Thursday 2 July 2009

မတူညီသော သောတအာရုံ

လူတိုင်းမှာကိုယ့်အကြိုက်နဲ့ ကိုယ်ရှိကြပါတယ်။ အခုပြောပြချင်တာကတော့


ကျမတို့ နှစ်ယောက်ရဲ့ ကွဲပြားမှုတွေထဲ က အကြောင်း တစ်ခုပါ။


ကျမကသီချင်းနားထောင်ရတာကြိုက်ပါတယ်။ နားအေးပါးအေး နားထောင်လို့ 


ရတဲ့သီချင်းဆိုရင် မြန်မာ၊ အင်္ဂလိပ်၊ဂျာမန်...ဘာပဲဖြစ်ဖြစ် နားထောင်ပါတယ်။


အားလုံးထဲမှာတော့ မြန်မာသီချင်း အေးအေးလေးတွေဆို ပိုတောင်ကြိုက်


သေးတယ်။ တခါတခါ အလုပ်ကပြန်လာလို့ ပင်ပန်းရင်ပဲဖြစ်ဖြစ်၊ တနင်္ဂနွေနေ့ 


မျိုး နားနားနေနေ နေတဲ့အခါပဲဖြစ်ဖြစ် သီချင်းအေးအေးလေးတွေ နားထောင်


ပြီး ဇိမ်ခံရတာကို ကျမကကြိုက်တယ်။


Thomas ကတော့ Music ဆိုရင် Techno ပဲ။ နဲနဲမှမလျှော့ဘူး။ ကျမက


နားအေးပါးအေး အနားယူချိန်မှာ သူက သူရဲ့ Techno Music ကို ခပ်ကျယ်ကျယ်


ဖွင့်လိုက်ရင် ကျမဒုက္ခရောက်ရော။ ကျမတို့ အိမ်ခန်းကလည်းကျဉ်းတော့


ပြေးစရာ မရှိဘူး။ Techno ကိုကျမ ခံစားလို့ မရပါဘူး။ ကြိုးစားပြီးခံစားကြည့်ပေမဲ့


မရဘူး။ ကျမနားထဲမှာ ကြားနေရတာက Bumm, Bumm, Bumm,Bumm......ပဲ။


၁၀မိနစ်လောက် လည်းကြာလာရော ကျမရဲ့ခေါင်းကို တူနဲ့ ထုနေသလို ဖြစ်လာပြီး


ခေါင်းကိုက်လာရော။


တနေ့ က ကျမအပြင်ကပြန်လာတော့အိမ်မှာ CDအခွေတွေ အပုံလိုက်


တွေ့ လိုက် ရတယ်။ ဘာအခွေတွေလည်းလို့ ကြည့်လိုက်တော့ သူ့ စိတ်ကြိုက်


Techno အခွေ (၁၅၀) ။ Ebay နေ တခွေကို တစ် ယူရိုနဲ့ ဝယ်လိုက်တာဆိုပဲ။


သူကတော့ သူလုပ်ချင်တာကိုလုပ်လိုက်ရလို့  ကျေနပ်တဲ့အပြုံးနဲ့ ။ ကျမကတော့


တော်တော်ကို စိတ်ပျက်သွားတယ်။


သူကအခွေတွေ တစ်ခုပြီးတစ်ခု ရွေးဖွင့် ပြီး ဇိမ်ကျ နေပေမဲ့၊ ကျမကတော့


နားငြီးလိုက်တာ၊ ခေါင်းကိုက်လိုက်တာ။ ဘာမှအာရုံစိုက်လို့ မရဘူး။ ကျမကြား


နေရတာက တော့ Bumm, Bumm, Bumm,Bumm... ဆိုတာပဲ။ သူကတော့


အိမ်မှာလည်း Techno ကားထဲ မှာလည်း Techno ၊နေရာတိုင်းမှာ Techno နဲ့ 


ဇိမ်ကျနေလေရဲ့။



ဒါတောင် သူ့ Techno က soft Techno တို့ ၊ Trance (House) တို့ ဆိုပဲ။


တော်ပါသေးရဲ့။ နို့ မိုဆိုရင်တော့ ကျမနားထဲ ဂွင်းဆို့ ထားရမလားပဲ။


အဲဒါလေးကတော့ ကျမတို့ နှစ်ယောက်ရဲ့ မတူညီမှုတွေထဲက တစ်ခု အကြောင်းပါ။


( He corrected me that he likes also the melodious Pop songs.

but not german “Volksmusik”. Sometimes he is in the mood

to hear Techno.)

7 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

techno အေခြ ၁၅၀
ဘုရား ဘုရား
း)

Shinlay said...

လေပြေရေ ဘုရားတလောက်ပါတယ်။

ThuHninSee said...

technoလဲကြိုက်တယ်။ အိမ်မှာ မတူတာက ကျွန်မက သီချင်းဖွင့်ပြီး
သူကတရားခွေဖွင့်တာ။း)

Shinlay said...

ကောင်းလိုက်တာနော်၊ နားအေးပါးအေးနဲ့  ကုသိုလ်လည်းရတယ်။

မြူးလေး said...

မရေ.............

၁၅၀
ဟုတ်လာ.....မ

း)))))))))))

PAUK said...

ဘာသီချင်းဖြစ်ဖြစ်နားထောင်ဖြစ်ပါတယ်..
တက်ဂ်နို ကိုတော့ နားမထောင်ဖြစ်သလောက်ပါပဲ..
trance ကို နဲနဲပါးပါး..
မရှင်လေး...သနားပါတယ်..

Shinlay said...

ပေါက်ရေ ကျေးဇူးပါပဲ။