် ကျယ်သွားတယ် :P

လပြည့်ရိပ်

စူးနွယ်လေး said...

ကျမတော့ဘယ်မှမရောက်ဖြစ်ဘူး

Sunny said...

ပုံတွေ ကြည့်သွားတယ် အစ်မ.. ဆန်းနီလည်း တစ်ခါမှ သေချာမလည်ဖူးဘူး..

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်နှာဖုံး အားလုံးက လန့်စရာတွေချည်း
ဒီမှာတော့ ပူလာပြီ
အဲမှာ နှင်းတွေကျနေတုန်းနော်
ရာသီဥတု ကွာဟချက်ကလည်း ထူးဆန်းလိုက်တာ

ညီလင်းသစ် said...

မျက်နှာဖုံးတွေကို သဘောတကျနဲ့ ကြည့်သွားပါတယ်၊ ဒီဖက်မှာလည်း အဲဒီလို မျက်နှာဖုံးမျိုးတွေ လုပ် ကြတယ်၊ ပျော်စရာကြီးနေမှာပဲ..။

ကောင်းမွန်ဝင်း said...

မျက်နှာဖုံးယဉ်ကျေးမှု က ဂျပန်နဲ့ဆင်တယ်။
အမျိုးအစားတွေလည်းများတယ်နော်။
ကလေးတွေတော့ဘယ်လိုနေမယ်မသိဘူး
ကျွန်မကတော့ နည်းနည်းကြောက်တယ်။

Shinlay said...

လပြည့်ရိပ်... အိပ်ချင်လာရင်ဖွင့်ကြည့်လေ...ဒီနေ့  စတုဂတ်မှာလှည့်ကြမယ်တဲ့။

စူးနွယ်လေး. နဲ့  ဆန်းနီ.. နောင်နှစ်ဒီဘက်ကိုလာ ခဲ့လေ။ လျှောက်ကြည့်ကြတာပေါ့။ တချို့ ကတော့ ဒီပွဲကိုမကြိုက်ကြဘူး။

ချော..ဒီမှာလည်း နေကူပြီးအအေးပေါ့လာပါပြီ။
လမ်းပေါ်က အဖြေူရောင်တွေက Konfetti စက္ကူ
စတွေပါ။ မြန်မာပြည်မှာ သင်္ကြန်ရေပက်သလို သူတို့ 
က စက္ကူစတွေ နဲ့ ကြဲကြ၊ ခေါင်းပေါ်၊ ဆံပင်တွေထဲ
ဖြူးကြ၊ အင်္ကျိတွေထဲ ထဲနဲ့ ...

ကိုညီ ရေ..ထောင်ပိုင်းသားတွေရဲ့ ဓလေ့ထင်ပါရဲ့ ။
မျက်နှာဖုံးတွေတတ်ကြတာလေ။

ကောင်းမွန်ဝင်း... ညီမရေ..အနီးကပ်လာရင် ကျမလည်းကြောက်တယ်။ တချို့ က တကယ် ကြောက်စရာကြီး။ ကခေးတွေကိုခြောက်တယ်။ သူတို့ ခြောက်ပြီးရင် တော့ သကြားလုံးတွေ မုန့် လေးတွေ ပေးကြတယ်။

Anonymous said...

ပျော်စရာကောင်းမှာဘဲနော်...
ကိုယ်တော့ဘယ်မှမသွားဖြစ်သေးပါဘူး...
ရွာသူကြီး

Mon Petit Avatar said...

I just want to put a mask and walk around!

ဇွန်မိုးစက် said...

အမရေ...ပုံလေးတွေ ဝေမျှပေးလို့ ကျေးဇူးနော်။ ဇွန်က နောက်၂ပတ်လောက်ဆို မြန်မာပြည်ခဏပြန်မှာမို့ အလုပ်များနေတာနဲ့ ဘလော့တောင် သိပ်မလည်နိုင်ဘူး။

Shinlay said...

ရွာသူကြီး..ဗုဒ္ဓဟူးနေ့ အထိလည်လို့ ရသေးတယ်။

Mon Petit Avatar ၊ကျမလည်းတွေးမိသား။

ဇွန်.. ပျော်စရာကြီး။ အိမ်ကသူတွေကိုနှုတ်ဆက်လိုက်ပါနော်