Wednesday 8 July 2009

Thanks....Ma Lu

ရာသီဥတုကအခုတလော ပူလိုက်၊အေးလိုက်နဲ့ ။ပြီးခဲ့တဲ့ (၂)ရက်လောက်က
၃၃°C ၊ဒီနေ့ ၂၁°C ။ နေရောင်လည်း ပျောက်၊ အေးလည်းအေး နဲ့ 
ခေါင်းတောင်မူးနောက်နောက်ဖြစ်လာတယ်။

အိမ်ပြန်ရောက်တော့ မီးဖိုထဲမှာ သံပုရာသီး စိမ်ထားတဲ့ပုလင်း ၂လုံးကိုတွေ့ 
တာနဲ့ ဖွင့်ပြီး မြီးကြည့်လိုက်တော့ အရသာရှိတဲ့ သံပုရာပေါင်းလေးတွေ။

မလုရေ သံပုရာပေါင်းကတော့ Special ပဲ။ အဲ့ ဒီPost ကိုဖတ်ပြီးကတည်းက
လုပ်ထားတာ ဒီနေ့ မှ ဖွင့်စား ကြည်လိုက်တာ။ ကောင်းလိုက်တာ မလုရယ်။
နွယ်ချိုမရှိလို့  နွယ်ချိုကဲ တဲ့လျှက်ဆား နဲ့ ပဲ စားလိုက်တယ်။
အခုမှရင်ချောင်သွားတယ်။

ကျေးဇူးအထူးတင်လျှက်.......

5 comments:

subuueain said...

စာလာဖတ်သွားပါတယ်အမရေ

မဟာဆန် said...

အား..စားချင်လိုက်တာ..ပို့ပေး

Shinlay said...

ဒီနေ့ တောင် သံပုရာသီးတွေ ပေါတာတွေ့ လို့ ဝယ်လာ
သေးတယ်။ နောက်အပတ်နေပူမယ် ဆိုပဲ။
လှန်းလို့ ရမယ်ထင်တယ်။

လုလု said...

မမရှင်လေးရေ့ 
သံပုရာပေါင်းလုပ်တာ အဆင်ပြေတယ်ဆိုလို့ ၀မ်းသာနေတာ။ အခုလို ပို့စ်ရေးပြီး ကျေးဇူးတင်ကြောင်း ပြောတော့ လုလုတို့ ၀ိုင်းတော်သားတွေရဲ့ ရင်ထဲမှာ ပြောလို့မတတ်အောင်ကို ကြည်နူးရပါတယ်။
မြန်မာပြည်ပြန်လာရင် တွေ့ကြမယ်နော်။
မမရှင်လေးနဲ့ အကိုသောမတ်စ်တို့လည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
ချစ်တဲ့
လုလု

Shinlay said...

မဟာဆန်တဲ့ညီမရေ DHLနဲ့ ပို့ လိုက်မယ်။။။။။
မလု နဲ့ အဖွဲ့ သားများ အားနှုတ်ဆက်လိုက်ပါတယ်။
ရောက်ရင် အကြောင်းကြားလိုက်မယ်နော်။။။။။