Monday 18 April 2011

ကျမနဲ့ မြန်မာဝတ်စုံ



ပြီးခဲ့တဲ့စနေ (၁၆.၄.၂၀၁၁) က ကျမတို့ ဂျာမနီရောက်လာအိုးလူမျိုးတွေ
ကျင်းပတဲ့ နှစ်သစ်ကူးပွဲကိုရောက်ပါတယ်။ ပွဲအကြောင်းလေးကိုတော့
လပြည့်ရိပ်ကဒီမှာရေးထားပါတယ်
ဒီပွဲဟာ ကျမအတွက် တနှစ်တခါမြန်မာပြည်အလွမ်းပြေဆိုလည်းဟုတ်သလို၊
မြန်မာဝတ်စုံကို ၀င်ခွင့်ရတဲ့ပွဲလည်းဟုတ်ပါတယ်။
ဆောင်းတွင်းတစ်ခုလုံး အနွေးထည်ထူထူတွေ၊ဂျာကင်တွေ၊ ခေါင်းစွပ်တွေကို
ကြိုက်ကြိုက်မကြိုက်ကြိုက် ၀တ်ခဲ့ရတဲ့နောက် ဒီပွဲမှာမြန်မာလို ၀တ်ခွင့်ရတော့
တကယ့်ကိုပျော်ပါတယ်။
ဒီသင်္ကြန်ပွဲအတွက်ဘာဝတ်မယ်ဆိုတာကို အကြာကြီးကတည်းက ကြိုတွေးပြီးသား
ပါ။ လာအိုးလူမျိုးတွေကလည်း ဒီပွဲမှာ သူတို့ ရိုးရာ ၀တ်စုံတွေဝတ်ကြတော့
သူတို့ လှနေသလိုကျမလည်းလှချင်ပါတယ်။ သူတို့ ရိုးရာဝတ်စုံ ကို ကျမတို့ ကြည့်
ခွင့်ရသလို ကျမတို့ မြန်မာဝတ်စုံကိုလည်းသူတို့ ရှေ့မှာဝတ်ပြချင်ပါတယ်။

ကျမတို့ မြန်မာဝတ်စုံနဲ့ လာအိုးဝတ်စုံက တော်တော်တူပါတယ်။ သူတို့ လည်း
လုံချည်ပဲဝတ်ကြပါတယ်။ အခုခေတ်တော့ စကတ်ထမီလိုချုပ်ထားတာပေါ့လေ။
သူတို့ ရဲ့ အချိတ်ဆင်က ထမီရဲ့အောက်နားမှာပါ၊ကျမတို့ ဒူးနားချိတ်နဲ့ ခပ်ဆင်ဆင်
တူပါတယ်။ ပုဝါကိုသူတို့ က ရင်ပတ်မှာ သိုင်းပြီးခြုံပါတယ်။ ကျမတို့ ကတော့
ပုဝါကို စုံချရင်ချ၊ အစနှစ်ဘက်ရှေ့ချပြီး ခြုံရင်ခြုံပါတယ်။

http://www.activeboard.com/forum.spark?aBID=98894&p=3&topicID=23274230

ဒီနှစ်တော့ကျမ ပတ်လည်ချိတ်လေးဝတ်ဖြစ်ပါတယ်။ လုံချည်က မြန်မာပြည်က
မိတ်ဆွေကလက်ဆောင်ပါးလိုက်တာပါ။ အကျိံနဲ့ ပုဝါကိုတော့ မနှစ်ကရန်ကုန်
ပြန်ရင်းချုပ်လာတာပါ။ ဒီလုံချည်က ကွင်းလုံချည်ပါ၊ မနှစ်ကစကတ်ထမီဝတ်ကြည့်
ပါတယ်။ သိပ်မကြိုက်တာနဲ့ ကွင်းလုံချည်ပဲချုပ်ဖြစ်ပါတယ်။
မြန်မာဝတ်စုံကိုဝတ်ရတော့ အရင်ကကျောင်းမှာ အလုပ်လုပ်
တုန်းပွဲတွေရှိရင် သူငယ်ချင်းတသိုက် အလှပြိုင်ကြတာသတိရမိပါတယ်။
သာမန်လုံချည်တွေကိုတော့နွေဆိုရင် မကြာခဏ၀တ်ဖြစ်ပေမဲ့ အခုလိုကြကြနန
တော့မ၀တ်ဖြစ်ပါဘူး။ ကြုံတောင့်ကြုံခဲ အခွင့်အရေးကို အရယူပြီး ကျမ မြန်မာဆန်ဆန်
အလှပြင်ခဲ့ပါတယ်။

တရားနာရင်း၊အလှူပြုရင်း၊ ဘုန်းကြီးဖူးရင်း ၊အာရှအစာတွေစားရင်း၊ မြန်မာစကား
တွေပြောရင်း၊အာရှလူမျိုးတွေ ကြား မြန်မာလိုဝတ်ရင်း..... ခေတ္တခဏ မြန်မာပြည်ပြန်ရောက်နေသလိုခံစားရပါတယ်။

22 comments:

လပြည့်ရိပ် said...

အစ်မ.. မြန်မာချိတ်ကလေးနဲ့ အရမ်းလှတယ်။

Anonymous said...

ဗမာဝတ်စုံလေးနဲ့လှတယ် :D

စူးနွယ်လေး

ညီလင်းသစ် said...

ဆံပင်ကို သိမ်းထုပ်ပြီး၊ စုံပုဝါအသာချလို့ မြန်မာဝတ်စုံ နဲ့ဆိုတော့ profile က ပုံနဲ့တောင် မတူလို့ သိပ်မမှတ်မိ ချင်ဘူး၊ ပြောမထားရင် ညီမတစ်ယောက် လာလည်တာ လို့တောင် ထင်မိဦးမလားမသိ....။း)

Iora said...

ကျက်သရေရှိလိုက်တာ။
အရောင်ကလည်းကိုယ်ကြိုက်တဲ့ရောင်လေး။

Anonymous said...

လှတယ် အမ၊
အရောင်လည်း လှတယ်၊
မြန်မာဝတ်စုံ က သိပ်လှပါတယ်။

Anonymous said...

OH...Lovely Nyimalay!
I like both the colour of your dress and your so cute sentence"I like to be beautiful as them"You've been already:)
Gyidaw

Evy said...

အရောင်လေးကချစ်စရာလေးမရှင်လေးရေ။ မြင်ရတာ ကျက်သရေရှိလိုက်တာ

Mon Petit Avatar said...

I don't know how to put it right, you look amazing, cute, and elegant.

Mon Petit Avatar said...
This comment has been removed by the author.
Mon Petit Avatar said...

I am sorry Ma Ma, I clicked "publish your comment" so many time by mistake, hehe!

ကောင်းမွန်ဝင်း said...

အရောင်လေးကလှတယ်။
ရှင်လေးက ယဉ်တယ်နော်။

PhyoPhyo said...

အရောင်လေးလှတယ်၊
မြန်မာဝတ်စုံလေးနဲ့ လှလိုက်တာ၊
အပြုံးလေးပဲ နည်းနည်းလိုသွားသလိုပဲ၊
profile ပုံလေးလို ရယ်ရင်ပိုလှမှာ၊

Shinlay said...

လာအားပေးကြတဲ့သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

subuueain said...

အရမ်းကျက်သရေရှိပါတယ် မရေ

Unknown said...

အမရှင်လေး .. ပွဲတော်နေ့က မြန်မာဝတ်စုံလေးနဲ့ အရမ်းကျက်သရေရှိတယ် .. ချစ်ဖို့လည်း ကောင်းတယ် .. <3

ဇွန်မိုးစက် said...

အမရှင်လေးက မြန်မာဝတ်စုံနဲ့ သိပ်ကိုကြည့်လို့လှ ကျက်သရေရှိနေတာ တကယ်ပါ။ မြန်မာပြည် သင်္ကြန်အလွမ်းပြေ ဆင်နွှဲခွင့်ရတော့ ပျော်စရာကောင်းသွားတာပေါ့နော်။
ကိုသောမတ်စ်နဲ့ အမရှင်လေးတို့ နှစ်သစ်မှာ ကျန်းမာရွှင်လန်းကြပါစေလို့ ဇွန်က ဆုတောင်းပေးသွားပါတယ်။း)

Shinlay said...

လပြည့်ရိပ်၊စူးနွယ်လေး၊ Iora၊ ကိုညီ (profile ပုံ ကလွန်ခဲ့တဲ့ ၂နှစ်လောက်ကဆိုတော့ အခုပုံက ၂နှစ်လောက် ကြီးတဲ့ အစ်မ ပုံပါ။:))

အပြုံးပန်း၊ဂျီးဒေါ်၊Evy၊Mon Petit Avatar၊ ကောင်းမွန်ဝင်း၊ ဖြိုး၊စုဘူး၊ သော်လေး၊ ဇွန်...
ကျေးဇူးတင်ပါတယ်။

စော(အဝါရောင်မြေ) said...

အမရေ ပုံလေးက အားလုံးပြည့်စုံတယ်။ ဒါပေမယ့် ဖိနပ်လေး တစ်ခုပဲ ညှပ်ဖိနပ်လေးနဲ့ ဆိုရင် ပိုလည်း ပြည့်စုံသွားမယ်ထင်ပါတယ်။
ခုတော့ တစ်ခုခု လိုသလိုပါပဲ။
ဒါပေမယ့် ဒါလောက်ပြည့်စုံတာပဲ ဟုပ်နေပါပြီ။

Shinlay said...

စော.. နွေရောက်ရင်တော့ ညှပ်ဖိနပ်စီးတာပေါ့။

သက်ဝေ said...

မြန်မာဝတ်စုံလေးက ဘယ်တော့ဖြစ်ဖြစ် ကျက်သရေရှိရှိ လှပတင့်တယ်နေတာပါပဲ...။
လှတယ် မရှင်လေးရေ...း))

Kyaw Hnin Se Lwin said...

မရေ
မြန်မာဝတ်စုံလေးနဲ့ယဉ်လိုက်တာ
ညီမကလူကသေးပြီးပိန်တော့
မြန်မာဝတ်စုံမလိုက်ဘူး
ဒါပေမဲ့သိပ်ကြိုက်တော့ခက်တယ်
ချည်သားတွေအကြိုက်ဆုံးပဲ

PAUK said...

မြန်မာဝတ်စုံနဲ့လှနေတယ်..မရှင်လေးရေ..