Wednesday 13 April 2011

ရေမထိရတဲ့သင်္ကြန်

ဒီနေ့ သင်္ကြန်အကျနေ့ ... မနေ့ က ကြိုလုပ်ထားတဲ့ ရွှေထမင်းနဲ့  မနက်စောစော
ဘုရားဆွမ်းကပ်ဖြစ်ပါတယ်။
ဒီနေ့ ကျမခွဲစိတ်ဖို့ ရက်ချိန်းယူထားတာနဲ့ အလုပ်ကအပြန် ဆေးရုံကိုတန်းသွား
လိုက်ပါတယ်။ မိုးစက်ပွင့်ရဲ့ နေရစ်ခဲ့တော့စံပယ်တင် ထဲကလိုပဲ ကျမကတော့
ရင်သားပေါ်က မှဲ့ တစ်လုံးကအရောင်ပြောင်းလာတာရယ်၊ နောက် လက်သည်းခွံ့ 
လောက်အခဲလေးတစ်ခု ရှိနေတာရယ်ကို ဒီနေ့ ပဲခွဲထုတ်လိုက်ပါတယ်။

အလုပ်ကအပြန် တယောက်ထဲ မကြောက်ပါဘူးဆိုပြီးသွားလိုက်ပါတယ်။
ဟိုရောက်တော့ ခွဲစိတ်ခန်းဝတ်ရုံဝတ်၊ ခွဲစိတ်ကုတင်ပေါ်တက် နဲ့ လာသမျှ သူနာပြု
တွေဆရာဝန်တွေကို ခွဲမဲ့နေရာပြ..... သူနာပြုတွေက တော်တော်လေးကောင်းပါတယ်။
အချိန်ယူပြီးပြင်ဆင်ပေးပါတယ်။ ဒီအလုပ်တွေဟာ ကျမအလုပ်မှာလုပ်နေကြဆိုတော့
ကြောက်တာတော့မကြောက်ပါဘူး။ ဆရာဝန်ကထုံဆေးလာထိုးပါတယ်။ သူက တနေရာထဲ
ထိုးသွားလို့ နောက်တနေရာ မှာ ထိုးဖို့ ထပ်ခေါ်ရပါတယ်။

ဆေးထိုးပြီး ၅မိနစ်လောက်ကြာတော့ စခွဲပါတယ်။ မျက်နှာရှေ့မှာကာထားပေမဲ့ 
သူတို့ လုပ်နေတာတွေကို သိနေပါတယ်။ နာတာတော့မနာပါဘူး။ ခွဲပြီးချုပ်နေတာလည်း
သိနေပါတယ်။ ၁၀ မိနစ်လောက်ကြာတော့ ၂ နေရာလုံးခွဲပြီး၊ ချုပ်ပြီးသွားပါတယ်။
အားလုံးပြီးသွားတော့ ဆရာဝန်က လာနှုတ်ဆက်ရင်း ၂ ရက် ရေမထိရဘူးလို့ မှာပါတယ်။


အိမ်ပြန်ရောက်တော့ ကိုသောမတ်စ်ခမျာ ကျမကိုရေမလောင်းတော့ဘူးတဲ့။
ခြေထောက် တို့ လက်တို့ တော့လောင်းလို့ ရပါတယ်လို့ ပြောရသေးတယ်။ ကျမက
သင်္ကြန်ရေ ထိရမှာကြိုက်တယ်လေ။
စနေနေ့ တော့ တွေ့ တဲ့လူ(မြန်မာ)တွေကိုရေပက်ပစ်မယ်။

17 comments:

ညီလင်းသစ် said...

သင်္ကြန်တွင်းမှာမှ ရေမထိရဘူး-တဲ့လား၊ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်...၊း) ခွဲစိတ်တာ ချောချောမွေ့မွေ့ ပြီးသွားတာ သိရလို့ ဝမ်းသာပါတယ်..။

Shinlay said...

ဟုတ်ပါ့ကိုညီရယ်...သူနဲ့ ကျမှတိုက်တိုက်ဆိုင်ဆိုင်..

rose said...

အစ်မရှင်လေး... နှစ်သစ်မှာ ကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ ဂရုစိုက်နော် အစ်မ။

Anonymous said...

အမရေ... မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ
သေးငယ်တဲ့ခွဲစိတ်မှုဆိုတော့ မပူရဘူးပေါ့
နေကောင်းပါစေ

Baby taster

Anonymous said...

မရှင်လေးက သတ္တိကောင်းတယ်

စူးနွယ်လေး

Anonymous said...

အင်းလေ၊
သတ္တိကောင်းလိုက်တာ။
Bravo

စန္ဒကူး said...

မမရှင်လေး.. အမြန်ထူထောင်နိုင်ပီး ရေလောင်းခံနိုင်ပါစေနော်...
ကူးတော့ရေသိပ်ကြောက်..း))

Myanmar Good Knowledg Co., Ltd said...

ခွဲစိတ်မှုအဆင်ပြေတာသိရလို့စိတ်အေးစရာပေါ့။
ဂရုစိုက်နော်။
ရေမထိရတဲ့ သင်္ကြန် တကယ်မှန်တာပဲ။
နီးရင်တော့ ရေလောင်းခံရမယ်ထင်ပါရဲ့။

စော(အဝါရောင်မြေ) said...

စနေ တစ်ရက်ကျန်ပါသေးတယ် ပူနဲ့ နော်
ရေလောင်းခံမဲ့သူကလည်း ဘေးမှာရှိနေတာပဲ

Anonymous said...

ရှင်လေး..
နှစ်သစ်မှာပျော်ရွှင်ပါစေ။ အမြန် ဆုံးရီကာဗာ ဖြစ်ပါစေလို့ ။
အိုင်အိုရာ

khin said...

hi sis,

take care ur health! wishing you and Thomas a happy myanmar new year.

ဇွန်မိုးစက် said...

အစ်မရေ... ပျော်ရွှင်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။ အွန်လိုင်းပေါ်ကနေပဲ ရေလောင်းသွားတယ်... မစိုပါဘူးနော်။ :D

Me said...

အစ်မရေ.. ခွဲစိတ်မှုကို ပေါ့ပေါ့ပါးပါးလေး ကျော်ဖြတ်နိုင်တာ ချီးကျူးပါတယ်... (ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိတယ်).... နှစ်သစ်မှာ ကိုယ်ကျမ်းမာပြီး စိတ်ချမ်းသာပါစေနော်...

မိုးစက်ပွင့်

Anonymous said...

What a coincidence!Though i keep sabath,i come to throw water both Thomas n you.Anyway "BWAN,BWAN,BWAN"Take care little sis.You are brave and independent.
With love,
Gyidaw

Shinlay said...

rose, ma Baby, စူးနွယ်၊ အပြုံးပန်း၊ကူးကူး၊ ကောင်းမွန်ဝင်း၊ စော၊ အိုင်အိုရာ၊ခင်၊ဇွန်၊ မိုးစက်၊
ဂျီးဒေါ်.......လာလည်ပြီးအားပေးတာကျေးဇူးပါရှင်။
သင်္ကြန် ရေများများ စိုကြပါစေ.....

မောင်သီဟ said...

မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ပါစေ....
း)

Shinlay said...

ကျေးဇူးပါ ကိုဘကြိုင်...