Thursday 9 July 2009

မြန်မာပြည် သို့  ……

ဘာလိုလိုနဲ့  မြန်မာပြည်ပြန်ဖို့ တစ်လလောက်ပဲလိုတော့တယ်။


စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းန့ဲ စိတ်လှုပ်ရှားနေတယ်။ အမေနဲ့ ပြန်တွေ့ 


ရ မှာဆိုတော့ ၀မ်းသာတာပေါ့။ အမေ့မှာလည်း ကျမလာတော့မယ်ဆိုလို့ ပျော်


နေလေရဲ့ ။ သူလုပ်ချင်တာ၊သူသွားချင်တာတွေ တောင် ကျမကိုကြို ပြောထား


ပြီးပြီ။ ကျမကြိုတင်စီစဉ်လို့ ရအောင်တဲ့။ တစ်နှစ်မှာတခါပဲ တွေ့ ရတာဆိုတော့


လည်းကျမတို့ နှစ်ယောက်မှာ ပြောစရာတွေက အများသား။


ဒီနှစ်တော့ ပတ်ပဲ နေဖြစ်မယ်။ ဒီမှာသာ တပတ်က အကြာကြီး ထင်ရပေမဲ့


မြန်မာပြည်ရောက်ရင် တစ်လဆိုတာခဏလေးကုန်သွားရော။


ပြန်ရင်လိုအပ်တဲ့ စာရွက်စာတမ်းတွေ လည်း ပြင်ဆင်ရင်း၊ လိုအပ်တာလေးတွေ


လည်းဝယ်ရင်း အလုပ်များနေတဲ့ အချိန်ပေါ့။



ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားက အိမ်နဲ့ နီးတော့ မကြာခဏရောက်ဖြစ်မှာ။


ဘုရားပေါ်မှာအေးအေး ဆေးဆေးထိုင်ပြီး အာရုံပြုလိုက်အုံးမယ်။ ဒါကတော့


ဒီမှာ မကြာခဏ သတိရ မိတာပါ။ အင်းယားမြိုင်က တရားရိပ်သာ မှာ လည်း


မနက်ပိုင်းလေးတွေ သွားပြီး တရားထိုင်ချင်သေးတယ်။


စားဖို့ စဉ်းစားထားတာတွေ ကိုလည်း ချရေးထားရသေးတယ်။ ဒီအချိန်ဆို


ဝဥ၊ ကတတ်၊ ကျွဲခေါင်းသီး၊ ကြောင်လျှာသီး၊ ငှက်ပျောဖူး၊ ငါးနှပ်၊ ငါးမျိုးစုံနဲ


ပုဇွန် တွေပေါတယ်။ ဆေးဘဲဥ၊ ဘဲဥဆားစိမ် နဲ့ ပဲပြုတ် လည်း စာရင်းထဲ


ရေးထား သေးးတယ်။မြို့ ထဲက အမဲအူပြုတ်၊ မြေနီကုန်းကထမင်းပေါင်းနဲ


ဝက်ခြေတောက် စွပ်ပြုတ်၊တရုတ်ကောက်ညှင်းထုပ်၊ကြေးအိုးနဲ့  ငါးကင်….


စားချင်တာတွေကများနေ လို ရက်တောင်လောက်ပါ့ မလားနော်။



ဒီမှာက စားချင်တာတွေလုပ်စားဖို့ ကမလွယ်ပြန်ဘူး။ ၀ယ်လို့ မရတာနဲ့ ၊


Asian ဆိုင်ကိုမရောက်တာနဲ ( ကျမနေတဲ့မြို့ မှာ Asian Shop မရှိဘူးလေ။)


ဈေးကကြီးတာနဲ အနံထွက်မှာစိုးတာန့ဲ့အဲ့ဒါကြောင့် ၀ယ်လို့ ရတာ


လေးတွေ၊ရှိတာလေးတွေနဲ့  အဖြစ်ပဲလုပ်စားနေရတာ။ တော်ပါသေးရဲ့ 


ဒီကသူငယ်ချင်းတွေနဲ ဘယ်အရွက်ကဘာနဲ့ တူပြီး၊ ဘယ်လိုလုပ်စားရင်ရတယ်၊


ဘာကတော့ ဘယ်လိုလုပ်ရင် ဘာနဲ့ တူတယ်ပေါ့ စသည်ဖြင့် သတင်းဖလှယ်လို


ရနေလို့ လေ။



တွေ့ ချင်တဲ့လူတွေရဲ့ စာရင်းလည်းရေးထားရသေးတယ်။ သူငယ်ချင်းတွေ


တော်တော်များများက ရန်ကုန်မှာမရှိကြတော့ပေမဲ့ သူတို့ ကိုတော့ကျမ


သတိရနေမှာပါ။ တွေ့ ချင်တဲ့သူတွေထဲမှာ မလုလည်းပါတယ်။ မလုရဲ


့ဟင်းချက်နည်းတွေကိုအသုံးပြုနေရလို သူ့ ကိုလေးစားစွာနဲ တွေ့ ဘူးချင်တယ်။


ဧည့်သည်ဖိတ်ထားရင် မလုနည်းတွေကိုအခြေခံပြီး ဂျာမန်လျှာနဲ့ အဆင်ပြေ


အောင် ပြင်ဆင်လိုက်ရင် OKသွားရော။



မရင်ရင်မြင့်တို့ ဂျာမန် Guide အဖွဲ့ တွေနဲ့  တခုခုချက်စားရင်း လေပစ်ကြ ဖို့ လည်း


စာရင်းထဲမှာပါတယ်။ Thomas နဲ့ ပတ်သက်ပြီးသိခဲ့ရတဲ့ သူငယ်ချင်းတွေဆိုပေမဲ့


ငယ်ငယ်ကသူငယ်ချင်းတွေလိုပဲ ကျမ သူတို့ ကိုခင်တယ်။ ကျမအတွက်မိတ်ဆွေ


ကောင်းတွေပါ။ Thomas မပါလာလို့ သူတို့ လည်း သူတို့ ဆရာ ကိုသတိရနေကြမှာ။



ပြန်လာရင် သယ်လာရမယ့် စာရင်းလည်းပြုစုရသေးတယ်။ ပုဇွန်ခြောက်၊


ပဲမှုန့်  အကျက်၊ မဆလာနဲ့ တခြားတိုလီမုတ်ုစများ။ Thomas ကလည်းသူ့ 


အတွက် သယ်လာပေးဖို့  စာရင်းတစ်ခုနဲ့  ToDo List တစ်ခုပေးထားသေးတယ်။


တဖြေးဖြေးနဲ့ ဒီမှာ ပစ္စည်းတော်တော်များများဝယ်လို့ ရနေပြီ။ ကျမရောက်စကဆိုရင်


Freiburg မှာ Asian ဆိုင်က တစ်ဆိုင်ပဲရှိတာ။ ဈေးကလည်းကြီးသေးတယ်။


အခုတော့ သုံး၊လေး ဆိုင်ရှိလာပြီး အမယ်လည်းစုံလာတယ်။ တော်တော်များများ


ကိုလည်း ဖြစ်သလို လုပ်တတ်လာပြီ။



Blogger တွေရဲ့ ကျေးဇူးကြောင့် ဟင်းချက်နည်းသစ်တွေလည်း ရလာတော့ ပိုအဆင်ပြေလာတယ်။



ရန်ကုန်မှာ ကျမရောက်နေတဲ့အချိန်တွေမှာ မီးပုံမှန်လာပြီလား၊ ရေပြတ်မလား၊


ဓါတ်လှေကားထဲ ပိတ်မိနေအုံးမလား၊့ ဈေးဆစ်ရတာ အဆင်ပြေ


ပါ့မလား၊ စသည်ဖြင့် လားပေါင်းများစွာကိုတွေရင်း စိတ်လှုတ်ရှား နေတယ်။



လမ်းခရီးမှာ blog ရေးတဲ့သူငယ်ချင်းတွေနဲ့ များတွေ့ မလားဆိုတဲ့ အတွေးလေး


လည်းပါသေးးတယ်။ လမ်းမှာတွေ့ ရင်ခေါ်ပါနော်။

14 comments:

လုလု said...

မမရှင်လေး
မြန်မာလာရင် တွေ့မယ်လေ။
ဈေးအတူဝယ်မယ်၊ အတူချက်မယ်။
ရောက်လာရင် ပြောနော်။
ချစ်တဲ့ လုလု

လပြည့်ရိပ် said...

အစ်မ ပျော်စရာကြီး မြန်မာပြည် ကိုအလည်သွားမှာ။ အစ်မ မြန်မာအစားအစာတွေ ဂျာမနီက ဘလော့ခ်တာတွေကိုလည်း သတိရပါနှော်။ အစ်မအေးချိုတို့အိမ်ကိုရော ရောက်ဦးမှာလား ။

rose of sharon said...

ပျော်ရွှင်မှုတွေမျှဝေခံစားသွားတယ်... ပြန်နိုင်တဲ့သူကပြန်မယ်ဆိုတော့... မပြန်နိုင်သေးတဲ့ ကိုယ်က အဟင့်း(

Shinlay said...

မလုရေ တွေ့ ကြမယ် နော်။ ရောက်ရင် အကြောင်းကြား
လိုက်ပါမယ်။ ကျေးဇူးပါ။
လပြည့်...သတိရနေမှာပါ။ ဇင်ဇင့်အိမ်လည်းရောက် မှာပါ။
Rose ရေ အခုတော့တွေးပြီးပျော်နေတာ၊ ပြန်ရောက်ရင်
လွမ်းရအုံးမှာ။။။။။

meemee said...

shinlay.Ich eifersüchtig Sie...

Shinlay said...

mee, du darfst.

Anonymous said...

မရေ.....
လွမ်းရအုံးမှာပေါ့နော်
မြူးလေးနဲ့ .. မမကလေအကြိုက်တွေတော်တော်တူတယ်သိလား
အများကြီးစားပစ်လိုက်သိလား.မမ
မြူးဖို့ လဲစားပေးခဲ့နော်းးးးးးးးးမမ

ခင်တဲ့
မြူးလေး

Shinlay said...

ကျေးဇူးပဲမြူးလေးရေ ဟိုရောက်ရင် သတိရနေမှာ
မြူးလေးအတွက်လည်း ပိုစားခဲ့မယ်နော်။
ခင်တဲ့ ရှင်လေး

Mr.Pu said...

Shinlay, ich beneide dich sehr, muss noch warten bis Ende des Jahres.
Mach viele Fotos von MM.

Shinlay said...

mache ich. noch drei Wochen vor mir.
Schade, dass wir uns in MM nicht treffen können.Viele Grüße..

မဟာဆန် said...

အစ်မရေ..အစ်မကိုယ်စား ပျော်လိုက်တာ။ အိမ်ပြန်ရမဲ့အချိန်ကို တွေးပြီး အချိန်တွေကို ရှေ့မြန်မြန် တိုးချင်နေမှာပဲနော်။
နောက်ထပ် စားစရာတစ်ခု သတိရအောင် ဖေါ်ပေးလိုက်ဦးမယ်။ မြေနီကုန်းက ”ရွှေရည်” ဆိုတဲ့ဆိုင်မှာ မြန်မာမုန့်တွေ မျိုးစုံ ရတယ်နော်။ ညီမဆို ရွှေတိဂုံဘုရားသွားတိုင်း ”ရွှေရည်”မှာ မနက်စာစားပြီးမှ သွားတာချည့်ပဲ။ အဲ့ဆိုင်မှာ ”ကြက်သားပလာတာသုပ်၊ မုန့်ပျားသလက်၊ ရေမုန့်၊ ငါးရံ့ခြောက်ဖုတ်နဲ့ ကောက်ညှင်းပေါင်း” အို..အများကြီး အစုံရတယ်။ ပြောရင်းနဲ့ စားချင်လာပြီ..ရှလွတ်

Shinlay said...

ညီမရေ ကျေဇူးပဲ။ ရွှေရည်က မြန်မာမုန့် နံမယ်ကြီး တယ်။ မြန်မာအထည်တွေလည်းလှတယ်နော်.
သတိပေးတာကျေးဇူးပဲ။ သွားစားမယ် သိလား။။။။။

Yu Ya said...

ရန်ကုန်ပြန်ရင် ရန်ကုန်လေကို တစ်ဝကြီး ပိုရှုခဲ့ပေးပါဗျို့ ။

yu ya

Shinlay said...

Yu Ya ရေ စိတ်ချ တ၀ကြီးကိုရှုခဲ့ပေးပါ့မယ်။