Frankfurt လေဆိပ်ကနေ ကျမနေတဲ့မြိုလေးအထိ ၂ နာရီကျော်ရထားထပ်စီးရတယ်။
ဒီမှာက ရထားတွေဟာ သိပ်အသုံးများတယ်။ ရုံးသွား၊ကျောင်းသွား၊ အလုပ်သွား၊ ခရီးသွား
ကြရာမှာ ရထားကိုအများကြီးအသုံးပြုကြတယ်။ဒီတော့ ရထားတွေအကြောင်း နဲနဲရေး
ဂျာမနီမှာ ရထားအမျိုးမျိုးရှိတယ်။ ICE ဆိုတဲ့ Intercity Express ၊ IC ဆိုတဲ့ Intercity ၊
EC ဆိုတဲ့ Eurocity, CNLဆိုတဲ့ City Night Line စတဲ့ အမြန်ရထားတွေအပြင်
IREဆိုတဲ့ Interregioexpress, REဆိုတဲ့ Regional Express နဲ့  RB ဆိုတဲ့ Regional
Bahn ရယ် S-Bahn ဆိုတာတွေလည်းရှိသေးတယ်။ အမြန်ရထားတွေက ဘူတာတိုင်း
မရပ်ဘူး။ တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော် ၃၀၀ ကျော် လောက် မောင်းကြတယ်။
ရထားထဲမှာတော့ ငြိမ်နေတာပဲ၊ မောင်းနေမှန်းတောင်မသိရဘူး။ လက်မှတ်ခတွေကတော့
အမြန်ရထားအတွက် ပုံစံအမျိုးမျိုးနဲ့ ဝယ်လို့ ရပါတယ်။ ဆိုလိုတာက မိမိသွားချင်တဲ့ရက်
ရယ်၊ အချိန်ရယ်ကို အတိအကျသတ်မှတ်ပြီး၊ အဲ့ဒီသတ်မှတ်ထားတဲ့ ရထားကိုပဲ စီးမယ်
ဆိုရင် ဈေးသက်သာတယ်။ ၃လလောက်ကြိုဝယ်ထားရင် တော့ တော်တော်လေးကို
သက်သာပါတယ်။ ရံဖန်ရံခါ ဈေးတော်တော်သက်သာတဲ့ အထူးလက်မှတ်တွေလည်း
ရတတ်တယ်။ထိုင်ခုံအတွက်ကတော့ သွားခါနီးမှ reserved လုပ်လို့ ရတယ်။ အဲ့ဒီအတွက်

ပုံမှန်ရထားတွေအတွက်ကတော့ထိုင်ခုံကဦးရာလူစနစ်ပဲ။
များသောအားဖြင့်ချောင်ပါတယ်။ ရထားခကတော့ အသွားအပြန်အခေါက်တိုင်းဝယ်လို့ 
ရသလို၊တစ်လစာလက်မှတ်
လည်းဝယ်လို့ ရပါတယ်။ အဲ့ဒါက အများကြီးသက်သာတယ်။
ကျမနေတဲ့ နေရာမှာတော့ တစ်လ လက်မှတ်ကို ၄၆ ယူရိုပေးရတယ်။ ဟိုနားဒီနား အသွား
အပြန်ပဲဝယ်မယ်ဆိုရင်တော့ ၇ ယူရို လောက်ပေးရတယ်။ အမြဲတမ်းသွားမယ်ဆိုရင်တော့
လပေးလက်မှတ်ကတန်တာပေါ့။ အချိန်မရွေး၊ဘယ်နှစ်ခေါက်ဖြစ်ဖြစ် စီးလို့ ရတယ်လေ။
နောက်ပြီးဘယ်ရထား၊ဘယ်ဘတ်စ်ကား ပဲဖြစ်ဖြစ် စီးလို့ ရတယ်။ 1st Class နဲ့ 
2nd Classလို့ ခွဲထားပေမဲ့ 1st Class မှာစီးမဲ့သူတောင်မရှိဘူး။ လက်မှတ်မပါပဲ
ခိုးစီးရင်တော့ အနည်းဆုံးယူရို ၄၀ ကနေ၊အများဆုံး လက်မှတ်ရဲ့  ၂ဆဒါဏ်ရိုက
်တယ်။ လက်မှတာစစ်က အမြဲမလာပေမဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ လက်မှတ်ဝယ်
စီးကြပါတယ်။ ခိုးစီးတာတွေလည်းရှိတာပါပဲ။
No comments:
Post a Comment