Thursday 25 June 2009

အသက် (၄၀)ကျော်အတွေး

ကျမတောင်ဘာလိုလိုနဲ့  အသက်(၄၀)ကျော်သွားပြီ။ ငယ်ငယ်တုန်းက
ဆို ဒီလို (၄၀)ကျော် အမျိုးသမီးတွေကို အန်တီလို့ ခေါ်ခဲ့တာပေါ့။
ကျမတို့ Asian တွေ ကဂျာမန်တွေနဲ့ ယှဉ်လိုက်ရင် နုတယ်ပေါ့လေ။
သူတို့ ကို ကျမအသက်ပြောပြရင်„မထင်ရဘူး။ဟုတ်လို့ လား“ စသည်
ဖြင့်ပြန်ပြောကြလေ့ရှိတယ်။ Compliment ပေါ့။
ကျမကိုကျမလည်း ဟုတ်နေတာပေါ့။

အဲ ရန်ကုန်ပြန် ရင်တော့ အန်တီအခေါ်ခံရတာ (၂)နှစ်လောက်ရှိပြီ။
ဈေးထဲမှာ၊ ဘတ်စ်ကားပေါ်မှာ လူငယ် တွေက ကျမကို အန်တီလို့ 
ခေါ်နေကြပြီ။ ဒီမှာတောင် ၁၈ နှစ်အရွယ် မြန်မာလေးတယောက်က
ကျမကို အန်တီလို့ ခေါ်တယ်။ ကျမကတော့ အန်တီလို့ ပြောလေ့မရှိ
တော့ကိုယ့်ကိုကိုယ် အစ်မလို့ ထွက်သွားရော။ သူ့ ခင်မျာ အစ်မ
လို့ ပြောင်းခေါ်ရှာတယ်။ ကျမလည်း အစ်မပြောလိုက်၊ အန်တီပြော
လိုက်နဲ့ ပေါ့။အသက်ကဖြင့် ကြီး နေပြီ အခုထိ အစ်မ အခေါ်ခံချင်
တုန်းပဲလား ဆိုတဲ့ အတွေးမျိုးသူ့ ခင်မျာ ရသွားမလားပဲ။ ကျမတို့ 
ငယ်ငယ်ကလည်း ဒီလိုမျိုးတွေးခဲ့မိဘူးတာကို။

အခုတလော သူငယ်ချင်းတယောက်နဲ့  ဖုန်းပြောရင်း ကျမတို့ 
နှစ်ယောက်စလုံးသတိထားမိတာ တစ်ခုရှိတယ်။ ပြောကြတဲ့ အကြောင်း
အရာတွေက ငယ်ငယ်တုန်းကလို အ၀တ်အစား အကြောင်း၊ ရုပ်ရှင်
အကြောင်း၊ ဟိုသတင်း၊ဒီသတင်း၊ဟိုလူ့ အကြောင်း၊ ဒီလူ့ အကြောင်း
စတာတွေ မဟုတ်တော့ဘူး။အသက်(၄၀)ကျော် ခေါင်းစဉ်တွေက
ကျန်းမာရေးနဲ့ ဘာသာရေး တွေများလာတယ်။ တယောက်နဲ့ တယောက်
နေကောင်းရဲ့ လားမေးရင်း ကိုယ်ရဲ့ ဝေဒနာတွေလေးတွေပြောပြကြ၊
နှစ်သိမ့်ကြ၊အားပေးကြ၊ အကြံပေးကြနဲ့ ပေါ့လေ။

တခါလေ စိတ်အခန့် မသင့်လို့ ဒေါသထွက်စရာလေးတွေရှိလို့်ဖွင့်မိရင်တောင်
တရားသဘောလေးနဲ့ အားပေး နှစ်သိမ့် ကြတယ်။ သားသမီးတွေရှိရင်တော့
ကလေးတွေအကြောင်းပြောဖြစ် ကြမလားပဲ။
ဒါပေမဲ့ မပြောင်းလဲတဲ့ခေါင်းစဉ်ကတော့ အစားအသောက်အကြောင်းပါ။
ဘာချက်တယ်၊ ဘာစားချင်တယ်၊ ဘယ်လိုလုပ်တယ် စသဖြင့်လေ။

ဟုတ်တယ် ကျမ မငယ်တော့ဘူး။ စကားပြောတဲ့ခေါင်းစဉ်တွေ ပြောင်းလာ
ရုံတင်မကဘူး။ ခန္ဓာကိုယ်ရဲ့  ပြောင်းလဲမှုတွေလည်း တွေ့ လာရပြီ။ ဟိုနားကနာ၊
ဒီနားကနာနဲ့ ငယ်ငယ်ကလို မဟုတ်တော့ဘူး။ အသက်က စကားပြောလာပြီ
ဆိုတာ ဒါလားမသိဘူး။
ကျမအမေက တော့ ဖြေးဖြေးသက်သာလုပ်ပါ သမီးရယ်၊ ကိုယ့်အသက်လည်း
မေမ့နေနဲ့ အုံးနဲ့ လို့  မကြာခဏ သတိပေးရှာတယ်။
(Duisburg မှ မမ အတွက် အမှတ်တရ......)

9 comments:

ngapiy said...

အသက် လေးဆယ်
ငယ် သေး တယ်

:P

P.Ti said...

ဒီကို ပထမဆုံးအကြိမ်ရောက်တာပါ။ အသက်လေးဆယ်ကျော်လို့ မထင်ရပါဘူး အမရယ်။
ကိုယ်ငယ်ငယ်တုန်းကတော့ အသက်၃၀ဆို တော်တော်ဟိုင်းနေပြီလို့ထင်မိတယ်။ အခု ကိုယ်အသက်ကြီးလာတော့ ၃၀ကျော်ဆိုတာ သိပ်မကြီးသေးဘူးလို့ ... အားတင်းထားတာ.. :D

Anonymous said...

အမယ်..လူတတ်ကြီးလုပ်နေတယ် ပီတိ.. ။ လပိုင်းကြီးတာကို
အတင်းလိုက် အစ်မလို့ခေါ်ခေါ်နေတဲ့သူကများ။ ဟွန်း။

Mr.Pu said...

Das Leben faengt erst mit 40 an!!

Shinlay said...

ပူးရေ Danke für deine Komplimente.
ngapiy, P.Ti နဲ့ Anonymous ရေ ကျေးဇူးပဲ။
အားတက်သွားပြီ :) :) :)))))))))))

မောင် said...

ပုတီးကိုင် ၇တော့မယ်...

လုလု said...

မမရှင်လေး
ပြောတဲ့အသက် ယခုလက်ရှိအနေအထားနဲ့ ယှဉ်ရင် လုံးဝကို မထင်ရပါ။
ထာဝရနုပျိုလှပပါစေ။
အကို Thomas နဲ့လည်း ပျော်ရွှင်ပါစေနော်။

rose of sharon said...

၄၀ဆိုတာဘဝစ တဲ့အရွယ်ဘဲဟာ..
အသက်မကြီးပါဘူးနော်...ဓာတ်ပုံထဲကအတိုင်းဆို ၃၀
ဝန်းကျင်ဘဲထင်ရတယ်..

Shinlay said...

မလု နဲ့ Rose တို့ ပြောတာနဲ့ ပျော်သွားပြီ။
တကယ်တော့ မောင်ပြောသလို ပုတီးတော့မကိုင်ရသေး ပေမဲ့ တရားရိပ်သာတော့ ရောက်နေပြီ။