Friday 31 July 2009

ကျမနဲ့ မိုးလေ၀သ သတင်း

မြန်မာပြည်မှာတုန်းက ကြားဘူးတာတစ်ခုက နိုင်ငံခြားမှာSmall Talk ကို

ဘာနဲ့ စပြောရမှန်းမသိရင် ရာသီဥတုအကြောင်းနဲ့ စပြီးပြောလေ့ ရှိတယ် တဲ့။

အဲ့ဒီတုန်းကတော့ ဘယ်လိုပါလိမ့်လို့  ကြံကြံဖန်ဖန် စိတ်ဝင်စားစရာလည်း

မကောင်းပဲနဲ့ လို့  တွေးမိသေးတယ်။

အခုတော့ နာလည်လာတတ်ပြီ။ ကိုယ်တိုင်လည်း ရာသီဥတုအကြောင်းကို

ရေးကြီးခွင်ကျယ် ပြောတတ်နေပြီဆိုတာ သတိထားလာမိတယ်။

လူတွေရဲ့  စကားတွေဟာ နေ့ စဉ်ထိတွေနေတဲ့ အကြောင်းအရာတွေပေါ်

မှာအများကြီး မူတည်နေတာပါ။ ကျမတို့ မြန်မာတွေဆိုရင် ဘာဟင်းချက်စားသလဲ

ဆိုပြီး စကားစလေ့ရှိတယ်။ ကျမတို့ က အစားအသောက် ကောင်းကောင်း ကြိုက်

ကြတာကိုနော်။

ဒီမှာကြတော့ ရာသီဥတုက တစ်နေ့ ရွှေ၊ တစ်နေ့ ငွေ ဆိုတော့ ကြိုတင်သိဖို့ 

လိုပြန်ရော။ ကျမ တို့ ဆီမှာကတော့ နွေဆို ပူပြီး၊ မိုးတွင်းဆို ရင် မိုးရွာတာပဲ။

မှန်းလို့ လွယ်တာပေါ့။ ဒီမှာကတော့ ဒီနေ့  ၃၅ဒီဂရီလောက် ပူပေမဲ့၊ မနက်ဖြန်

၂၀ ဒီဂရီလောက် အထိကျသွားပြန်ရော။ မိုးကတော့ ၁၂ လလုံး သူရွာချင်တဲ့

အချိန် ရွာတော့တာပဲ။ အမေ ကတောင် ဂျာမနီကမိုးတွင်းကလည်း

ကြာလိုက်တာ မကုန်သေးဘူးလားလို့  ဖုန်းထဲကနေ မေးရှာတယ်။ သူနဲ့ ဖုန်းပြောရင်

ဒီမှာမိုးရွာတဲ့ အကြောင်းပြောပြဖြစ်တာကိုး။ ဆောင်းတွင်းဆိုရင်လည်း ဒီနေ့ နှင်းကျ

မလား၊ လမ်းချော်မလား သိဖို့  လို့ပြန်ရော။

ရာသီဥတု အခြေနေကိုလိုက်ပြီး အ၀တ်အစားကိုလည်းရွေးရသေးတယ် ။

တခါတလေ နေပူမယ်ထင်ပြီး ပေါ့ပေါ့ပါးပါး ၀တ်သွားပေမဲ့၊ လေတိုက်ပြီး အေးလို့ 

Weather report မကြည့်ပဲ အနွေးထည် မယူလာမိတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်

မိတာ မကြာခဏပဲ။

တနေရာရာကို ခရီးထွက်မယ်ဆိုရင်လည်း အ၀တ်အစား ထည့်သွားဖို့  မိုးလေ၀သ

သတင်း ကြည့်ရပြန်ရော။ တခုခု လုပ်မယ်ကြံတိုင်း မိုးလေ၀သ သတင်းကို

အရင်ကြည့်ရတယ်။ ရာသီဥတုကလည်း အပြောင်းအလဲကမြန်တော့ ဒီမှာ မိုးလေ၀သ

သတင်းက အရေးပါနေတာပေါ့။ အဲ့ဒီတော့ လူတွေတွေ့ ရင် ဒီအကြောင်းကို

မငြီးမညူပြောလေ့ရှိကြတာနေမှာ။

ကျမကတော့ ညနေပိုင်း ၇ နာရီနဲ့ ၈ နာရီသတင်းတွေ ပြီးရင် လာတဲ့ မိုးလေ၀သ

သတင်းတွေကို ကြည့်လေ့ရှိတယ်။ မနက် အလုပ်မသွားခင်လည်း ကြည့်လိုက်သေးတယ်။

အဲ့ဒီလောက်အထိ ကြည့်တာ။(လွန်လွန်းတယ်)။ မိုးလေ၀သ သတင်းတွေက များသော

အားဖြင့်တော့ မှန်ပါတယ်။ ၃_၄ရက်လောက်အထိ ခန့် မှန်းပေးကြတယ်။ အမြဲတမ်း

တော့လည်းမမှန်ဘူးပေါ့။ တခါတလေ လည်း နေပူမယ်ဆိုလို့ ထီးမယူသွားတာ၊ မိုးမိ ပါရော။

အေးမယ်ဆိုလို့  အထူတွေဝတ်သွားတာ၊ အနွေးထည်တွေပိုက်ပြီးပြန်လာရတာတွေ

တော့ ကြုံရဘူးတာပေါ့လေ။ သဘာဝတရားကို တရားသေ မှန်းလို့ တော့ဘယ် လွယ်မှာလည်းနော်။

ဘာပဲဖြစ်ဖြစ် ကျမလည်း တဖြေးဖြေးနဲ့  မိုးလေ၀သ သတင်းတွေ ကြည့်တတ်၊

မိုးလေ၀သ သတင်းတွေ အကြောင်းပြောတတ် လာပြီ။ မကြာခဏလည်း မှားတွက်

မိလို့  အဆင်မပြေတာတွေလည်း ကြုံခဲ့ဘူးပြီ။ သြော် နောက်လည်း ကြုံရအုံးမှာပဲလေ။

( နေပူမယ်ဆိုလို့ ထီးမယူသွားတာ မိုးမိပြီးပြန်လာရတဲ့ သူငယ်ချင်းအတွက် အမှတ်တရ)

11 comments:

Yu Ya said...

တော်သေးတာပေါ့ဗျာ... နေပူမယ်ဆိုပြီး မိုးပဲရွာလို့.. သာသာယာယာရှိပါတယ် ပြောပြီး မုန်တိုင်းဝင်မသွားတာထက်ဆိုင်ရင် ပြောတာပါ။.. အဟီး။

Ma Moe said...

ရှင်လေးရေ မှတ်မှတ်ရရ ဒို့တွေ စကားပြောဖြစ်တဲ့နေ့က ဒီဘက်မှာ နေတွေသာနေတယ်လို့ ပြောမီတာလေ၊ မကြာပါဘူးဟယ်.. နောက် နာရီဝက်လောက်လဲ နေရော အခုနတုံးက သူမဟုတ်ခဲ့သလိုပဲ၊
မိုးတွေချိမ်း လျှပ်စီးတွေလက်ပြီး ၁နာရီနီးပါးပဲရွာလိုက်တာ..
ကလေးတွေကိုပြောပြပြီး ရယ်ရသေးတယ်၊
သြော်..ငါ့နှယ် ကံမလိုက်တာများပြောပါတယ်.
ခုန ရုပ်ပျက်ဆင်းပျက်အော်နေရတဲ့ အော်လံကလဲ ခုအကောင်း..နေပူနေတယ်ပြောမိကာမှ မိုးကချက်ချင်းပဲ ထစ်ချုန်းရွာ...နဲ့...

rose of sharon said...

ဘာဘဲဖြစ်ဖြစ်... မိုးလေဝသမှန်းတတ်နေပြီဆိုတော့... တော်တာပေါ့... တခါတလေလွဲတာကတော့.... ကျွမ်းကျင်သူတွေလဲဖြစ်တတ်ပါတယ်....

Shinlay said...

yu Ya,ma moe နဲ့ Rose ကျေးဇူးပါပဲ။
ဒီတရက် နှစ်ရက်တော့ နေပူမယ်ဆိုပဲ။ ဒီနေ့ ဆို ၃၀°C
တဲ့။ ပေါ့ပေါ့ပါးပါးဝတ်၊ညှပ်ဖိနပ်စီးပြီး လျှောက်သွားလိုက်
အုံးမယ်....

Anonymous said...

မရေ.....
တော်တယ် မြူးလေးလဲလေ့်ရအုံးမယ်
မိုးလေ၀သအကြောင်းတွေ တော်ကြာ
ဟင်းးးးးးးးးးးး ခဏခဏပဲ ထီးမပါလို့ 
ကားပတ်ကင်ထိပြေးရတာ ခလုတ်တိုက်ပါလှဲ
တယ်သိလားဟီးဟီ သွားစိုက်ခဈေးကြီးတယ်လေသိတယ်မလား

ချစ်တဲ့
Tackecarelay

Anonymous said...

မရေ.....
Takecarelay ရေးတာ မှားသွားတယ်ပြန်ပြင်တယ်သိလား

LOVE U MAAAAAAAAAAAAAAAAAAA

Shinlay said...

မြူးလေးပေးတဲ့ နာမည်လေးကြိုက်သွားပြီ။

ကျေးဇူးတင်ပါတယ်။ မိုးရွာရင်လည်း မပြေးနဲ့ လျှော်လဲ
နေအုံးမယ်။ မြူးလေးရဲ့ Takecarelay....

PAUK said...

မရှင်လေးရေ...
ဒီမှာလဲ မိုးလေ၀သအကြောင်းအတော်ပြောတယ်..
ဒီနေ့ တော်တော်ပူတယ်..၃၈.၄ ဒီဂရီစီတဲ့..

Shinlay said...

ပေါက်... မနေ့ ကတော့နေပူပြီး၊ ဒီနေ့ မိုးရွာနေပြန်ပြီ။
ဒီနှစ် ဒီမှာ ၃၈°Cမရောက်သေးဘူး။ တချို့ နှစ်ဆိုရင်
၄၀°Cလောက်အထိပူတယ်။

meemee said...

shinlay ..Today I didn't take umbrella because rain will be at 10:00 am.I went out around 9:00 am..but all are so cloudy and dark. I have to run.OH,my Germany land...

Shinlay said...

Mee...Tomorrow there will be sunshine..
Hope so...