Sunday 19 July 2009

ငယ်ငယ်တုန်းက စားခဲ့တယ်

မဟာဆန်တဲ့ ညီမလေး အတွက်....


ငယ်ငယ်တုန်းက စားခဲ့တာတွေ ထဲမှာ အခုအချိန်ပြန်လွမ်းမိတာတွေတော့

အများကြီးပေါ့။ အဲ့ဒီထဲကမှ အခုအချိန်မှာ အလွမ်းဆုံးတွေက......

ကျမအမေက ဟင်းချက်ကောင်းတယ်လို့  လူတွေပြောကြတယ်။

သူချက်တဲ့ ငံပြာရည်ချက် ကို ကျမသိပ်ကြိုက်တယ်။ ခြံထဲမှာ ကတက်ပင်တစ်ပင်

ရှိတယ်။ ကတက်ရွက်တွေ နုပြီဆိုရင် အဖွားနဲ့ မမြိုင်တို့ အလုပ်များကြပြီ။ ကတက်

ရွက်တွေကိုခူးပြီး ချဉ်ပတ်ထဲ့တယ်။ ဒညင်းသီးပေါ်ချိန်ဆိုရင် အမေက ကီလီဈေးသွား

ပြီး ၀ယ်တော့တာပဲ။ အိမ်ရောက်ရင် ဆားရည်စိမ်တာပဲ။ ကတက်ချဉ်ရပြီ၊ ဒညင်းသီး

ဆားရည်စိမ် ရပြီဆို ငပိရည်ဖျှော်၊ ငံပြာရည်ချက်၊ မမြိုင်ချက်တဲ့မျှစ်ငါးပိချက်တို့ နဲ့ 

စားခဲ့ရတာ ကို ဒီမှာမကြာမကြာသတိရတယ်။

ဒီမှာသာ ငံပြာရည်ချက်ချက်ပြီး ဒညင်းသီးဆားရည်စိမ်လုပ်စားလိုက်ရင် တော့

အိမ်နီးနားချင်းတွေ လာပြီးတံခါးခေါက်ကြမှာ အသေချာပဲ။

ငယ်ငယ်ကကျောင်းပိတ်ရင် အဖွားနဲ့ ဖျာပုံကို လိုက်သွားလေ့ရှိတယ်။ ဖျာပုံရောက်ရင်

အဖွားက ပုဇွန်ထုပ်အကြီးကြီးဝယ်ကျွေးတယ်။ ပုဇွန်ထုပ်ကို မီးကင်ပြီး ငံပြာရည်လေး

နဲ့ တို့ စားရတာအခုထိ လွမ်းနေတုန်းပဲ။ ခေါင်းထဲမှာဆိုရင် အဆီတွေ မှ အများကြီး။ ဒီမှာ

ပုဇွန်ထုပ်ကမရှိသလောက်ရှားတယ်။ ရန်ကုန်မှာတောင် အခုဆို တော်တော် ဈေးကြီးနေပြီး။

ဒါတွေကတော့ကျမရဲ့  ရသာတဏှာပေါ့။ Thomas ကတော့ သူငယ်ငယ်က စားခဲ့ရတာတွေ

ထဲမှာ သတိတရ နဲ့ စားချင်နေတာတွေက ဟော်လန်က

Pommes နဲ့ Mayonnaise not with Ketchup ၊(Pommes ဆိုရင်ဟော်လန်နဲ့ 

ဘယ်လဂျီယန်ကအကောင်းဆုံးဆိုပဲ။) Wassenaar က သူ့ အမေအိမ်နားမှာရှိတဲ့

Flamango Indonesian Restaurant က Indonesian-Sate နဲ့  Erdnuss Sauce.

( သူ့ အမေက ဟော်လန်သူ၊ သူ့ အဖေက ဂျာမန်သား လေ။)

ကျမ ဂျာမနီရောက်တော့ Pfannkuchen, Kübis Suppe, Spargel mit Schinken,

Katoffeln und Sauce Hollandaise တွေကိုကျမကြိုက်တယ်။ ခရစ်စမတ်ဈေးပွဲ

တွေမှာကျမစားလေ့ရှိတဲ့ Schupfnudeln,Speck နဲ့  Sauerkraut တွေကိုရောကြော်

ထားတာ ကဆောင်းတွင်းအေးအေးလေးမှာ စားရတာ အရသာ ပိုရှိသလိုပဲ။ Heiße Maroni..

ကလည်းကျမရဲ့  အကြိုက်ပေါ့။ နောက် ဟော်လန်က Matjes (ဟောလန်က တကူးတက

သူသယ်လာတာဆို ပိုတောင်အရသာရှိသေးတယ်။)။

Thomas ကIndian နဲ့ Thai အစားအစာတွေကို ကြိုက်တယ်။ မြန်မာပြည်မှာ

သူကြိုက်တာတွေကတော့ ရွှေချီ၊ ရွှေရင်အေး၊ အုန်းနို့ ခေါက်ဆွဲ နဲ့  ဒံပေါက်၊

မြန်မာကော်ဖီ နဲ့ ပဲပြုပ်ထမင်းကြော်။

ပုံပြောင်းပြီးကျမ လက်စွမ်းပြထားတာတွေ သာ ရေးပြရင် လူရီခံနေရအုံးမယ်။

ဥပမာ တချို့ ကတော့ အသုပ်စုံ၊နန်းကြီးသုပ် ပူပူနွေးနွး။

ငါးနံ့ မထွက်အောင် ငံပြာရည်နဲနဲသုံးပြီး Lachs နဲ့ ချက်ထားတဲ့ မုန့် ဟင်းခါး။

( သူ ပြောတော့ ရန်ကုန်ကမုန့် ဟင်းခါးထက်ကောင်းတယ်ဆိုပဲ။) ကျမကတော့

င်္ငံပြာရည်နံ့ ၊ငါးနံ့ လှိုင်နေတဲ့ မုန့် ဟင်းခါးကို ပဲသတိရနေတယ်။

Thomas ခမျာ ကျမ ချက်ကျွေးတာကို မငြီးမညူ စားရှာတယ်။ စားလို့ ကောင်း

တယ်လို့ လည်း အမြဲတမ်း ချီးမွမ်းရှာတယ်။ တကယ်ပဲ ကျမချက်တာ ကောင်းလို့  လား၊

သူ့ ကိုချက်မကျွေးတော့မှာစိုးလို့  မြှောက်ပြောနေတာလားဆိုတာ တော့

ကျမ မကြာခဏ တွေးမိပါရဲ့ ။

So, I have been asked to commend this…..

All the facts are true and correct…..

Of course I speak the truth only, so when I say

To Shwe Shinlay “hinchat kaunde” I mean it !

That’s all I have to say at the moment.

Thomas (Ko Ko Maung)

10 comments:

လပြည့်ရိပ် said...

အစ်မရေးထားတာနဲ့ ဓညင်းသီးဆားရည်စိမ်နဲ့ ငါးပိရည်ဖျော်ကို သတိရသွားပြီ။ ဒီမှာသာအဲဒါစားလိုက်ရင်တော့ ပွဲကြီးပွဲကောင်းပဲ... ဟော်လန်ကိုရောက်ခဲ့တုန်းက Pommes နဲ့ mayonnaise စားခဲ့သေးတယ်။ mayonnaise အရသာကဒီက အရသာတွေနဲ့မတူဘူး ..စားလို့ကောင်းတယ်... ဦးသောမတ်စ်ရဲ့ comment ပေးထားတာ အကြိုက်ဆုံးပဲအစ်မရေ......

Anonymous said...

မေ၇..................
မမကိုလေ မြူးလေးတွေ့ ချင်လိုက်တာ
ရေးထားတွေ စားချင်လို့ နောက်ပြီး
မြူးလေးကိုအမြဲ take care နော်မြူးလေးရေ..
ပြေားလို့ လေ
မမလပြည့် လေးပြေားသလိုပဲလေ
U Thomas ကောမန့် လေးကြိုက်တယ်

ချစ်တဲ့
မြူးလေး

Shinlay said...

လပြည့်နဲ့ မြူးလေးရေ ကျေးဇူးပါပဲ။ ဦးသောမတ်စ်က
လည်းနှုတ်ဆက်ပေးပါတဲ့.....

Yu Ya said...

အစားအသောက်ကောင်းတွေ လာမြည်းသွားပါတယ် ခင်ဗျာ။

yu ya

မဟာဆန် said...

အစ်မရေ တက်ဂ်ပို့စ်လေး အချိန်ယူရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.
Vielen Dank. Ich mag auch Pommes mit Mayonnaise. Ich freue mich zu hören, dass Sie wie Mont-Hin-Khar, U Ko Ko Maung.

rose of sharon said...

ကတက်ချဉ်စားချင်လိုက်တာ... ဒါဖတ်ပြီးမှသတိရသွားတာ... (ကတက်ချဉ်ကိုမေ့နေတာကြာပြီ)

Anonymous said...

မုန့်ဟင်းခါး အသေကြိုက်တယ်..
ကတက်ချဉ်လဲ စားချင်တယ်..
ပိုစားခဲ့ပါနော်..
ပေါက်

မမိုး said...

မရှင်လေးေ၇..ဒညင်းသီးဆိုလို့ ရောက်ကာစက ဗီယက်နမ်ဆိုင်မှာ တွေ့တာနဲ့ ၀မ်းသာအား၇ ပြုတ်ထဲ့လိုက်တာ..၇ှင်လေးပြောသလို တခါးလာမခေါက်ပေမဲ့ ပြတင်းဝနားမှာ ပြူတစ်ပြူတစ် ဖြစ်ကုန်ကြတယ်..ကိုယ့်မှာ ဂှက်၇ှက်နဲံ့ တောင်းပန်၇တာပေါ့လေ...

Shinlay said...

မမိုးရေ...သတိထားအုံး။ သူတို့ က ထူးခြားတဲ့အနံ့ တို့  ၊နားမလည်နိုင်တဲ့ အသံတို့ ဆို စိတ်ဝင်စားတယ်။

တီချမ်း said...

http://chenaddy.blogspot.com/2009/04/blog-post_2050.html