အေးလိုက်တာမှ.... ဂျာမန်ဆောင်းကတော့သစ္စာရှိစွာနဲ့  ရောက်လာပြန်ပါတယ်။
အလွန်အေးပါတယ်။ မနက်အလုပ်သွားရင် (-13) လောက်ရှိတော့ ကျမအတွက်
အလွန်အေးပါတယ်။ ၀တ်ထားတဲ့ အနွေးထည်တွေကပဲ ၃ကီလိုခွဲလောက်ရှိတယ်။
မကြိုက်ပါ။ ဒီကြားထဲ အေးပါတယ်ဆိုမှ ရထားတွေနောက်ကျလို့ ဘူတာမှာစောင့်နေ
ရတာကလည်းဒုက္ခ။ တော်ပါသေးရဲ့ နေသာနေလို့ ။ လမ်းတွေခြောက်နေလို့ ၊
ဆောင်းတွင်းအမှတ်တရပုံတွေ Internet ကယူပြီးစုထားတာပါ။











9 comments:
ဒီဘက်မှာ ဒီနေ့မနက်ပိုင်းက -15 ဒီဂရီ ရှိတယ် :(
ဟုတ်တယ် ဒီဘက်မှာရောပဲ..နေ့လည်တော့ နှင်းကျလာတယ်..
နှင်းတော့ ချစ်ပါတယ်..နောက်နေ့ လမ်းချောမှာတော့ ကြောက်တယ်..
ဒီဖက်မှာကျတော့ အေးတာအပြင် မြောက်ပြန်လေပါ တိုက်နေတယ်၊ သူတိုက်တာက မျက်နှာကို ဖြတ်ရိုက်တဲ့ အတိုင်းပဲ...။း(
အံမယ်လေး၊ (-၁၃) ဆိုတော့ လန့််စရာကြီးနော်။ နောက်ဆုံးအကြိမ် မမတို့ဆီ လာခဲ့တုန်းက (-၂) (-၃) တောင်မှ နှာရည်တရွှဲရွှဲနဲ့ အရမ်းခံစားခဲ့ရတာ သတိရမိတယ်။
ဓါတ်ပုံထဲက နှင်းခဲပြင်ကြီးက လှလိုက်တာ။ ပထမဦးဆုံးအကြိမ် အဲဒီလောက်များတဲ့ နှင်းတွေကိုမြင်ဖူးတုံးကတော့ သင်တန်း အဖေါ်တွေနဲ့အတူ နှင်းအလုံးတွေလုံးပြီး မာဖလာပတ်၊ မကြီးမငယ်နဲ့ စနိုးမန်း လုပ်တမ်းကစားဖူးခဲ့တယ် ... သတိတရပေါ့။
ဒီဖက်မှာ ဒီမနက် - ၁၁ ပဲ ရှိတော့တယ် :D
စူးနွယ်လေး
တော်တော်နေရခက်မှာဘဲနော်။
ွှအိုင်အိုရာ
I'm shivering too.Ice sticks and natural ice sculptures been made by wind along the bank of lake Geneva.
Gyidaw
မရှင်လေးရေ
ဒီမှာလဲတအားအေးတာပဲ
ညီမတော့ဖျားနေပီ
:))
လာလည်ကြတဲ့သူငယ်ချင်းတို့ ကိုကျေးဇူးတင်ပါတယ်။
အေးတဲ့အခုလိုဆောင်းတွင်းမှာ ကျန်းမာရေးဂရုစိုက်
နေနေတဲ့ကြားကပဲ မနေ့ က ဖျားချင်သလိုဖြစ်လို့ ။
ဆေးသောက်ထားရတယ်။
သူငယ်ချင်းတို့  ကျန်းမာပျော်ရွှင်ကြပါစေ။
ကျော်နှင်းဆီ။ မြန်မြန်နေကောင်းပါစေ။
Post a Comment