http://www.wellness-gesund.info/Reiseratgeber/02-Grosse-Checkliste-Reisekrankheiten/Allergie.jpg
ဒီနေ့ အလွန်လှပါတယ်။ ဒီနေ့ နေပူပါတယ်။၂၅ဒီဂရီလောက်အထိကိုပူပါတယ်။
မနေ့ ကတည်းက စပြီး နေထွက်တာနဲ့ ကျမအလုပ်ကအပြန် ဟိုဟိုဒီဒီလျှောက်
ဖြစ်ခဲ့တယ်။ ညကျတော့ ထုံးစံအတိုင်း လည်ချောင်ယား၊ နှာချေ၊နှာစီး၊
မျက်စိတွေယားနဲ့ အလုပ်များပြန်ရော၊ ခဏကြာတော့ မျက်လုံးကပိတ်မတတ်
ရောင်လာတယ်၊ မျက်နှာကလည်းရောင်လာတယ်။ .... ဒါနဲ့ ပဲဆေးတစ်လုံး
အမြန်သောက်လိုက်ရတယ်။
ဒါကြောင့်ဒီနေ့ နေသာပြီးလှပေမဲ့ ကျမကတော့ အိမ်ထဲမှာပဲနေနေရတယ်။..
မနက်စောစောနဲ့ ညနေစောင်း အပြင်ထွက်ရင် ဘာမှမဖြစ်ပေမဲ့၊ ပန်းဝတ်မှုံ
တွေလွင့်တဲ့ နေပူတဲ့အချိန်တွေဟာ ကျမလို ပန်းဝတ်မှုံအလာဂျီရှိသူအတွက်
တော့ ဒုက္ခတခုပါပဲ။ ကျမနေတဲ့ နေရာကလည်း သစ်ပင်တွေများပါတယ်။
တကယ်တော့ ပန်းခြံထဲသွားပြီးမြက်ခင်းပေါ်မှာထိုင်ရင်းစာအုပ်လေးဖတ်ပြီး
နေချင်တာ။
အပြင်မထွက်ရတော့ စားချင်တာတွေပဲချက်စားရင်းအချိန်ကုန်လိုက်ပါတယ်။
ဒီနေ့ အုန်းထမင်းချက်ဖြစ်ပါတယ်။ ကြက်သားနဲ့ အာလူးဟင်းရယ်၊ဘာလချောင်ကြော်
ရယ်၊ ဂေါ်ဖီပန်းပွင့်သုပ်ရယ်၊ ဟင်းချိုရယ်.... စားလို့ ကောင်းသား။
ဒီ နှစ်အတွက် မြန်မာလုံချည် စ၀တ်ဖြစ်တယ်။ နွေစီးဖိနပ်တွေအသင့်ပြင်ထားတယ်။
ညနေစောင်းရင်တော့ လမ်းထွက်လျှောက်မယ်။ ဖြစ်ချင်ရာဖြစ်...... ဆေးရှိတာပဲ...
ဆိုပြီးအလာဂျီကိုစိမ်ခေါ်လိုက်ပါတယ်။
http://www.allergieratgeber.de/service/ihre-pollenflugvorhersage/?strPkS=bad+krozingen
Saturday, 2 April 2011
Subscribe to:
Post Comments (Atom)
19 comments:
shinlay is really tanarbarde.....
nasiede.....
မြန်မြန်နေကောင်းပါစေ အစ်မရေ ...
ဦးသောမတ်စ် ရဲ့ ကွန့်မန့်ကိုလည်း ပြုံးသွားတယ် :-)
ဒီမှာတော့ အေးတုန်းပဲ အမရေ
ကျမလည်း အ၀တ်တွေ ဖိနပ်တွေသိမ်းနေတာ
အမြန်နေကောင်းပါစေ
Baby taster
ဘ၀တူပါပဲ မရှင်လေး.ဒီမှာ နှာစေးတယ်..အခါနှစ်ဆယ်လောက် ဆက်တိုက် နှာချေတယ်။ အဲလိုမျိုး ၁၀မိနစ်တစ်ခါလောက်ချေတယ်. ဒါပေမယ့် အလာဂျီကြောင့်တော့ အပြင်တော့ မထွက်ပဲမနေချင်ဘူး.. နေသာတာနဲ့ ဖိနပ်စီး..လမ်းလျှောက်ထွက်တော့တာပဲ
mm
ဘ၀တူပါပဲ မရှင်လေး.ဒီမှာ နှာစေးတယ်..အခါနှစ်ဆယ်လောက် ဆက်တိုက် နှာချေတယ်။ အဲလိုမျိုး ၁၀မိနစ်တစ်ခါလောက်ချေတယ်. ဒါပေမယ့် အလာဂျီကြောင့်တော့ အပြင်တော့ မထွက်ပဲမနေချင်ဘူး.. နေသာတာနဲ့ ဖိနပ်စီး..လမ်းလျှောက်ထွက်တော့တာပဲ
mm
Today is very beautiful and here also 25 degree.Read the U Tomas's comment n smile.Take care sis.
Gyidaw
haha.. I was literally looking up tanarbarde and nasiede in German-English google translator. :D
Btw, did you have pollen allergy since you were in Myanmar? It seems a lot of people in US have that too. But I've never heard of that before.
Happy Spring! :)
Sandy
အမရေ.... ကိုယ်ချင်းစာမိတယ်။ ရောဂါတူမတူတော့မသိ ကျမလည်း ရှမ်းပြည်မှာနေတုန်းက ခံစားဖူးတယ်။ နေ့ကို အမြဲနှာချေပြီး၊ ညညဆို နာရီဝက် တနာရီလောက် နှာခေါင်းနဲ့ အသက်ရှုလို့တောင်မရဘူး။ ပါးစပ်နဲ့ရှုတော့ အာခေါင်ခြောက်ပြီး သိပ်မော၊ အဲတော့မှ နှာခေါင်းရဲ့တန်ဖိုးကို ပိုသိလာတာ...။ အပူပိုင်းပြန်ရောက်တော့ အလိုလို ပျောက်ရော။
( U Ko Ko Maung က U Ko Ko Naing အမည်ပြောင်းသွားပြီလား :-) ဒီကနေ နှုတ်ဆက် လိုက်ပါတယ် လို့.... မတွေ့တာ ၅နှစ်နီးပါး)
မိုးစက်ပွင့်
လပြည့်ရိပ်၊ မဘေဘီ၊mm, Gyidaw, Sandy နဲ့ 
မိုးစက်...လာလည်ပြီးအားပေးတာကျေးဇူးပါပဲ။
ှစန္ဒီ..မြန်မာပြည်မှာတုန်းက မရှိဘူး။ ဒီရောက်တော့တောင် ၃နှစ်လောက်အထိ ဘာမှမဖြစ်ဘူး။
ဒီမှာတော်တော်များများဖြစ်ကြတယ်။ တချို့ က သိပ်မဆိုး ပေမဲ့တချို့  ကျတော့ တော်တော်ပြင်းတယ်။
ဆေးနည်းစုံနဲ့ ကုနေကြတယ်။ Traditional medicine ရော nature medicine ရော...
သက်သာပြီးပျောက်တဲ့လူလည်းရှိတယ်။ မပျောက်တဲ့ လူလည်းရှိတယ်။ ကျမအလုပ်မှာလည်း နည်းတော်တော်များများသုံးပြီးကုတယ်။ ကျမတော့ မသက်သာသေးဘူး။
ဟုတ်တယ်မိုးစက်...နှာခေါင်းရဲ့ တန်ဖိုးသိ လာတယ် ဆိုတာလေ...
ကြက်သွန်ဖြူဥတလုံးစုအရ ကိုကိုနိုင်က ပိုကောင်းတယ်လို့  ဆိုသတဲ့။
ကျွန်မလည်း ပြင်ပ သဘာဝပတ်ဝန်းကျင်ကို သိပ်ကြိုက်တာ
ပြီးတော့ ပန်းလည်းသိပ်ကြိုက်တယ်
ပန်းမြင်တာနဲ့ နှာခေါင်းက အလိုလိုအနံ့ခံပြီးသားဖြစ်နေတယ်
ကံကောင်းတာက pollen allergyတော့ မရှိဘူး
ဒီညနေတောင် ပန်းခြံတစ်ခုကို သွားလည်မလို့စိတ်ကူးထားတာ
ရှုခင်းလေးတွေ လျှောက်ကြည့်မလို့လေ။
မရှင်လေးလည်း အမြန်ဆုံး နှာစေးသက်သာပျောက်ကင်းပါစေနော်
ဟုတ်ပါ့ ရှင်လေးရေ..ဒို့လဲဆေးကြိုသောက်ထားလို့သာ တော်နေသေးတာ..ဒါတောင် နှာချေတာတော့ ချေနေတာပါပဲ..
ဒီနေ့သက်သာလားအစ်မ...
ရန်ကုန်မြို့ထဲက သစ်ပင်ဝါးပင်မပေါလို့လားမသိဘူး အလာဂျီမရှိတာ။ ကျမလည်း မိုးစက်လိုပဲ နယ်မှာ နှာခေါင်းပိတ်လို့ ညအိပ်ရင်ပါးစပ်နဲ့ပဲ အသက်ရှုရတယ်။ နှာခေါင်းထဲ ဆရာဝန်ပေးတဲ့ စပရေးဖြန်းမှ သက်သာတယ်။ ရန်ကုန်မှာ ကျောင်းတက်တော့ သူ့ဟာသူပျောက်သွားတယ်။ ဒီမှာလည်း ရောက်ရောက်ချင်း မဖြစ်ဘူး။ ဒီကလူတွေဖြစ်တော့ ရယ်ချင်တယ် ဒီလောက်တောင်သဘာဝနဲ့မတည့်ဘူး၊ ခုခံအားမရှိဘူးတို့ဘာတို့ပြောပြီး နောက်သုံးလေးနှစ်လောက်နေတော့ ကိုယ်လဲအဲလိုဖြစ်လာတယ်။ ခုနောက်ပိုင်းတော့ ပျောက်သွားတာပဲ။ ထပ်မဖြစ်လာသေးဘူး။
စူးနွယ်လေး
ချောရေပန်းခြံထဲကပုံလေးတွေတင်ပေးပါအုံးနော်။
Anonymous သစ်ပင်တွေခုပ်ပစ်ချင်တယ်။
စူးနွယ်ရေ...ဒီမှာတောင် မြို့ ရောက်ရင်သိသိသာသာ
သက်သာတယ်။ ကျမနေတဲ့ နေရာကတောသာသာ
ဆိုတော့ မလွယ်ဘူး။ ဂရုစိုက်နော်။
ဖြစ်ရလေ အစ်မရယ်။ တစ်ခါမှတော့ မဖြစ်ဖူးဘူး။ ဒါပေမယ့် အဲဒီဒုက္ခကို ခံစားကြည့်လို့တော့ရတယ်။
ဒီရောဂါ က ရုပ်ပျက်တယ် ရှင်လေးရယ်။
ရုံးကိုဧည့်သည်လာရင် သူတို့ကို ကိုယ်မသိပေမယ့် သူတို့ကိုယ်မှာကပ်ပါလာတဲ့ ပန်းဝတ်မှုန်ကို ကိုယ့်နှာခေါင်းကသိတယ်။
အားကြီး အလုပ်ရှုပ်တယ်။ နှပ်ချေးညှစ်လိုက် မျက်ရည်သုတ်လိုက် နှာချေလိုက်နဲ့ နော်။
ဘ၀တူချင်း တွေပါ။
တိုကျိုမှာ နေတဲ့ သူငယ်ချင်းကလည်း သူတို့ဆီမှာလည်း အဲ့လို ပန်းဝတ်မှုန်တွေ ကြွေတဲ့ရာသီမှာ နှာစေး နှာချေဖြစ်တဲ့အကြောင်း ပြောဖူးတယ်။
ကိုဧရာလည်း အမြဲတန်း နှာစေးနေတယ်။ နှာချေ မိရင်လည်း အဆက်မပြတ်ပဲ။ သူကတော့ ဖုန်တို့ အနံ့တို့ကြောင့် ဖြစ်တာ...ဆေးသောက်နေရတာ နှစ်ချီနေပြီ။
***ကြက်သွန်ဖြူ ဥတလုံးစု နာမည်ပေးနည်း တွက်တတ်တယ်။
မရှင်လေးရေ
ပန်းဝတ်မှုန်အလာဂျီညီမလည်းဖြစ်ချင်သလိုလိုနဲ့
ဒီနှစ်ဆောင်းတွင်းမှာလေ။
အမြဲနွေးနေအောင်ဝတ်ထားရတယ်
ကျန်းမာရေးဂရုစိုက်နော်
Evy, ကောင်းမွန်ဝင်း၊ sonata-cantata၊ Kyaw Hnin Se Lwin... လာအားပေးတာကျေးဇူးပါပဲ။
တနင်္ဂနွေနေ့ နဲ့ မနေ့ ကတော့ အတော်ခံလိုက်ရတယ်။။
ဒီနေ့ တော့သက်သာလာပါတယ်။
How r u today Shinlay?feeling better?I also feeling sudden running nose,itching around eyes n sneezing.But i can't stop enjoying the fragrance of new leaves,buds n flowers in spring.Take care sis.
Gyidaw
Post a Comment