Saturday, 11 February 2012

ကျမတို့ ရဲ့  ကျောင်း


လူတစ်ယောက်ရဲ့ ဘ၀ကိုပြန်တွေးမယ်ဆိုရင် သူ့ မိဘ၊မောင်နှမတွေ အပြင်
သူနေခဲ့တဲ့ ကျောင်းအကြောင်းကလည်းအဓိက နေရာကပါနေမှာပါ။
မနေ့ က ကိုသောမတ်စ်က သူနေခဲ့တဲ့ကျောင်း (Hebbelschule- Kiel) အနှစ်(၁၀၀)ပြည့်
အတွက်ထုတ်ဝေထားတဲ့ စာအုပ်ယူလာပါတယ်။

ကိုသောမတ်စ်ငယ်ငယ်က ဂျာမနီမြောက်ပိုင်း Kiel ဆိုတဲ့မြို့ မှာနေတာပါ။ အခုထိ
နွေရောက်ရင်တစ်နှစ်တစ်ခေါက်တော့ပြန်လေ့ရှိပါတယ်။ ဆွေမျိုးတွေမရှိတော့ပေမဲ့
သူ့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ ဖို့ ပါ။ ကျမကိုလည်း သူနေခဲ့တဲ့နေရာ၊ သူတက်ခဲ့တဲ့
ကျောင်း၊ သူအဖေရဲ့ ရေတပ်ဆိပ်ကမ်းစတဲ့သူ့ ဘ၀ အမှတ်တရနေရာတွေကိုလိုက်ပြ
လေ့ရှိပါတယ်။

သူငယ်ငယ်ကကျောင်းတက်ရတာမပျော်ကြောင်း၊ အထူသဖြင့် တက္ကသိုလ်ဝင်တန်းဖြေ
ရတာကို မကြိုက်ကြောင်း၊ အခုထိတက္ကသိုလ်ဝင်တန်းဖြေတဲ့အကြောင်းအိပ်မက်မက်နေ
ဆဲဖြစ်ပြီး၊ ကြောက်တဲ့အကြောင်းတွေပြောပြလေ့ရှိပါတယ်။



(စာအုပ်ထဲမှာပါတဲ့ သူတက္ကသိုလ်ဝင်တန်းအောင်တဲ့နှစ်နဲ့ သူ့ သူငယ်ချင်းများ။)

ဒါပေမဲ့ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတဲ့အခါတော့ သူအလွန်ပျော်ပါတယ်။ အခုအခါမှာ
သူငယ်ချင်းတွေက တကွဲတပြားဆီရောက်နေကြပေမဲ့ မကြာခဏပြန်တွေ့ ဖြစ်ကြပါတယ်။

မနေ့ ကတော့ သူ့ အမေသိမ်းထားပေးတဲ့ သူကျောင်းတက်တုန်းက ဆရာတွေရေးထားတဲ့
အကဲဖြစ်မှတ်တမ်းစာအုပ် ကိုကျမတို့ ပြန်ကြည့်ဖြစ်ကြပါတယ်။ သူ့ ရဲ့ ငယ်ဘ၀ စာသင်ခန်း
အတွေ့ အကြုံတွေ၊ သူ့ ဆရာတွေအကြောင်း၊ သူ့ သူငယ်ချင်းတွေအကြောင်းကျမကို
ပြန်ပြောပြရင်း သူစိတ်လှုတ်ရှားနေပါတယ်။

အကဲဖြစ်မှတ်တမ်းစာအုပ်


သူ့ ကျောင်းအကြောင်းတွေပြောတော့ကျမလည်း ကျမရဲ့ ကျောင်းအကြောင်းပြန်ပြောဖြစ်ပါတယ်။
အသက်ကြီးလာပေမဲ့ ငယ်ငယ်ကကျောင်းအကြောင်း၊သူငယ်ချင်းတွေအကြောင်းပြန်ပြော
ရရင် စိတ်ထဲပြန်ငယ်သွားသလိုပါပဲ။ အခုလို့ သူငယ်ချင်းတွေနဲ့ ဝေးနေချိန်မှာ သူတို့ ကိုသတိရမိ
ပါတယ်။ ကိုသောမတ်စ်သူငယ်ချင်းတွေက ဂျာမနီနိုင်ငံထဲမှာပဲရှိကြတော့ ပြန်တွေ့ ကြဖို့ 
လွယ်ပေမဲ့  ကျမရဲ့ သူငယ်ချင်းတွေက နိုင်ငံအနှံ့ ရောက်နေကြတော့ပြန်တွေ့ ကြဖို့  မလွယ်
တော့ပါ။
သူငယ်ချင်းတို့ ရေ... ... ဝေးနေကြပေမဲ့ သူငယ်ချင်းဟာသူငယ်ချင်းပါပဲ။
သတိရနေပါတယ်။

4 comments:

kokonaing(Thomas) said...

Danke, Shinlay !

brainless said...

မြန်မာဘလော့တွေအလည်အပတ်ထွက်ရင်းရောက်လာရပြီး အမှတ်တရ စာတွေဖက်သွားပါတယ်

Kyaw Hnin Se Lwin said...

မရေ အမှတ်တရလေးတွေနော်
အဲလို စာအုပ်တွေဘာတွေရှိတော့ သိပ်ကောင်းတာပဲ

ဇွန်မိုးစက် said...

အမှတ်တရပါပဲ အစ်မရေ။ ပြီးခဲ့တဲ့လ မြန်မာပြည်ပြန်တုန်း မေမြို့သွားလည်ဖြစ်တယ်။ အဲဒီ့မှာ အဘိုးတို့ မောင်နှမတတွေ နေခဲ့တဲ့ state ကျောင်းကို ဇွန့်အဒေါ်က ကားပေါ်ကနေ လှမ်းပြတော့ အမိအရ လိုက်ကြည့်ခဲ့ရသေးတာ။ ဓာတ်ပုံတော့ မရိုက်လိုက်ရဘူး။ ရန်ကုန်ရောက်လို့ ဆေးရုံကြီးရှေ့က ဖြတ်မိတာနဲ့ မျက်နှာချင်းဆိုင်က ကျောင်းကို အမြဲပဲ သတိတရ ကြည့်မိပါတယ်။ ပြီးရင်တော့ လွမ်းတဲ့ ခံစားချက်ကို အမြဲရတာ။