Monday 11 June 2012

ရထားပေါ်က အတွေးတစ်ခု

မနေ့ က ခရီးကအပြန် ရထားပေါ်မှာ ကြုံခဲ့တာလေးပါ။
ဂျာမနီမြောက်ဘက် မြို့  တစ်မြို့ ကနေ အသက်၈၀ကျော်ခန့် ရှိတဲ့
အမျိုးသားတယောက် လမ်းလျှောက်လက်တွန်းလှည်းကိုတွန်းရင်း။
လှည်းပေါ်မှာလည်း ခရီးဆောင်အိတ် အလတ်တစ်လုံး၊ အသေးတစ်လုံး၊
ပလတ်စတစ် လက်ဆွဲအိတ်တစ်လုံးနဲ့  တုန်တုန်ချိချိနဲ့ တက်လာပါတယ်။
တောင်ဝှေးကလည်း  လမ်းလျှောက်လက်တွန်းလှည်း မှာကပ်ချိတ်ထားသေး
တယ်။
အဖိုးအိုက သန့် သန့် ပြန့် ပြန့် ရှိပါတယ်။ ရထားပေါ်ရောက်တော့ သူ့ အိတ်တွေ
ထားစရာနေရာမတွေ့ တာကြောင့် တစ်တွဲလုံး ကြားလောက်အောင်
 အော်ပါတော့တယ်။သူ ခုံ အပေါ်ကပစ္စည်းတင်တဲ့ နေရာမှာရှိနေတဲ့
အိတ်ပိုင်ရှင်ကို အော်ပါတော့တယ်။
ရထားပေါ်ကလူတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
 ခေါင်းတခါခါနဲ့ ပေါ့။ နောက်တော့ အနားက တစ်ယောက်က အဖိုးရဲ့ 
အိတ်တွေထားဖို့ စီစဉ်ပေးလိုက်ပါတယ်။

လမ်းမှာသူ့ ဘေးမှာထိုင်တဲ့ အမျိုးသမီးက သူဘယ်သွားမှာလဲ။ဘာလဲမေးတော့
အဖိုးအိုက သူ့ အကြောင်းပြောပြပါတယ်။
သူက အခု ဂျာမနီတောင်ပိုင်း ဆွစ်နယ်စပ်က သူအရင်တုန်းကနေခဲ့ဘူးတဲ့
မြို့ က အသက်ကြီရွယ်အိုတွေနေတဲ့  အိမ်ယာကိုသွားမလို့ တဲ့။
သူ့ ပြောတာကိုကြားတဲ့သူတိုင်းသူ့ အပေါ် ဂရုဏာသက်မိသွားကြတယ်။
စောစောက မကြိုက်တဲ့ အကြည့်တွေ က သနားတဲ့အကြည့်ကိုပြောင်းသွားတယ်။
သူနေတဲ့ဂျာမနီမြောက်ပိုင်းကအိမ်က အပြီးထားခဲ့ပြီ ဇာတိမြို့ က  အသက်ကြီးရွယ်အို
ရိပ်သာမှာ ပြောင်းနေရမယ်သူ့ မျက်နှာက ၀မ်းနည်းနေသလိုပဲ။

ရထားပေါ်ကဆင်းသွာတဲ့သူအချို့ က သူ့ ကို လာနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးသွားကြတယ်။ ကျမဆင်းရမဲ့ဘူတာမရောက်ခင် မှာ
သူကျမရှေ့ ကခုံမှာ လာထိုင်တော့ စကားနဲနဲပြောဖြစ်တယ်။

ကျမလည်းဆင်းရမဲ့ဘူတာရောက်တော့ သူဆင်းရင်အဆင်ပြေအောင်
သူ့ အိတ်တွေ အပေါ်ကအောက်ချပေး၊ သူ့ ကိုနှုတ်ဆက်ပြီးအစစ အဆင်ပြေ
အောင်ဆုတောင်းပေးခဲ့တယ်။ သူကလည်း ကျမကို အစစ အဆင်အပြေဆုံး
ဖြစ်ပါစေလို့ ဆုတောင်းပေးပြန်တယ်။

ကျမအတွေးထဲမှာ အများကြီးဆက်တွေးနေမိတယ်။ ကျမလည်းတနေ့ နေ့ 
အသက်ကြီးလာရင် သူ့ လိုပဲ သယ်နိုင်သလောက်အထုတ်ကလေးနဲ့ 
ဘယ်နေရာမှာများသွားနေရမလဲလို့ တွေးမိတယ်။
အခုတော့ လိုချင်တာတွေဝယ်လိုက်၊ သုံးလိုက်နဲ့  နောက်တော့ ဒါတွေကို
မသေခင်ကတည်းက ထားခဲ့ရမှာ။

တလောက မိတ်ဆွေ တစ်ယောက်နဲ့ စကားပြောရင်း" သြော် ကျမတို့ ဂျာမနီ
ကိုလာတုန်းက ကီလို ၂၀နဲ့ လာခဲ့တာ။ အခု အိမ်ပြောင်းမယ်လုပ်မှ တိုးပွား
လာတဲ့ပစ္စည်းတွေ ... အများကြီးပါလားတဲ့။" သူပြောတာသတိပြန်ရသွားသေးတယ်။

ငယ်ရွယ်ချိန်မှာတော့ မာန်တက်လိုက်၊ ရန်ဖြစ်လိုက်၊ ဘ၀င်မြင့်လိုက်၊ ကိုယ့်ကို
ကိုယ်အထင်ကြီးလိုက်နဲ့  တနေ့ နေ့ ကျမ အသက်ကြီးလာလို့  ဒီအဖိုးအိုလို
တစ်ယောက်ထဲ မရပ်တည်နိုင်တော့ရင်.... ... ... အတွေးတွေများနေမိတယ်။

8 comments:

kokonaing(Thomas) said...

kutho......

စူးနွယ်လေး said...

ကျမလည်း အဲလိုခဏခဏတွေးမိတယ်။

ညီလင်းသစ် said...

ဟုတ်တယ်နော်၊ မ,ရှင်လေးလည်း သိတဲ့အတိုင်းပါပဲ၊ ဒီက အဖိုး၊ အဖွားတွေရဲ့ ဘဝက အရှေ့တိုင်းအမြင်နဲ့ ကြည့်မယ်ဆိုရင် သနားဖို့ ကောင်းတယ်...။

(စကားမစပ် ဒီလကုန်မှာ Rust ကိုလာဖို့ ရှိသေးတယ်..)း)

Shinlay said...

စူနွယ်လေး၊ ကိုညီ လာလည်တာကျေးဇူးပါနော်။
တခါတလေ အသက်ကြီးလာတဲ့တနေ့  မြန်မာသူငယ်ချင်းတွေနဲ့ 
စုနေမလားလို့  စဉ်းစားကြည့်သေးတယ်။
ကိုညီ.. အချိန်ရရင် ၀င်လည်နော်။ ကျမ အလုပ်က
နေ့ လည် ၁နာလောက်ဆိုပြီးတော့ အချိန်ရှိပါတယ်။။ စနေ၊တနင်္ဂနွေဆိုရင်တော့ တနေ့ လုံး အချိန်ရပါတယ်။

မိုးစက်ပွင့် said...

ဟုတ်တယ် မမရေ.. ငယ်တုန်းက ဘယ်လောက်ပင်ပန်းပါစေ ကိစ္စမရှိဘူး... ဘ၀ နေ၀င်ချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ အရေးကြီးတယ်နော်...

Anonymous said...

ဟင်းးးးးးးးးးးးးးးးးးးးးးး...
အိုင်အိုရာ

yellowtree said...

လာဖတ်သွားပါတယ်..ရှင်လေးရေ.. ဒီလိုတွေးပြီး ဒီလိုရေးခဲ့ဘူးပါတယ်.. အတွေးချင်းတူနေကြလားလို့ပါ..

ပေါင်းမိုးလေးနဲ့ လှေမှာ ရွက်လွှင့်ဘို့ စိတ်ကူး...
သာသာလေးရွေ့ဘို့ ရွက်တိုင်ကို ကြိုးစားထောင်ခဲ့တဲ့ကာလတွေ လွမ်းပါဘိတော့..
လေမုန်တိုင်းတွေ့ရင် ရုန်းထွက်ဘို့ အားမွေးထားကြလို့လှည့်ပြောလိုက်တော့မှ
နောက်မှာ ဘယ်သူမှမရှိတာတွေ့တဲ့ လှေသမား..
ငါနဲ့များတူလေသလား တွေးလို့ ..
တက်ကိုင်ရမလို ချရမလို ဇဝေဇ၀ါ ဖြစ်ပေမဲ့
အင်း... မွေးနေ့မှာတော့ ကြယ်တွေစုံခဲ့ပါတယ်...

Khyl said...

လာဖတ်သွားပါတယ် ရှင်လေး.... ရေးပုံလေးတွေ ကြိုက်တယ်