ကျမနေတဲ့မြို့ လေးကဂျာမနီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Bad Krozingen ဆိုတဲ့မြို့  ငယ်လေးပါ။ မြို့ ကလေးအဖြစ် ၂၀၀၅ခု မှသတ်မှတ်တာ။ ကျမတို့ မြို့ နားမှာ Freiburg ဆိုတဲ့ မြို့ ရှိတယ်။အဲ့ဒီမြို့ ကတော့ တက္ကသိုလ်မြို့ အဖြစ်ကျော်ကြားတယ်။ ကျမတို့ မြို့ မှာ ဆေးရုံတွေ၊ rehabilitation အနားယူတဲ့ဆေးရုံတွေကအများတယ်။
အဲ့ဒီတော့ လူကြီးပိုင်းတွေကို မြို့ ထဲမှာတော်တော်တွေ့ ရတယ်။ ကျမအမျိုးသားက တော့ ကျမတို့ မြို့ လေးကို ဘိုးဖွားရိပ်သာနဲ့ တူသတဲ့လေ။
မြို့ လေးမှာ သိပ်လှတဲ့ ပန်းခြံတခုလည်းရှိသေးတယ်။ ပန်းခြံက တော်တော်လေး ကျယ်တယ်။ နွေကူးတဲ့အချိန်ကစပြီး ပန်းတွေအမြဲတမ်းစိုက်ထားတယ်။ ကျမကတော့ အချိန်ရတိုင်း ပန်းခြံထဲလမ်း လျှောက်ဖြစ်တယ်။ ကျမမှာHay Fever ရှိတော့ပန်းပွင့်တွေကြားလမ်းလျှောက်ရတာ သိပ်မလွယ်ဘူးလေ။ဒါပေမဲ့ ဒုက္ခခံပြီးသွားဖြစ်တယ်။မြို့ လေးမှာရေပူစမ်းလည်းရှိသေးတယ်။ အဲ့ဒီရေပူစမ်းကြောင့် မြို့ လေးကိုလူပိုသိကြတယ်။
ဒီမြို့ လေးမှာနေရတာ တိတ်ဆိတ်တယ်။ အေးအေးဆေးဆေးရှိတယ်။ Freiburg နဲ့ လည်းရထားနဲ့ သွားရင် (၁၀)မိနစ်ပဲကြာတော့ အဆင်ပြေတယ်လေ။ ညနေစောင်းပန်းခြံထဲမှာလမ်းလျှောက်ရတာလည်း ကြိုက်တယ်။
ဒါပေမဲ့ ဒီမြို့ လေးမှာ ကျမရဲ့ သူငယ်ချင်းတွေမရှိကြဘူး။ ကျမသူတို့ ကို မကြာမကြာသတိရမိတယ်။
ကျမသူငယ်ချင်းတွေလည်း တခါတလေတော့ ကျမကို သတိရနေမှာပဲနော်....
Monday, 6 April 2009
Subscribe to:
Post Comments (Atom)
2 comments:
Yes, I often remember you. You were bright & active student when we were young. I hope you are still active.I want to read yr new posts with myanmar font. I am sure to visit yr blog everyday. Coz I like to read blogs.
Moe, I will try to write more.
Thanks
Post a Comment