Thursday 7 April 2011

ကျေးဇူးပါသူငယ်ချင်းတို့ ရေ

တနင်္လာနေ့ က နေမကောင်းလို့ ခွင့်ယူမလားစိတ်ကူးရုံရှိသေးတယ်။
အလုပ်လုပ်ဖေါ်တယောက်က ကျမထက်ဦးစွာခွင့်ယူသွားတယ်။
တနင်္ဂနွေနေ့ မနက်က အပြင်ခဏထွက်မိပါတယ် တညနေလုံး ခံလိုက်ရတယ်။
တနလာင်္နေ့ အလုပ်ရောက်တော့ နှာရည်ကတောက်တောက်ကျ...
Project တစ်ခုကရှိနေတော့ အလုပ်ကလည်း ပုံမှန်ထက်များ၊
နှာရည်သုပ်လိုက်၊ ဟတ်ချေးလုပ်လိုက်....

နောက်နေ့ ကျတော့ပြောင်းသောက်လိုက်တဲ့ဆေးကြောင့် နှာရည်မကျ
တော့ပဲ နှာခေါင်းကပိတ်သွားလိုက်တာ အသက်ရှုလို့ တောင်မရတော့
ဆေးထဲ့ရပြန်ရော...

၃ရက်ဆက်တိုက် နေ့ စဉ် ပုံမှန်ထက် ၄နာရီလောက် ပိုလုပ်လိုက်ရတာဒီနေ့ 
တော့ နားရက်ရပါတယ်။ နေလို့ လည်းကောင်းလာပါတယ်။ မနက်ပိုင်းအလုပ်
ခဏသွား လွဲစရာရှိတာသွားလွဲပြီး တနေ့ လုံးအိမ်ထဲမှာပဲနေလိုက်ပါတယ်။
မနက်ဖြန် တနေ့ လုံးအလုပ်လုပ်ရအုံးမှာဆိုတော့ အားမွေးထားအုံးမှ။

သတင်းမေးကြ၊ အားပေးကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
မမြင်ဖူးကြပေမဲ့ မိတ်ဆွေရင်းတွေလို ဂရုတစိုက်ရှိကြတဲ့ ဘလော့ မိသားစုဝင်တွေကို
အထူးကျေးဇူးတင်ပါတယ်။

8 comments:

Anonymous said...

ဒီမှာလည်း အခုတလော နေမကောင်းဖြစ်သူ
တွေရှိနေတယ်..။
နှာရည်ယို..ခေါင်းကိုက်တဲ့..။
သတိထားပါ မရှင်လေးရေ..။


ပေါက်

Kyaw Hnin Se Lwin said...

မရေ ညီမလည်းဒီမှာငလျှင်ပြီးတာနဲ့ဖျားတော့တာ ခုမှပျောက်တာ ဂရုစိုက်နော်

မိုးစက်ပွင့် said...

ကိုယ်တွေ့ကတော့ ကိုယ်လက် လေ့ကျင့်ခန်းလုပ်၊ နောက် စွပ်ပြုတ်ပူပူလေးသောက်ရင် သက်သာသလိုပဲ မမ

ချော(အစိမ်းရောင်လွင်ပြင်) said...

ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တာလဲ ဖြစ်နိုင်တယ်နော်။
မရှင်လေး အမြန်သက်သာပါစေလို့..

Myanmar Good Knowledg Co., Ltd said...

ကျွန်မလည်း ဆေးသောက်ရတယ်။
အဲဒီမှာတော့ ဘယ်လိုလဲမသိဘူး။ ဒီကဆေးက အိပ်ချင်တယ်။
နေရခက်တာကော အိပ်ချင်တာကော ကိုခံစားရတာ ဆိုးဝါးလှပါတယ်။
ရှုဆေးကို တော့ ဒီကဆေးမသုံးဘူး။
မြန်မာပြည်မှာ သုံးကြတဲ့ ထိုင်းကလုပ်တဲ ရှူဆေးဗူးရယ်။
မြန်မာပရဆေး “အဘထ” ဆိုတာရယ်ကတော့ ကျွန်မအတွက်အဆင်ပြေတယ်။

ဂရုစိုက်နော်။

ညီလင်းသစ် said...

မိတ်ဆွေတွေထဲမှာ အဲဒီလို ဖြစ်တာ အများကြီးပဲ၊ သူတို့ ကိုကြည့်ရတာ တော်တော်လေး ခံရခက်တဲ့ အလာ့ဂျီ ပါပဲ၊ အမြန်ဆုံးသက်သာ ပါစေဗျာ...။

Anonymous said...

Glad to know u r feeling better.I can't get up as usual this morning cos of medicine for the allergy.Feeling better in the afternoon gradully n only itching abit around eyes:)Enjoy sunny day...
Gyidaw

Shinlay said...

Thanks my friends....