Saturday 7 January 2012

ခေါက်ဆွဲလုပ်ကြည့်တယ်။

ကျမတို့ အလုပ်က ခရစ္စမတ်လက်ဆောင်အနေနဲ့  Amazon မှာဈေးဝယ်ဖို့ လက်မှတ်ပေး
တာနဲ့  ၀ယ်မယ်ကြံထားတဲ့ ခေါက်ဆွဲလုပ်တဲ့စက်လေးဝယ်ဖြစ်ပါတယ်။
ဒီမှာခေါက်ဆွဲဝယ်ရင် ခေါက်ဆွဲခြောက်ပဲရတာကြောင့် လတ်လတ်ဆတ်ဆတ် ခေါက်ဆွဲ
ကိုလုပ်စားချင်နေတာကြာပါပြီ။ တစ်ခါ၊နှစ်ခါလောက်တော့ လက်နဲ့ လုပ်ကြည့်ပါတယ်။
အဆင်မပြေပါဘူး။ အထူအပါးမညီလိုက်၊ ကပ်ကုန်လိုက်၊ပြတ်ကုန်လိုက်နဲ့ ။

အခု ၀ယ်ဖြစ်တဲ့စက်လေးက ဈေးလည်းသက်သာပါတယ်။ ၁၆ ယူရိုလောက်ပဲကျပါတယ်။
တနေ့ ကရရခြင်း စမ်းကြည့်လိုက်ပါတယ်။ ရိုးရိုးဂျုံမှုန့် နဲ့ ပဲစမ်းလုပ်ကြည့်ပါတယ်။
ရေများပြီးပျော့သွားတာနဲ့ ကပ်ကုန်ပါတယ်။
ဒါနဲ့ အင်တာနက်ထဲမှာ လုပ်နည်းတွေရှာရင်း အဆင်ပြေမယ်ထင်တာတစ်ခုတွေတာနဲ့ 
ဒီနေ့ စမ်းလုပ်ကြည့်ပါတယ်။ အဆင်ပြေပြီး လုပ်ရတာလည်းလွယ်ပါတယ်။ ရလာတဲ့
ခေါက်ဆွဲကလည်း ကြည့်လို့ ကောင်းသလို၊စားလို့ လည်းကောင်းပါတယ်။

လိုအပ်တာတွေကတော့ လူ ၄ ယောက်စာအတွက်
ဂျုံမှုန့် ၁၈၀ ဂရမ်။ Durum wheat semolina ၁၂၀ ဂရမ်၊ ကြက်ဥ ၃လုံး၊
ရေ စားဇွန်း တစ်ဇွန်း၊ ဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်း
တဲ့ပြီးရောနယ်ပါတယ်။ မုန့် သားတွေ အိလာပြီး လက်တွေ ကပ်မနေတော့တဲ့
အထိနယ်ပါတယ်။ ပြီးရင် အ၀တ်အုပ်ပြီး နာရီဝက်လောက်ထားလိုက်ပါ။
မုန့် သားလုံးကို ၆ပုံပုံပြီး တစ်ပုံစီကို ဂျုံနဲနဲ ဖြူးပြီး စက်ထဲမှာလှိမ့်ပါတယ်။
ပထမတော့ ဒလိမ့် အကြဲ (၇)၊နောက်တဖြေးဖြေး (၅) ၊ (၂) လောက်အထိ
အစိတ်အကျဲညှိပြီးလိမ့်ပါတယ်။
ပြီးတော့ လိုချင်တဲ့ ပုံစံအတိုင်း ဒါးစက်ထဲမှာ ဖြတ်လိုက်ပါတယ်။
ရေနွေးအိုးတဲဆားနဲနဲထဲ့တည်ပြီး ဆူတဲ့အခါ ခေါက်ဆွဲတွေထဲ့ပြုတ်ပါတယ်။
အရသာရှိတဲ့ ခေါက်ဆွဲရပါပြီ။ ဒီနေ့ အုန်းနို့ ခေါက်ဆွဲချက်စားပါတယ်။

ခေါက်ဆွဲအလုံးပုံစံနဲ့ ခေါက်ဆွဲအပြားပုံစံ နှစ်မျိုး

ပြုတ်ပြီးသွားတဲ့အခါ။

20 comments:

လပြည့်ရိပ် said...

ကောင်းမယ့်ပုံလေး ..

Myanmar Good Knowledg Co., Ltd said...

ခုနတင်တဲ့ကော်မန့်ပျောက်သွားတယ်။
ကျွန်မကခေါက်ဆွဲမျိုးစုံကိုကြိုက်တယ်လေ။
လုပ်တာတော့မလုပ်ကြည့်ဖူးပါဘူး။
ကိုယ်တိုင်လုပ်ကို လတ်လတ်ဆတ်ဆတ်စားရတာအရသာရှိမှာသေချာပါတယ် ရှင်လေးရေ။

Iora said...

သဘောကျလိုက်တာ။ အီတာလျံ Chef Lidia ရဲ့ အစီအစဉ်မှာ ခဏခဏ pasta မျိုးစုံလုပ်ပြတယ်။ စိတ်ထဲမှာသူလုပ်တိုင်းလိုက်လုပ်ကြည့်ချင်တဲ့စိတ်ပေါ်တယ်။ ဒါပေမဲ့ တကယ်တော့ဘယ်တော့မှလုပ်ဖြစ်မယ်လို့ မထင်သလို လုပ်ရင်လည်း အဆင်ပြေမယ်မထင်ခဲ့ဘူး။ ရှင်လေးလုပ်ထားတာသိပ်လှပြီး လတ်လတ်ဆတ်ဆတ်ရှိတာ သိသာတယ်။ ကောင်းမှာသေချာတယ်။ တော်လိုက်တာ။ စားချင်လာပြန်ပြီ။ လုပ်လည်းလုပ်ကြည့်ချင်လာတယ်။
အိုင်အိုရာ

kokonaing(Thomas) said...

We had Ohnu Kauswe with this today!
It was most delicious ! Kauswe was good !

Shinlay said...

လပြည့်ရိပ်...ဒီတခါလာရင်လုပ်လာခဲ့မယ်နော်။
ကောင်းမွန်ဝင်း။ ။ ကျမလည်း ခေါက်ဆွဲဆိုကြိုက်တယ်။
အခုတော့ အဆင်ပြေသွားတယ်။
အိုင်အိုရာ။ ။ ကျမလည်းတီဗီမှာတွေ့ တုန်းက ခက်မယ်ထင်နေတာ။ အီတလီသူငယ်ချင်း ကလွယ်တယ်။
လုပ်ကြည့်ပါလားဆိုတာနဲ့  စမ်းကြည့်လိုက်တာပါ။
Thanks Thomas... you will get more noodles dishes soon......<3

မီးမီးငယ် said...

စားချင်စရာလေး။
ကျမလည်းစမ်းဖူးတယ်။
ခေါက်ဆွဲမျိုးစုံအသေကြိုက်။

မြရွက်ဝေ said...

ဆန်မှုန့်နဲ့လုပ်ရင် မုန့်တီဖတ်ရော ဆန်ပြားဖတ်ရော လုပ်လို့ရမှာပေါ့နော်။ ပျော်စရာကြီး :)

ညီလင်းသစ် said...

မ​,ရှင်လေး လုပ်ထားတာ မြင်မှပဲ ခေါက်ဆွဲအစိုကို နောက်ဆုံး စားခဲ့တာ မမှတ်မိလောက်အောင် ကြာနေပြီလို့ သတိထားမိတော့တယ်၊ ဓါတ်ပုံထဲမှာ မြင်ရတာတောင် အတော်လတ်ဆတ်ပုံပဲ..။

Evy said...

It looks very nice Ma Shin Lay..

Shinlay said...

မီးမီး... ပို့ ပေးလိုက်မယ်။ တနေ့ က Peter + Lia လာလည်ကြတယ်။
မြရွက်ဝေ။ ဆန်မှုန့် ကမစေးတော့ရပါ့မလားမသိဘူးနော်။
ကိုညီရေ... ခေါက်ဆွဲအစိုကို အရသာခံစားနေပါတယ်။
Evy... Thanks...

subuueain said...

အမ တော်လိုက်တာ။ ဂျုံနယ်တာ အတော် ပညာသားပါ မဲ့ ပုံဘဲနော် ။ :)

Anonymous said...

I like it too. Something like chinese mian_fan_kao..I learnt it from my mother-in-law. My daughter's favourite noodle :D

Khin Win Mar said...

I like it too. Something like chinese mian_fan_kao..I learnt it from my mother-in-law. My daughter's favourite noodle :D

ညယံ said...

ခေါက်ဆွဲအစိုလေးတွေ မစားရတာ ကြာဘီ .. ဆီချက်တို့ .. အုန်းနို့ ခေါက်ဆွဲတို့ လုပ်စားရရင်ကောင်းမယ် ..

...အလင်းစက်များ said...

ခေါက်ဆွဲ လာစားသွားတယ်။ :P

Shinlay said...

subuu, ညယံ၊ အလင်းစက်များ ...
လာလည်ပြီးအားပေးတာကျေးဇူးတင်ပါတယ်။
Khin win mar သူငယ်ချင်း ကျေးဇူးနော်။

Anonymous said...

တော်ထှာ မရှင်လေး..။
ခေါက်ဆွဲကြိုက်တယ် ဆိုပေမဲ့ ကိုယ်တိုင်လုပ်စားဖို့ စိတ်မရှည်ဘူး။

မုန့်တီဖတ်ဆိုတာက ဆန်ကိုရေစိမ်ကြိတ်ပြီး အနှစ်ကိုအိတ်ကြီးတွေထဲထည့်ပြီး အလေးတွေနဲ့
ဖိပြီးမှ ရတဲ့မုန့်နှစ်ကို အပေါက်ဇကာနဲ့ စစ်ပြီး အောက်က ရေနွေးပူအိုးထဲ ထည့်လုပ်ရတာမျိုး မဟုတ်လား..။
သိလို့တော့ မဟုတ်..။
ငယ်ငယ်က မုန့်တီဖိုတွေကို သွားနေကျမို့
အဲ့လို မြင်မိသလားလို့...။
အဟိ


ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီခေါက်ဆွဲဖြတ်တဲ့ စက်ကလေး သဘောကျလိုက်တာ..
အတော်အသုံးတည့်မယ်နော်..
ခေါက်ဆွဲကို ကိုယ်တိုင်လုပ်ရတာ ပျော်ဖို့ကောင်းတယ်။။
အရသာလဲ ဝယ်စားတာနဲ့မတူအောင် ကောင်းတာနော်...

Anonymous said...

မရှင်လေးရေ...
အစ်မရဲ့ စာလေးတွေကိုလာဖတ်တယ် ဒီတစ်ခါတော့ ကွန်မန့် မပေးပဲ မနေနိုင်တော့ လို့ရေးလိုက်မိတယ်...
သားသားလေးက ခေါက်ဆွဲဆို သိပ်ကြိုက်တာ ဘယ်လိုလုပ်ရမှန်းမသိတာ အစ်မရဲ့ စာလေးကြောင့် ကြိုးစားပြီး လုပ်ကြည့်တော့မယ်...ကျေးဇူးပါ အစ်မရေ...

Shinlay said...

ပေါက်... ကျေးဇူးပါ။ အိမ်မှာနန်းကြီးဖတ်နဲ့  ညှပ်ခေါက်ဆွဲတော့ ကိုယ်တိုင်လုပ်ပါတယ်။ မုန့် ဟင်းခါးဖတ်တော့ မလုပ်ဖြစ်သေးပါဘူး။

ချောရေ ဒီနေ့ လုပ်နည်းအသစ်ရလာတယ်။ နောက်နေ့ 
လုပ်ကြည့်မလို့ ။ မျောက်အုန်းသီးရသလိုဖြစ်နေတယ်။
ဟဲဟဲ။
လာလည်တာကျေးဇူးတင်ပါတယ်။Anonymous ရေ..