Monday 6 July 2009

ပူးလေးစားဖို့ မုန့် ညှင်းချဉ်

မုန်ညှင်းရွက် ကိုရေဆေး ၊နေလှန်း(တစ်ရက်လောက်)၊ နဲနဲထပ်သွားရင် လှီး

Senfkorn ( မုန်ညှင်းစေ့) ကို Supermarket မှာဝယ်တယ်။
Koriander အစေ့နဲ့ ၊ကြံသကာကို Asian shop က၀ယ်တယ်။
ဂျင်း၊ငရုပ်သီးအပုတောင့် လည်း အဆင်သင့်ပြင်ထားပါ။

ဥနီကိုလည်းလှီးပါ။

ကြက်သွန်ဥ သေးသေးလေးတွေ ကို အခုတလော Penny Markt
မှာရောင်းနေတယ်။
ကြက်သွန်ဥ သေးသေးလေးတွေကို အခွံခွာပါ။

ပြီးရင် မုန်ညှင်းစေ့၊ Koriander အစေ့၊ ကြံသကာ၊
ဂျင်း၊ငရုပ်သီးအပုတောင့်
တွေကို မညက်တညက်ထောင်းပါ။ ဆားအနည်းငယ်ထဲ့ပါ။
(ကျမကတော့ အရက်မထည့်ဘူး။)

အားလုံးကို အရွက်၊ဥနီ စတာတွေနဲ့ ရောနယ် ပါတယ်။
ပြီးရင် ပုလင်းထဲထည့်၊ အဖုံးကို ပလတ်စတစ်လေးခံပြီး ပိတ်ပါတယ်။

(၆)ရက် (၇)ရက်လောက်ကြာရင် စားလို့ ရပါပြီ။

ဒီနည်းကို မလုဆီကရတာပါ။ ဒီမှာ ဖတ်ကြည့်ပါ။

ကျမလုပ်တဲ့
မုန်ညှင်ချဉ် အလွယ်နည်း။
မုန်ညှင်းရွက် ၀ယ်မရရင်၊ ဒါမှမဟုတ် အမြန်လိုရင် လုပ်တာပါ။

Asian Shop ကနေ ကြံမဆိုင် တစ်ထုပ် ၀ယ်ပါတယ်။ မြီးကြည့်ပြီး
အရမ်းချဉ်နေရင် ရေစိမ်ထားလိုက်ပါ တယ်။ ပြီးရင် ရေညှစ်ပြီး လှီးပါတယ်။
ဥနီကိုလည်းလှီးပါ။

ပြီးရင် မုန်ညှင်းစေ့၊ Koriander အစေ့၊ ကြံသကာ၊ ဂျင်းတွေကို
မညက်တညက်ထောင်းပါ။

ဒယ်အိုးထဲ ကို ဆီအနည်းငယ် ထဲ့ပါ။ ငရုပ်သီးမှုန် ထည့်၊
မုန်ညှင်းစေ့၊
Koriander အစေ့၊ ကြံသကာ၊
ဂျင်း ထောင်းထားတာတွေနဲ့  ကြံမဆိုင်
လှီးထားတာထည့်ပြီး နဲနဲခြောက်သွားအောင် လှော်ပေး လိုက် တာပါ။

အနံတော့မတူပေမဲ့ အလွယ်တကူနဲ့ လုပ်စားလို့ ရတဲ့ နည်းပေါ့၊


6 comments:

Mr.Pu said...

လုပ်စားမယ်..ကျေးဇူးတင်ပါတယ် ခုလိုတကူးတက ရေးပေးရတာကို..

Shinlay said...

ဝမ်းသာပါတယ်။ နောက်လည်း စားချင်တာများရှိရင်
ပြောပါ။ စမ်းပြီးလုပ်ကြည့်ကြတာပေါ့။ ဒီမှာဝယ်လို့ ရတာလေးတွေနဲ့ လေ။ ကျမ က၀ါသနာပါတယ်။
စမ်းရင်းနဲ့  ပစ်ရတာလည်းများပြီ။ ဟဲဟဲဟဲ။။။။။

rose of sharon said...

မုန်ညှင်းချဉ်လုပ်စားကြည့်အုန်းမယ် ကျေးဇူးရှင်လေး

PAUK said...

``ဒယ်အိုးထဲ ကို ဆီအနည်းငယ် ထဲ့ပါ။ ငရုပ်သီးမှုန် ထည့်၊ မုန်ညှင်းစေ့၊ ´´
ဟီးဟီးး...
ဒီစာကြောင်းတွေ့တော့ မနေနိုင် မထိုင်နိုင် ၀င်ပြောမိပါတယ်..
မုန်ညှင်းချဉ်တည်တာ ဘယ်လိုမှ ဆီနဲ့ ထိမိလို့မရပါဘူးဆိုတဲ့ အကြောင်းပါ..
အလွယ်ဆုံး မုန်ညှင်းချဉ် လုပ်စားချင်ရင်..


ကြံသကာစေးစေးလေးအရင်ကျိုထားပေးပါ..
ပြီးရင် အအေးခံထားပေးပါ..
ကြံသကာမရှိရင် သကြားကျိုထားပေးပါ..
မုန်ညှင်းစိမ်းလေးတွေကို အရွက်တွေဖြုတ်ပြီး
ရေသေချာဆေးပါ...ရေသေချာစစ်ပြီးတစ်လက်မ အနေလောက်ဓါးနဲ့ လှီးထားပေးပါ..
လှီးပြီးသား မုန်ညှင်းဖတ်တွေကို ဆားလေးပက်ပြီး နာနာနယ်ပေးပါ..
အရွက်တွေ နွမ်းလာတဲ့အထိ..
ပြီးရင် ထွက်လာတဲ့ အခါးရည်ကို သွန်ပစ်လိုက်ပါ..နွမ်းနေတဲ့ မုန်ညှင်းဆန်ထဲကို ကြံသကာရည်..ငြုပ်သီးအကြမ်းမှုန့်နဲ့
ရောနယ်ပြီး ဖန်ပုလင်းတစ်လုံးထဲမှာ သိပ်ပေးပါ...
အာရှလို ပူတဲ့ဒေသဆို ၃..၄ရက်ဆိုစားရပါပြီ..
အေးတဲ့ဒေသကတော့ ၁ပတ်လောက်စောင့်ရပါလိမ့်မယ်..
ဒါကတော့ အလွယ်နည်းပါချင့်..
အဆင်ပြေကြပါစေ..
ကျနော် အပျင်းမထူတဲ့တစ်နေ့ ပုံနဲ့ တကွ
တင်ပေးချင်ပါတယ်..

Shinlay said...

သူ့ နည်းနဲ့ သူပေါ့။ ဆီနဲ့ လှော်လိုက်တာက ကြံမဆိုင်
ချဉ် အထုပ် ကို ၀ယ်ပြီးလုပ်တာ၊ ထပ်အချဉ်တည်
စရာမလိုဘူး။ အဲ့ဒါကြောင့် ပြန် လှော်လိုက်တာ။
အမြန်ပဲ။

Unknown said...

Senfkorn ဆိုတဲ့ English စာလုံး Dictionary မှာမရှိပါ။ မုန်ညှင်းစေ့ကို ဆိုလိုတာဆိုရင်တော့ Mustard Seeds လို.ပြောရင် ဈေးဝယ်သူတွေအတွက်အဆင်ပြေပါလိမ့်မယ်။ နံနံစေ့ကိုသုံးစေချင်တာဆိုရင် Coriander Seeds ပါ။ Koriander ဆိုတာလည်း Dictionary တွေမှာ မရှိပါဘူး။

Blog ကိုဝင်ဖတ်ပြီး ဈေးဝယ်ထွက်မည်.သူများအဆင်ပြေစေရန်အတွက။်