Sunday 15 January 2012

တရုတ်ကျောင်းတတ်ခြင်း။

ကျမ မနေ့ ကတရုတ်စာသင်တန်းစတက်ဖြစ်ပါတယ်။ ကျောင်းနဲ့ အဆက်ပြတ်
နေတာကြာနေပေမဲ့ ကျောင်းတတ်ရမယ်ဆိုတော့ စိတ်လှုတ်ရှားမိပါတယ်။
စာအုပ်တွေ၊ခဲတံ၊ဘောပင်တွေထဲ့ပြီးအတန်းထဲမှာ ဘယ်သူတွေလာတက်မလဲ။
ဘယ်နှစ်ယောက်လာတက်မလဲ။ဆရာမက သဘောကောင်းပြီး စာသင်ကောင်း
မလား စတဲ့ မေးခွန်းတွေ အများကြီးနဲ့ ကျမကျောင်းကိုသွားခဲ့ပါတယ်။

ကျမတက်တဲ့ကျောင်းက Konfuzius Institut an der Universität Freiburg http://www.konfuziusinstitut.uni-freiburg.de/ ဖြစ်ပါတယ်။
အတန်းထဲမှာ ကျမအပါအ၀င် ကျောင်းသူကျောင်းသား ၆ယောက်ပါ။ ၂ယောက်က
တက္ကသိုလ်တက်နေဆဲတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အလုပ်ကိစ္စကြောင့်
တရုတ်ပြည်မှာ ၆လ၊ တစ်နှစ် သွားနေကြရမယ့်သူတွေဖြစ်ပါတယ်။

သင်တန်းမတက်ခင်ကတည်းက ကျမ Internet ကနေ တရုတ်စာသင်ထားပေမဲ့
အသံထွက်တွေမှန်မမှန် စစ်ပေးမဲ့သူမရှိပါဘူး။အခု အတန်းထဲမှာ ဆရာမက
သဘောကောင်းပါတယ်။ တယောက်ချင်း အသံထွက်တွေပြင်ပေး၊လေ့ကျင့်ပေးပါတယ်။

ကျောင်းကပြန်လာတော့ ကျောင်းသားပြန်ဖြစ်ရတဲ့ အရသာကိုခံစားရင်း ကျမပျော်နေတယ်။

9 comments:

Kyaw Hnin Se Lwin said...

မရှင်လေးရေ
အခြေခံကဆရာနဲ့သင်တာအကောင်းဆုံးလို့ထင်တာမို့ သိပ်ကောင်းပါတယ်

Anonymous said...

မရှင်လေး တရုတ်စာသင်တာ အဆင်ပြေပါစေ.။
(တရုတ်ကားများများကြည့်ရမယ် ထင်တယ်)


ပေါက်

ညီလင်းသစ် said...

ကိုယ်သင်ချင်တာတွေကို ကျောင်းသားအဖြစ်နဲ့ ပြန်သင်ရတာ စိတ်လှုပ်ရှားဖို့၊ ပျော်ဖို့ ကောင်းတယ်နော်၊ ၆ ယောက်ဆိုတာ ဘာသာစကား လေ့ကျင့်ဖို့ သင့်တော်တဲ့ အရေအတွက်ပါပဲ..။

kokonaing(Thomas) said...

shwe ei pañña chaide !

Anonymous said...

ရွှေအိ ပညာရှာတယ်။ ဟုတ်လား ဦးသောမတ်ရေးတာ အဲဒီလို_

kokonaing(Thomas) said...

chaide = like ( ကြိုက်)
:)

မီးမီးငယ် said...

နိဟောင်းမား..
မေ့မေ့...
ဝေါ်ဟွေကျန်ကျု့းကော့ဟွာ့၊
အီးတိန်တိန်....။
ဟီး..တတ်သမျှဖွင့်ဟပြလေသည်။

...အလင်းစက်များ said...

အနော်လည်း လောလောဆယ် ထိုင်းစာ သင်နေတယ်။ ခက်လိုက်တဲ့ အသံထွက်။ ကျန်တာ လွယ်တယ်ဗျ။

အဆင်ပြေပါစေ။ အရာရာ။

Shinlay said...

Mie: 谢谢
အလင်းစက်များ အဆင်ပြေပါစေ။