အိမ်မှာတစ်ယောက်ထဲဖြစ်နေတာနဲ့ အိမ်နားကပန်းခြံလေးဆီကို လမ်းလျှောက်
ထွက်ခဲ့တယ်။ ရန်ကုန်မှာ တုန်းက ဒီပန်းခြံလေးကို ကျမ မကြာမကြာသတိရမိတယ်။
အမေနဲ့ ညနေသောင်းလမ်းလျှောက်ထွက်ချင်ရင် အနီးအနားမှာ အေးအေးဆေးဆေး
လမ်းလျှောက်ဖို့ ၊ ထိုင်ဖို့ နေရာ မတွေ့ ခဲ့ဘူး။
ကျမရယ် အမေရယ် မြေနီကုန်းက လမ်းကြားလေးတွေမှာပဲ လမ်းလျှောက်ဖြစ်တယ်။
အမေက ခြေထောက်သိပ်မသန်တော့ လမ်းပေါ်ကဂျိုင့်ခွက်တွေကို ကျော်ရလွှားရ၊
ဟိုဘက်ဒီဘက်ကနေလာတဲ့ကားတွေကိုရှောင်ရ၊ အချက်မပြပဲ ဟိုကွေ့ ဒီကွေ့ မဲ့ကားတွေကို
ကြည့်ရ၊ ကားပေါ်ကလူတွေကလည်း လမ်းလျှောက်တဲ့လူတွေကိုဦးစားမပေးကြဘူး။
လမ်းပေါ်မှာသူများထွေးသွားတဲ့ တံတွေးတွေ ကျော်ရလွှားရ၊ ဒီကြားထဲလမ်းထဲမှာ
လျှောက်သွားနေတဲ့ခွေးတွေကိုလည်း သတိထားရသေးတယ်။
ဪ...သူ့ ခမျာ တစ်ခေါက် တစ်ခေါက် လမ်းထွက်လျှောက်ရတာ မလွယ်ရှာဘူး။
ကျမကအတင်းခေါ် လို့ သူ့ ခမျာလိုက်ရရှာတာ။ ပင်ပန်းရှာသား။
လမ်းတွေထဲမှာလည်း တိုက်အမြင့်တွေဖြစ်ကုန်ပြီ။ ကျမ နေခဲ့ဘူးတဲ့လှည်းတန်မှာဆို
ဒီနှစ်ကန်ထရိုက်တိုက်တွေများလာတယ်။ အရင်ကဖြတ်သွားနေကြ ဇေယျာသီရိလမ်း
ဆို ကိုယ်ပိုင်ခြံလေးတွေနေရာမှာ ကန်ထရိုက်တိုက်တွေ ဆောက်နေကြတယ်။
ကျမအိမ် အပေါ်ကနေကြည့်တိုက်အမြင့်တွေ တော်တော်များတာတွေ့ ရတယ်။
တချို့ ကန်ထရိုက်တိုက်တွေက မပြီးသေးပေမဲ့ ဆေးအဖြူရောင်ကို အပြင်ဘက်မှာ
သုပ်ထားတော့ ပြီးနေတဲ့တိုက်လိုလို၊ဘာလိုလိုပေါ့။
သစ်ပင်လေးတွေနဲ့ စိမ်းစိမ်းစိုစို နေရာလေးတွေ သိပ်မရှိတော့ဘူး။
ကန်ထရိုက်တိုက်တွေက ဆောက်ပြီးစတော့ လှလိုပဲ။ နဲနဲကြာတဲ့ တိုက်တွေကြတော့
မဲမဲညစ်ညစ်နဲ့ ၊ ဆေးထပ်မသုပ်ကြတော့ဘူး။ တိုက်ထဲကလှေခါးခွင်တွေမှာလည်း ကွမ်း
တံတွေးနဲ့ အမှိုက်နဲ့ ။
ကျမနေတဲ့နေရာက (၁၁)ထပ်ရှိတယ်။ အနောက်ဖက်မှာ အရေးပေါ်ထွက်ပေါက်ရှိတယ်။
ကျမအဲ့ဒီတံခါးကိုဖွင့်ကြည့်တော့ အရေးပေါ်လှေခါးလား၊ ပစ္စည်းထားတဲ့စတိုလား၊ အမှိုက်
ပုံလားထင်ရတယ်။ ကျမနဲနဲလန့် သွားတယ်။ အရေးအကြောင်းဆို ပြေးဆင်းဖို့ မဖြစ်နိုင်
တော့ဘူး။ တိုက်မှာနေတဲ့သူတွေပဲ မကြောက်တတ်တာလား၊
ကျမပဲ အစိုးရိမ်လွန်နေတာလားလို့ တွေးမိသေးတယ်။ ကျမရှိနေတုန်းတစ်ည
ငလျှင်လှုပ်သေးတယ်။ (၉)ထပ်မှာနေတဲ့ကျမတော်တော်လေးလန့် သွားတယ်။
တိုက်တွေ ခိုင်ခိုင်မာမာဆောက်ထားမှာပါလို့ ပဲ အကောင်းဘက်ကတွေးပြီး အားတင်း
ထားလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
4 comments:
ရှင်လေးရေ..ဖတ်ရတာဆတ်တငံ့ငံ့နဲ့ ဆက်ရေးပါဦး၊ စောင့်ဖတ်နေမယ်နော်။
ပြောမဲ့သာပြောကြတာနော် တချိန်ကိုယ့်တိုင်းပြည်ပြန်နေကြမယ်လို့၊
တကယ်တမ်းဒီကတိုင်းပြည်မှာ အနေကြာသွားတဲ့အခါ ဟိုမှာပြန်ပြီး အသားကျဖို့ မလွယ်လှဘူးလို့လူတော်တော်များများက ပြောကြတယ်။
ဒီမှာပျော်လွန်းလို့လား ဆိုတော့လဲ မဟုတ်
ဲပြန်ဘူး။ ဒါပေမဲ့ ဒီမှာက အစစအရာရာ organization ကောင်းကောင်းနဲ့ နေကြရတော့ ဘ၀က သက်တောင့် သက်သာ ရှိတာပေါ့လေ။ လှိုက်လှဲနွေးထွေးမှုကတော့ ကိုယ့်ပြည်ကိုယ့်ရွာက သာသပေါ့။ မြန်မာပြည်က လူတွေကို ဒီခေါ်ပြပြီး ပြင်သင့်တာလေးတွေပြင်စေချင်တယ်။
ဒို့တိုင်းပြည်က သယံဇာတလဲ ထိုက်သင့်သလောက်ရှိပြီးသား၊ တိုးတက်ကြိုးစားချင်နေတဲ့ လူငယ်တွေလဲ
အများကြီး၊ နွေးထွေးပျုငှာတဲ့ ချစ်စရာ စရိုက်
လေးတွေနဲ့..... အစစအရာရာ မျက်စေ့ပွင့်နားပွင့်နဲ့ သဘောထားကြီးကြီး အမျှော်အမြင်ရှိုရှိ အရည်အချင်းပြည့်ဝတဲ့ ဦးဆောင်မဲ့သူသာရှိရင်သိပ်ကောင်းမှာပဲနော်။
အသည်းယားလိုက်တာနော်... အရေးပေါ်တခုခု ကြုံလာရင်ဒုက္ခ....
မမိုးရေ တစ်လလောက်ကြာရင်တော့ ကျင့်သားရသွားမယ်
ထင်တာပဲ။ အကောင်းဘက်ကတွေးကြည့်တာလေ။
မမိုးလိုမျှော်လင့်ချက်မျိုးထားခဲ့တာ ကြာပြီ...ကျမတို့
မျှော်လင့်ချက်တွေပြည့်မှာပါ။
Rose ရေ ဟိုမှာကောင်းကောင်းအိပ်မပျှော်ခဲ့ဘူး။ တွေး
ပူနေတာတွေများနေလို့ ....
ရှင်လေးရယ်...
မြင်သေးတယ်...
နင်ပြေးမလွယ်...
စိတ်ချလက်ချသာအိပ်..ရန်ကုန်မှာငလျင်ပြင်းပ်ြင်းသာလှုတ်
သေချာတယ်........
Post a Comment