
ဒီနေ့ ကျမ Jameica ကသူငယ်ချင်းတယောက်နဲ့ နေ့ လည်စာစားဖြစ်ပါတယ်။
သူကလည်း ဂျာမန်နဲ့ အိမ်ထောင်ပြုထားသူပါ။ ကျမနဲ့ သိတာမကြာသေးပါဘူး။
တရုတ်စာသင်တဲ့ကျောင်းမှာသိကြတာပါ။
ဟိုပြောဒီပြောနဲ့ သူ ပြောပြတဲ့ (သူကြုံခဲ့တဲ့) ယဉ်ကျေးမှု ကွာပုံလေးကိုပြန်ဖေါက်
သည်ချပါတယ်။
သူ့ မှာ ညီမ ၂ယောက်ရှိတယ်။ အရင်က တနေ့ ကျရင် ဘယ်ယောင်္ကျားကို ယူသင့်
သလဲလို့ မကြာခဏ ဆွေးနွေးလေ့ရှိတယ်တဲ့။ သူတို့ က Jameica သားတော့မယူချင်ဘူး။
Jameicaသားယူရင် မနက် ၅ နာရီ ကတည်းကထပြီး မနက်စာ ( breakfast ) ပြင်ပေး
ရမှာ။ Jameica မှာ မနက်စာဆို တ၀ စားကြတာဆိုပဲ။ ငှက်ပျော်သီးနွာရမယ်၊ ကြော်ရမယ်၊
ဘာမယ်ညာမယ်ပေါ့။
တောင်အမေရိကသားလည်းမယူချင်ဘူးတဲ့။ တောင်အမေရိကတိုက်သားယူရင် မနက် ၎
နာရီကတည်းကထပြီး breakfast ပြင်ရမှာတဲ့။
ဒီတော့ညီအစ်မတွေ စဉ်းစားကြတယ်။ အမေရိကန် ကိုယူမယ်။ breakfast ကို ထွေထွေ
ထူးထူးလုပ်ပေးစရာမလိုဘူးပေါ့။
တကယ်တမ်းကျတော့ ကျမသူငယ်ချင်းက ဂျာမန် ယောင်္ကျားရတယ်။ အိမ်ထောင်ကျပြီး
နောက်နေ့  မနက်အစောကြီးထပြီး ယောင်္ကျားအတွက် breakfast ပြင်သတဲ့။ သူက မီးဖိုထဲ
မှာ တချွတ်ချွတ်နဲ့ ပြင်ဆင်နေတုန်း ယောင်္ကျားက ဘာလုပ်နေတာလဲ။ ပြန်အိပ်အုံး သူ့ အတွက်
breakfast လုပ်ဖို့ မလိုဘူးတဲ့။ နောက်တော့ကျမသူငယ်ချင်းလည်း သဘောပေါက်သွားတယ်။
ဂျာမန် ယောင်္ကျားက သူ့ breakfast ကိုသူပြင်စားပြီး။ ရုံးပိတ်ရက်တွေဆို မိန်းမအတွက်
ပါပြင်ပေးသေးတယ်ဆိုတာသိသွားတယ်။
ဒီတော့သူ့ ညီမတွေဆီ ဖုန်းဆက်ပြီး သူ မနက်စောစောထစရာမလို သလို breakfast လည်းပြင်ပေးစရာမလိုတဲ့အကြောင်း ကြွားလိုက်တယ်တဲ့။
သူပြောပြတာနားထောင်ပြီး ကျမကြုံဖူတာနဲ့ တူတော့ တော်တော်သဘောကျသွားတယ်။
တစ်နေရာ ဓလေ့ တစ်ခုပေါ့။
7 comments:
အဖွားက နိုင်ငံခြားသားမယူရဘူးဆိုလို့.. မဟုတ်ရင် ဂျာမန်ယူပါတယ်
:P
သူငယ်ချင်းမတယောက် ဂျာမန်ယောက်ျားယူထားတာ တခါတလေ ဟင်းချက်ပျင်းရင် ပေါင်မုန့်နဲ့ ငပိထောင်းကျွေးတယ်တဲ့.. သူ့ယောက်ျားကလဲ စားတာပဲ :P
:):)
Nice post.We can know and share different habit and culture.
Gyidaw
ကောင်းလိုက်တာ ဖတ်ပြီး သဘောကျသွားတယ်
း)
ဒါဆို သူငယ်ချင်းလည်း ယောက်ျားကို မနက်စာ ပြင်ပေးစရာ မလိုဘဲ သူပြင်ပေးတာကို စားနေရတာပေါ့နော်....။ ကောင်းပါပေ့း)
လာအားပေးကြတဲ့သူငယ်ချင်းတို့ ကို ကျေးဇူးတင်ပါတယ်
သဘောတကျဖတ်သွားတယ်...း))
မရှင်လေးရေ.
ကျွန်မကိုလည်းတစ်ယောက်လောက်ရှာပေးပါလား..
နောက်တာနော...:-P
Post a Comment