Tuesday 12 April 2011

သင်္ကြန်ရောက်ပြီ


သင်္ကြန်အကြိုနေ့ ... အိမ်နားမှာရှိတဲ့ ပန်းရွက်တွေကို ခူးပြီး အတာအိုးထိုးဖြစ်ပါတယ်။
သင်္ကြန်သီချင်းတွေလည်းနားထောင်ဖြစ်ပါတယ်။ ငယ်ငယ်က ကြုံတွေ့ ခဲ့ ရတဲ့
သင်္ကြန်ရက်တွေကို သတိရမိလွမ်းမိပါတယ်။
အဝေးမှာရောက်နေကြတဲ့ မောင်နှမ၀မ်းကွဲတွေကိုသတိရတယ်။ ရပ်ကွက်ထဲမှာ
ခွက်လေးတွေနဲ့ ရေပက်ကြတဲ့ အရွယ်ကနေ သူငယ်ချင်းတွေနဲ့ ရေပက်မဏ္ဍပ်မှာ
ရေပက်ခဲ့ကြတာသတိရတယ်။ မောင်နှမတသိုက် ရေပက်ခံထွက်ခဲ့ကြတာကိုလည်း
သတိရတယ်။

တူးပို့ သံတွေနဲ့ မမောမပန်းသင်္ကြန်ယိမ်းကကြတဲ့ သူငယ်ချင်းတွေကို သတိရတယ်။

သင်္ကြန်အချိုပွဲတွေကိုလည်းလွမ်းပါတယ်။ မုန့် လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့် လက်ဆောင်း၊
အလွမ်းပြေလုပ်ဖြစ်ပါအုံးမယ်။

နှစ်ဆန်းရက်မှာ ခေါင်းလျှော်ရည်ဝေလေ့ရှိတဲ့ အဒေါ်ကိုလည်းသတိရပါတယ်။

ကျမသတိရနေသလို ကျမအမေ၊ ကျမအဒေါ်တွေလည်း အဝေးရောက်နေကြတဲ့
ကျမတို့ ကလေးတသိုက်ကို သင်္ကြန်ရက်တွေမှာ သတိရနေကြမှာပါ။

မနက်ဖြန်တော့ အနားမှာရှိတဲ့သူကိုပဲရေပက်ရမယ်။.............

၁၆.၀၄.၂၀၁၁ စနေနေ့ မှာ ဂျာမနီက လာအိုးနှစ်သစ်ကူးပွဲကိုသွားပါမယ်။
Mannheim မြို့ နားက Ketsch ဆိုတဲ့မြို့ က Rheinhalle မှာကျင်းပမှာပါ။
မနှစ်တုန်းက ဓါတ်ပုံတွေ ဒီမှာကြည့်လို့ ရပါတယ်။
http://wat-lao.org/Fotos/Veranstaltungen/2010/pimai/album/index.html

နီးတဲ့သူတွေလာလို့ ရတာပေါ့။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ သင်္ကြန်အချိန်ဖြစ်ပါစေ။
ပျော်ရွှင်သာယာအောင်မြင်သော နှစ်သစ်ဖြစ်ပါစေလို့  သူငယ်ချင်းတို့ ကို ဆုတောင်း
ပေးလိုက်ပါတယ်။

12 comments:

လပြည့်ရိပ် said...

အစ်မနဲ့ ဦးသောမတ်စ်ကို တွေ့ရင် ရေလောင်းရမယ် :D

Shinlay said...

လပြည့်ရိပ်ရေ..အိုးမဲသုပ်လိုက်မှာနော်...
ရေပက်ဖို့ ယူခဲ့မယ်။ :)

စူးနွယ်လေး said...

အိုးမဲဘယ္ကရ..ဟဲဟဲ

Mon Petit Avatar said...

Happy New Year, Ma Ma Shin Lay!!!!

ကောင်းမွန်ဝင်း said...

ရှင်လေးရေ
သင်္ကြန်အကြိုနေ့ ရေလာလောင်းတယ်။
ကလေးဘ၀တုန်းက အကြိုနေ့ရေလောင်းလို့ရလား မရလား လူကြီးတွေကို မေးရတာအမော။ သိပ်ရေလောင်းချင်နေခဲ့တာ။

မိုးစက်ပွင့် said...

အစ်မ
ဦးကိုကိုနိုင်ကို များများလောင်းပါဗျို့ :-)

ညီလင်းသစ် said...

ပျော်စရာကြီး ဖြစ်မှာပဲ၊ အေးချမ်းသော သင်္ကြန် ဖြစ်ပါစေဗျာ...။

IDIOT-Ki said...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပြီး လိုအင်ဆန္ဒပြည့်ဝပါစေ.. မရှင်လေး ရေ..

Sonata Cantata said...

တာအိုးလေး သဘောကျလိုက်တာ... မရှင်လေးရေ

လပြည့်ရိပ် said...

အစ်မ ဒီမှာလာပြီနှော် ...

http://i717.photobucket.com/albums/ww173/prestonjjrtr/Smileys%20Holidays/April%20Fools/water_bomb_2_text.gif

:D :D

Anonymous said...

ရေပက်ချင်လိုက်တာ။
ဒီမှာတော့ ဟိုတနေ့က ဆမ်ဘားဝမ်မှာ စတုဒီသာကျွေးတာ၊
ကလေးတွေ ရေပက်ကစားကြတယ်၊
လူကြီးတွေလည်း
ရေသန့်ဗူးတွေနဲ့ နည်းနည်းလောင်းကြတာပေါ့။
ပျော်စရာပါ။

ငယ်ငယ်တုန်းက အိမ်မှာ ဆင်နွှဲခဲ့ရတာတွေကို စားမြုံ့ပြန်နေမိတယ်။

Shinlay said...

စူးနွယ်ရေ အိုးမဲမရတော့လည်း ဆေးအမဲပေါ့။
ကျေးဇူးပါစူးနွယ်၊ Mon Petit Avatar၊နဲ့  သူငယ်ချင်းများ....

ကောင်းမွန်ဝင်း.... အကြိုနေ့ ကသူ့ ကိုဦးအောင်ပက်လိုက်တယ်။ ကလေးသင်္ကြန်ပေါ့...

မိုးစက်စိတ်ချ လောင်းလိုက်မယ်။
သူခမျာကျမကိုလောင်းလို့ မရဘူး။ ဒီနေ့ ပဲ ကျမ operation လုပ်ထားလို့ ၂ရက်ရေမထိရဘူးတဲ့...

ကိုညီ ၊ကိကိ နဲ့  sonata-cantataရေ ကျေးဇူးပါရှင်။

လပြည့်ရိပ် ရေပက်ဖို့ ပြင်ထားတယ်။
စနေနေ့ တော့ရေထိလို့ ရမယ်ထင်ပါတယ်။
ရေဘောလုံးလောက်တော့ မကြောက်သေးပေါ့...