Saturday 13 June 2009

ယိုးဒယား ပွဲ (Königschaffhausen)
















ကျမတို့ ဆီမှာ နွေရောက်ပြီဆိုရင် ပွဲလေးတွေ လုပ်ကြတယ်။ ကျမတို့ 
က စနေ၊တနင်္ဂနွေ ပိတ်ရက်တွေဆိုရင် ဘယ်နား ဘာရှိလဲ ရှာပြီး သွားလေ့
ရှိတယ်။ ပိတ်ရက်တွေဆိုရင် ဆိုင်တွေပါပိတ်တော့ ပျင်းစရာကြီး။
ဟိုနား၊ဒီနား သွားမှပဲ လူလေးဘာလေး မြင်ရတာ။

မနေ့ ကတော့ Königschaffhausen ဆိုတဲ့မြို့ မှာ ယိုးဒယားပွဲ ရှိတာနဲ့ 
ရောက်သွားတယ်။ Thomas က ယိုးဒယား အစားအစာဆို အလွန်
ကြိုက်တော့ တက်ကြွနေရော။ ကျမတို့ ရောက်တော့ နေ့ လည်(၃)နာရီ
လောက်ရှိပြီ။ ကပွဲတွေ လည်းပါတယ်။ အစားအသောက် ရောင်း
တာ တော် တော် စုံတယ်။ ဆိုင်တွေက မနှစ်ကလောက်တော့ မများဘူး။

ယိုးဒယား သင်္ဘောသီးထောင်း၊ အသားကင်၊ ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ်၊
Tom Yam၊ မုံ့ လင်မယား၊ မုံ့ လက်ဆောင်း၊အအေးစုံ၊ ဟင်း နဲ့ ထမင်း
(ဂျာမန်အကြိုက်)၊ ကော်ပြန့် ကြော်၊ ယိုးဒယား အစားအစာ အခြောက်
အခြမ်း ရောင်းတဲ့ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လက်ဆောင်ပစ္စည်းရောင်တဲ့ 
ဆိုင် ....စုံနေတာပဲ။

ကျမ ကတော့ ယိုးဒယား သင်္ဘောသီးထောင်း ၀ယ်စားတယ်။ ၅ ယူရို
ပေးရတယ်။ စားကောင်းတယ်။ Thomas ကတော့ ကြက်သားဟင်း နဲ့ 
ထမင်း စားတယ်။ ဆံပင်လည်းညှပ် ခဲ့သေးတယ်။ တလောက ကိုယ်တိုင်
အစွမ်းပြလိုက်တာ မလှလို့ ...ညှပ်ခ လည်းသက်သာတယ်။ ညှပ်တာလည်း
ကောင်းတယ်။ ၁၀ ယူရို။

ပွဲက ဒီနေ့ လည်းရှိသေးတယ်။
Thomas က သရက်သီး နဲ့  ကောက်
ညှင်းပေါင်း သွားစားဖို့  တက်ကြွနေရဲ့ ။
ကျမတို့ မိတ်ဆွေ ကို John နဲ့ 
Ludwig တို့ ကအဲ့ဒီမြို့ မှာနေတော့
ဒီနေ့ သူတို့ နဲ့ တွေ့ ဖြစ်မယ်။

1 comment:

Mr.Pu said...

sieht lecker aus!!