Monday 5 March 2012

Boreout


Photo: http://www.mopo.de/psychologie/boreout-mit-test--macht-ihr-job-sie-vor-langeweile- krank-,9594626,11383810.html

အလုပ်ကိုရောက်ရင် ကွန်ပြူတာကိုဖွင့်၊ မနေ့ ကရောက်နေတဲ့ စာတွေကိုဖေါက်၊
ဓါတ်ခွဲခန်း အဖြေတွေကို Scan လုပ်။ ဒါဟာ ဒီနေ့ အလုပ်ချိန် ၄နာရီအတွက်
လုပ်ရတဲ့ အလုပ်ပါ။ တပတ်မှာဒီလို ရက်မျိုးက ၂ ရက်နဲ့ ၃ရက်ကြားမှာရှိတတ်တယ်။

ဒီလိုရက်တွေမှာ အလုပ်ချိန် ၄နာရီဟာ အလွန်ကြာသလို၊ အလွန်လည်းပျင်းစရာ
ကောင်းပါတယ်။ ဘေးထိုင်ခုံကအလုပ်ဖေါ် သူငယ်ချင်းနဲ့ ထွေရာလေးပါးပြောဖြစ်ရင်
လည်းခဏပါပဲ။ အကြောင်းတွေပြောရလွန်းတော့စိတ်ဝင်စားစရာ ခေါင်းစဉ် က
သိပ်မကျန်တော့ပါဘူး။
ဒီတော့ ကျမတို့ နှစ်ယောက်အင်တာနက်ထဲဝင် အီးမေးစစ်၊ အီးမေးရေး၊ ဟင်းချက်
နည်းတွေ ဟိုကြည့်၊ဒီကြည့်၊ဟိုခေါင်းစဉ်ဖတ်၊ဒီခေါင်းစဉ်ဖတ်။ ခဏ ကြာလာတော့
မျက်စိညောင်း၊ တ၀ါးဝါးသန်း၊နေရာကထ၊ ဟိုနားဒီနားလျှောက်၊ လုပ်စရာ အလုပ်တွေ့ 
လိုတွေ့ ငြား ရှာကြည့်၊အိမ်ကယူလာတဲ့စာအုပ်ကလည်းစိတ်ဝင်စားစရာမကောင်း။
နာရီကြည့်ပြန်တော့သွားနေတဲ့ နာရီလက်တန်တွေက နှေးနေသလို ။ ဘာလုပ်ရမှန်းမသိ၊.....

အပြန်လမ်းရောက်တော့ လူက ပင်ပန်းနေတယ်။ လမ်းမှာတွေ့ တဲ့မိတ်ဆွေတွေက
အလုပ်မှာပင်ပန်းလာသလားတဲ့။ အလုပ်မှာဘာမှလည်းမလုပ်ရပဲ ငါပုံက ပင်ပန်း
နေသလိုဖြစ်နေလို့ လားလို့ မကြာခဏတွေးမိတယ်။
အလုပ်မရှိပဲဖြစ်နေလို့ ပင်ပန်းတယ်ဆိုတာ အရင်ကတွေးမိခဲ့ပါဘူး။

တကယ်တော့ လုပ်ငန်းခွင်မှာ မိမိလုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုအထိ လုပ်ရမယ်ဆိုရင်
အကောင်းဆုံးပါ။ ဒါပေမဲ့တခါတလေကြတော့ မိမိလုပ်နိုင်မှု အတိုင်အတာ ထက်ပိုပြီး
လုပ်ရလို့ စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေရ၊ Burn out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေသလို။

အထက်ကရေးခဲ့သလို လုပ်ငန်းခွင်မှာ လုပ်စရာ မယ်မယ်ရရမရှိလို့  ရရှိလာတဲ့
စိတ် ပင်ပန်းမှု ၊စိတ်ဖိစီးမှု Stress တွေကြောင့် Bore out ဖြစ်ရပြီး ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။

လူတစ်ယောက်ဟာ Bore out ဖြစ်လာပြီဆိုရင် Burn out ဖြစ်သလိုမျိုး လက္ခဏာတွေ
တွေ့ ရပါတယ်။ ပင်ပန်းနွမ်းနယ်မှု၊ လုပ်ချင်ကိုင်ချင်စိတ်လျှော့လာမှု၊ အိပ်မပျော်မှု၊
ဗိုက်နာတယ်၊ဗိုက်အောင့်မယ်စတာ တွေကနေ စိတ်ဓါတ်ကျမှု depression အထိဖြစ်နိုင်
ပါတယ်။

လုပ်ငန်းခွင်မှာ Bore out အခြေအနေမျိုးနဲ့ ကြုံနေရပြီဆိုရင် အလုပ်ရှင်ကို မိမိအခြေအနေကို
ပြောပြပြီး အလုပ်အပိုထပ်ပေးတာမျိုး၊ သင်တန်းတက်စေတာမျိုးတွေ လုပ်ပေးဖို့ ဆွေးနွေး
သင့်ပါတယ်။ တကယ်လို့ များ မိမိ အထက်က ရောဂါလက္ခဏာမျိုးဖြစ်လာရင်တော့
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ Bore out ဟာ ပျင်းတယ်ဆိုတာနဲ့ 
မဆိုင်ပါဘူး။ Bore out ဖြစ်လို့ ဒီလူဟာငပျင်းလို့ သတ်မှတ်လို့ မရပါဘူး။

အလုပ်တွေများလို့ ပင်ပန်းနေတယ်ဆိုတဲ့ ပြောသံတွေကြားမှာ လုပ်စရာမရှိ လို့ ပင်ပန်းနေတဲ့သူတွေလည်းရှိပါသေးလားလို့ တွေးမိတယ်။ ကျမအလုပ်က
Project တွေပေါ်မူတည်နေတော့ Project မရှိတဲ့ကြာအချိန်တွေမှာ တကယ်ပဲ
Bore out ဖြစ်ရပါတယ်။

3 comments:

Me said...

bore out တဲ့လား၊ စကားလုံး အသစ်လေး မှတ်သားသွားတယ် မ ရေ။ ဟုတ်တယ်- အဲဒီလို ရံဖန်ရံခါ ကြုံဖူး၊ ခံစားဖူးတယ်။ ပြီးတော့ အလုပ်ရှင် အဖွဲ့အစည်း ကိုလည်း (ကိုယ့်ပယောဂမပါပေမဲ့) အားနာမိတယ်။ burn out& bore out ကြားက အလွန်မျှတတဲ့ အခြေအနေတခုကို ဘယ်လိုခေါ်လဲတော့ မသိဘူး။ အလုပ်အများကြီး အစီအစဉ်တကျပြီးလို့ လူကလည်းပျော်လို့ ဆိုတာမျိုးလေ။

Shinlay said...

ဟုတ်တယ် မိုးစက်ရေ။ ဒီစကားလုံးကို မမျှော်လင့်ပဲ
တွေ့ တာ။ ကိုယ်နဲ့ တိုက်ဆိုင်နေတာနဲ့  ရေးဖြစ်တာပါ။

အိမ်မက်စေရာ said...

မshinlay ရေ...

bore out နဲ့ burn out ကို ခုမှ ကြားဖူးတယ်။။
ဒါဆိုရင်တော့ အိမ်မက် က burn out ဖြစ်နေတာ...
အကျိုးရှိတဲ့ ပို့စ်လေး လာဖတ်သွားတယ် နော်..

အိမ်မက်