Sunday 3 July 2011

ဓမ္မမိတ်ဆွေ


မနေ့ က စိတ်ဝင်စားစရာကောင်းတဲ့ တွေဆုံပွဲတစ်ခုကိုရောက်ဖြစ်ပါတယ်။
အဲ့ဒီပွဲလေးကို လာရောက်တဲ့သူတွေကတော့ ဂျာမန်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။
စုစုပေါင်း အယောက် ၂၀ခန့် ဓမ္မမိတ်ဆွေ တယောက်အိမ်မှာ တွေ့ ကြတာပါ။
အဲ့ဒီပွဲကို သွားရတဲ့အကြောင်းကတော့ ကျမနဲ့ ကိုသောမတ်စ်တို့ လေးစားရတဲ့၊
ဗုဒ္ဓဘာသာစာအုပ်တွေကို ဂျာမန်လိုရေးနေတဲ့ စာရေးဆရာကြီး နဲ့ တွေ့ ပြီး
ဂါရ၀ ပြုဖို့ ပါ။

တခါက ဓမ္မစာအုပ်တစ်အုပ် ၀ယ်ဖြစ်ပါတယ်။ စာရေးတဲ့သူက (ဦး)Fritz Schäfer
ဖြစ်ပြီး ခေါင်းစဉ်ကတော့ "Der Buddha sprach nicht nur für Mönche und Nonnen"
ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ "ဘုရားဟောခဲ့တာတွေဟာ ဘုန်းကြီးတွေ သီလရှင်တွေ
အတွက်ပဲမဟုတ်ပါဘူး"လို့ ဆိုပါတယ်။ စာမျက်နှာ ၈၈၀ ရှိပါတယ်။ စာရေးသူဟာ
ဂျာမနီနိုင်ငံမှာ အစောပိုင်း ဗုဒ္ဓဘာသာ နဲ့ ပတ်သက်တဲ့ ကျော်ကြားတဲ့ ပညာရှင်
တစ်ယောက်ပါ။ သူဟာ အရင်က ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပါဠိစာပေကို
ကိုယ်တိုင်လေ့လာခဲ့သူတစ်ဦးပါ။ စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ပါ။
အထူးသဖြင့် ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတဲ့သူတွေအတွက် အခြေခံသိသင့်
သိထိုက်တာတွေပါလို့ အလွန်အဖိုးတန်တဲ့ စာအုပ်တစ်အုပ်ပါ။

ကျမတို့ က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ် ရတနာသုံးပါးဆုံးမမှုတွေနဲ့ ကြီးပြင်း
လာရတော့ အခြေခံသဘောထားတွေကို သိနေပေမဲ့ သူတို့ တွေကတော့ ဒါတွေကို
သိအောင်ပြန်လုပ်ရပါတယ်။ ဟောပြောညွှန်ပြပေးမဲ့ သံဃာတော်တွေကလည်းမရှိလေ
တော့ တော်တော်အချိန်ယူလေ့လာကြရပါတယ်။

မနေ့ ကပွဲမှာတော့ အသက် ၈၈နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ (ဦး) Fritz Schäfer
လာပါတယ်။
ဒီအဖွဲလေးဟာ တစ်လတစ်ကြိမ်တွေ့ ကြပြီး တရားဆွေးနွေးကြတာပါ။ ပထမပိုင်း
(ဦး)Fritz Schäfer က သူ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ Realität nach der Lehre des
Buddha
စာအုပ်ထဲက စာတွေဖတ်ပြပါတယ်။ နောက် အားလပ်ချိန်မှာ လာရောက်
သူတွေ အတွက်စားစရာလေးတွေချထားပေးပြီးစားရင်းသောက်ရင်း မိတ်ဖွဲ့ ကြ၊
ဆွေးနွေးကြ၊ အတွေ့ အကြုံတွေ ဖလှယ်ကြပါတယ်။ နောက်တော့

(ဦး) Fritz Schäfer ကစာကိုအပြီးသတ်ဖတ်ပြီး ကျန်တဲ့သူတွေက နားမလည်
တာတွေကို မေးကြ၊ဆွေးနွေးကြပါတယ်။
သူတို့ မေးတာတွေက နေ့ စဉ်ကြုံနေရတဲ့ ကိစ္စတွေထဲမှာ တရားသဘောနဲ့ ဘယ်လို
ဆင်ချင်ပြီးနေဖြစ်တယ်၊ နေရမယ်ဆိုတာတွေ ပြောကြဆွေးနွေးကြပါတယ်။
စိတ်ဝင်စားစရာပါ။

အသက် ၈၈နှစ်အရွယ် (ဦး) Fritz Schäfer ဟာ လူရောစိတ်ပါကျန်းမာလျှက်ပါပဲ။
အေးချမ်းဖေါ်ရွေတဲ့မျက်နှာရှိပြီး အလွန်သဘောကောင်းပါတယ်။ သူ့ ကို့ တွေ့ ခွင့်၊
စကားပြောခွင့်ရလို့ ကျမတို့ အလွန်ဝမ်းသာမိပါတယ်။
သူအပါအ၀င် တခြားဓမ္မမိတ်ဆွေ အသစ်များရရှိလို့  မနေ့ က ကျမအတွက်
မင်္ဂလာရှိတဲ့နေ့ တစ်နေ့ ပါ။

9 comments:

Shinlay said...

မဟုတ်ပါဘူး။သူက ကမ်ဘောဒီးယားကပါ။

NO said...

Hello! Dear Shinlay,Thank you so much for ur post.I feel really wanted to read that book.I am ven.Kondala.I am studying in India now and I wanted to get this book any web.(Es ist das Ziel der Sayagyi U Ba Khin Gesellschaft, Meditation).How can i get this pook?Would mind telling me about about that? This is my emial. mandalaymonk@gmail.com. Thanks again. Have a nice day. May you be pace. lots of meetta

kokonaing(Thomas) said...

Dear Ven. Kondala, I am Thomas. I hope to give the right information to you, that you request. The book from Fritz Schäfer is only available in German language. You can find it at "amazon". If one Daika can buy it for you. Or did you mean the writings
from Sayagyi U Ba Khin ? It is available unter the titel : "Das ist Buddhismus" ISBN 3-85681-426-4 ; Bern, 1999; I can send to you to India, if you need.In Englisch I do not have a copy at present, but I can get and send, if you need. Kindly do not hesitate to speak out to me. Yours respectfully

Iora said...

မင်္ဂလာရှိတဲ့နေ့ လေးအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ဂျာမန်လို ဘာသာနဲ့ ရေးတယ်ဆိုတော့ ပိုစိတ်ဝင်စားပြီး အားရကျေနပ်မိပါတယ်။ အဲဒီဆရာကြီးလည်း ဆက်ပြီး သာသနာပြုနိုင်ပါစေလို့ ဆုမွန်တောင်းမိပါတယ်။
အိုင်အိုရာ

စော said...

အင်း ကောင်းလိုက်တာ အမရာယ်
သူတို့ တွေက ရင်ထဲမှာ တရားကိမ်းနေမှာ အမှန်ပဲ။

ဇွန်မိုးစက် said...

ကြည်နူးစရာ မင်္ဂလာသတင်းတစ်ခုပဲနော်။ ဟိုတုန်းကဆို ဇွန့်စိတ်ထဲမှာ ဂျာမန်လူမျိုးတွေ ဗုဒ္ဓဘာသာကို စိတ်ဝင်တစားကိုးကွယ်တာ မရှိသလောက်ရှားတယ်လို့ ထင်ခဲ့တာ။ အစ်မရှင်လေး ရေးပြတာတွေဖတ်ရင်းနဲ့ ဂျာမန်ဗုဒ္ဓဘာသာဝင်တွေ ရှိပါလားဆိုတာ သိလာရတော့ ၀မ်းသာမိတယ်။

Anonymous said...

Dear Ko Thomas and Ma Shin Lay, can you post how he discuss in this dhamma meeting? Thanks in advance.

Myanmar Good Knowledg Co., Ltd said...

ဘုရားတရား ကို ကြည်ညိုတတ်လိုက်ကြတာနော်။

ချီးကျူးပါတယ်။

Austin Thet Win said...

ရန်ကုန်က သံဃတကသိုလ်မှာ ကျနော်မိတ်ဆွေ ဂျာမဏီက ဘုန်းကြီးတပါး ပထမနှစ် ဒီပလိုမာတန်းမှာ ပညာဆည်းပူးနေပါတယ်၊ အမတို့ ရန်ကုန်ရောက်လို့ရှိရင် ၀င်လည်ဖို့ တိုက်တွန်းပါတယ်၊