ဒီနေ့  Blog ထဲမှာမမျှော်လင့်ဘဲ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ ပြန်
ဆုံရတယ်။ ဒါနဲ့ ပဲ ဒီPost လေးရေးဖြစ်တာပါ။ သူ့ ကိုပြန်တွေ့ တော့ ငယ်ငယ်
က အကြောင်းလေးတွေ Thomas ကို ပြော ပြ ဖြစ်တယ်။ တချို့ တွေတော့
သူနားထောင်ပြီးသာပါ။ ဒါပေမဲ့ ကျမမှာလည်း ပြောစရာကသူပဲရှိတာကို။
နားထောင်ပေးတာပဲ ကျေးဇူးတင်ရတာ။
ကျမ ၁၉၉၃_၁၉၉၉ အတွင်းမှာ ကြုံခဲ့၊ တွေ ခဲ့ရတာလေးတွေပါ။ ဘ၀မှာ
တက္ကသိုလ်ကျောင်းသူဘ၀က ပျော်စရာကောင်းတယ်ဆိုပေမဲ့၊ ကျောင်းသူ
တစ်ပိုင်း၊ဆရာမပေါက်စတစ်ပိုင်း၊ဟိုမရောက်ဒီမရောက် အချိန်ကတော့
ကျမအတွက် အပျော်ဆုံးအချိန်တွေပါ။
ကျမတို့  ဌာနမှာကမိန်းကလေးဦးရေကအလွန်များတာလေ။ ဌာနမှာပြန်လုပ်ကြ
တော့ ယောကျာ်းလေးဆရာက အလွန်နဲပြန်ရော။ ဒီတော့ ဌာနကို အလှဆင်နေတာက
ကျမတို့  အုပ်စုပေါ့။ အရင်က အတန်းချင်း မတူကြပေမဲ့ လူနည်းကြတော့ တစ်ယောက်
ကိုတစ်ယောက် သိနေကြတာ။ အဲ အလုပ်လည်းဝင်ကြရော တကယ့် ညီအစ်မ
တွေ၊ မောင်နှမတွေလိုပဲ။ ပြောမနာ၊ဆိုမနာ နဲ့  ရင်ဖွင့်စရာ ဆိုလည်း ယုံကြည်
စွာပြောလို့ တိုင်ပင်လို့ ရတယ်။
အလုပ်ဝင်စက အတန်းတွေမစသေးတော့။ အားတဲ့အချိန်တွေ အများကြီးရခဲ့တယ်။
မချောတို့ ၊မကေတို့ ဆီက အင်္ကျီချုပ်တာတို့ ၊ပန်းထိုးတာတို့ သင်ခဲ့ရတာမှတ်မိသေးတယ်။
နောက်ပိုင်း အင်္ကျီတွေဆို ကိုယ့်ဖာသာကိုယ်ချုပ်ဝတ် ဖြစ်တော့တဲ့ အထိပဲ။
ထမင်းစုပြီးစားကြတော့ စန္ဒီချက်တဲ့ ရခိုင်ဟင်း၊မကေဆီကခရမ်းသီနှပ် ဆို
ကျမကသိပ်ကြိုက်တာ။ကျမ လုပ်တဲ့ ပန်းကန်လုံးဟင်းချိုဆိုတာကိုတော့
မချောက အခုထိတွေတိုင်းပြောတုန်း။ ကျမကအလွန် ပေါက်ပေါက်ရှာရှာ
လုပ်တာ။ သူငယ်ချင်း တစ်ယောက်ကတော့ ကျမလုပ်တဲ့ ၀က်သားကောက်ညှင်းထုပ်
နည်းနဲ့ အလုပ်ဖြစ်နေတုန်းတဲ့။
တစ်ခါတော့ ကျမတို့ အုပ်စုကို စစ်သမိုင်းပြတိုက်ကို လွှတ်ပြီး လေ့လာခိုင်းတာ
ဟိုကြည့်ဒီကြည့်လုပ်ပြီး ဗိုလ်ချုပ်ဈေးရောက်သွားတာမှတ်မိသေးတယ်။
နောက်နေ့  ပါမောက္ခ သိတော့ ထပ်သွားခိုင်းပြီ ဌာနဆိုင်ရာအလိုက် စာတမ်း
ရေးခိုင်းပါရော။
ဌာနတွင်းမွမ်းမံသင်တန်းဆိုလည်း သင်တန်းပြီးရင် သံလျှင်ကို သွားလည်ရမှ
ဆိုလို့ ဆရာကြီး က စီစဉ်ပေးရတာ။ အဲ့ဒီတုန်းက ကျမနဲ့  မိုးစက်ပွင့် ပူးတွဲ
ဆုရဘူးတယ်။ ပျော်စရာကောင်းလိုက်တာ။ ပြန်တွေးရင်း သတိရမိတယ်။
မျိုးပက ကားမောင်းတော်သလို၊ မိုးစက်ပွင့်က စက်ဘီးစီးတာတော်တယ်။
ဝင်းပ ကိုမေးကြည့်ရမှာ။ နောက်မှာထိုင်စီးရင်း..........
ကျမတို့ က ဘောလုံးပွဲဆို ရှေ့ ဆုံးကလေ။ ကျမတို့ ဌာနက ကန်တိုင်းရှုံးတယ်။
၅ဂိုး ၊ ဂိုးမရှိတို့ ၊ ၇ ဂိုး ၊ ဂိုးမရှိတို့ ။ ဒါပေမဲ့ ကျမတို့ က အသံဝင်အောင်ကိုအားပေးတာ။
မီးမီးကို သတိရမိတယ်။ ကမ္ဘာ့ဖလားပွဲဆို တီဗွီမှာပြတာ မလွတ်တမ်းကြည့်ကြတာ။
နောက်နေ့ ဌာနရောက်တာနဲ့ ဆူညံနေအောင် ဝေဖန်ကြတာလေ။ ဆရာအေး၊
ဆရာစိုး၊ ဆရာမိုးတို့ နဲ့ ပေါ့။ မိုးစက်က အင်္ဂလန် အသင်း....မှတ်မိသေးတယ်။
ဌာနမှာအရှိန်မသေလို့  တောင်ငူကန်တီးက အန်တီမြဆိုင်မှာ ငြင်းခုံကြသေးတာ။
မိတ်ဆုံစားပွဲလုပ်မယ်ဆိုရင် လက်မှတ်ရောင်းကြ၊ ပိုက်ဆံကောက်ကြ။
နိုင်ရမယ့်သူတွေဆီကဆို အတင်း ပိုက်ဆံထဲ့ခိုင်ကြတာ။ ကျမနဲ့ စန္ဒီ တစ်ခါ
က ပိုက်ဆံ မလောက်တော့လို့ တော်တော်ခေါင်းကိုက်ခဲ့ဘူးတာမှတ်မိသေးတယ်။
နောက်တော့လည်းအဆင်ပြေသွားပါတယ်။ ပွဲတိုင်းမှာ ကျမတို့ ကိုလာကူရတဲ့
ကိုလင်းအောင်၊ ကိုဖေအောင်၊ ကိုပြည့်စုံတို့ ....သတိရတယ်။
တစ်ခါက ဆရာကန်တော့ပွဲတစ်ခုမှာ ကျောင်းသားတွေက မြနန္ဒါ နဲ့ မိန်းမလို
ဝတ်ကချင်တယ်ဆိုလို့  ကျမရွှေဘိုဆောင်မှာ အကသင်ပေးရသေးတယ်။
ထမီတွေ၊အင်္ကျီတွေ လိုက်ငှားရတာလေ။ မှတ်မိသေးလား။
တနေ့ မိုးစက် ဖိနပ်ပြတ်တော့ ကျမက အကြံပေးခဲ့တာ သူမှတ်မိနေအုံးမှာပါ။
လူတွေ ရှင့်ခြေတောက်ကိုမကြည့်ခင် သူတို့ မျက်နှာကို ပြုံးပြီး ဦးအောင်ကြည့်
လိုက်။ သူတို့ ရှင့်မြေတောက်ကို အာရုံမရောက်တော့ဘူးလို့ ။ သူ့ ကိုတော့
သပွတ်သီးအကြောင်းမှတ်မိသေးလားလို့ မေးရအုံးမှာ။ ကျမက သပွတ်သီးတွေ
ဝယ်ပြီး လူတယောက်ကိုလက်ဆောင်ပေးဘူးလို့ ။
ဌာနက ပြပွဲတွေ၊ ဈေးရောင်းပွဲတွေ၊ ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေမှာ
ကျမတို့ အဖွဲ့ က အမြဲတမ်း တက်တက်ကြွကြွ။ လှလှပပ ပဲ။ တခါတခါလည်း
စာတမ်းဖတ်ပွဲအတွက်ပြင်ဆင်ရင်း ငိုခဲ့ရတာ။ တယောက်နဲ့ တယောက်
အားပေးကြတာ မမေ့နိုင်စရာတွေပါ။ စာကြည့်တိုက်တွေသွားကြ၊ သင်တန်းတွေ
တက်ကြ၊ အတန်းဝင်ဖို့ စာတွေပြင်ကြ ၊ငြင်းကြခုန်ကြနဲ့  အချိန်တွေက
တဖြေးဖြေးကုန်သွားတာ။ ဌာနကနေ တယောက်ပြီးတယောက် အကြောင်း
အမျိုးမျိုးနဲ့  ခွဲထွက်ခဲ့ကြတာ။ အခုတော့ ကျမတို့ အုပ်စုလေးလည်း တကွဲဆီပေါ့။
အဝေးကနေပဲ လွမ်းနေကြရတာ။
ဘယ်တော့မှ အားလုံးပြန်ဆုံဖြစ်မယ်ဆိုတာ မပြောနိုင်တော့ဘူး။ တယောက်ယောက်
နဲ့ ပြန်ဆုံဖို့ ဆိုတာတောင် မလွယ်တော့ဘူးလေ။
အခုတော့ email တို့ ၊ facebook တို့ ၊ Blog တို့ ကျေးဇူးကြောင့် အဆက်အသွယ်
လေးတွေရနေတာပဲ ၀မ်းသာနေရတာ။
ကျမ သူငယ်ချင်းများဖတ်မိရင်လည်း အလွမ်းတွေမျှဝေကြတာပေါ့နော်။
အားလုံး ကို သတိရလျှက်ပါ။
Monday, 28 September 2009
Subscribe to:
Post Comments (Atom)
5 comments:
ရှင်လေးတို့အတိတ်က ပျော်စရာကြီးပါလား.. မကြာသောတနေ့မှာ
ချစ်သူငယ်ချင်းများစွာနဲ့ ပြန်ဆုံနိုင်ပါစေနော်။
ငယ်ငယ်က သိပ်ခင်ခဲ့ရတဲ့ သူငယ်ချင်းနဲ့ အဆက်အသွယ်ပြန်ရတာ... အရမ်းပျော်ဘို့ ကောင်းတယ်နော်
အစ်မက အများကြီးမှတ်မိတယ်နော်... တစ်ချို့ဟာတွေ ဖတ်ရင်းနဲ့မှပြန်ပေါ်လာတာ... ဖိနပ်ပြတ်တုန်းကအကြံပေးတာနဲ့ ပူးတွဲဆုရတာကတော့ လုံးဝမမေ့ဘူး....သပွတ်သီးကတော့ နေ့တိုင်းသတိရတယ်...ဘာလို့လည်းဆိုတော့ ..................................................
အခုမိုးအုံနေတယ်,လေတိုက်နေတယ် သတိရချင်လာတယ် သူများတွေလို...ဘာမှလဲရှိဘူး
1981-1985 Main RASU ကျောင်းပြီတဲ့လူသူငယ်ချင်း..တော်ချင်တယ်ဒီလိုဆိုရင်ရလား.Shinlay ???
မမိုးေ၇.. ပျော်စရာကောင်းတဲ့ အတိတ်တွေရှိခဲ့သလို
စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ အတိတ်အကြောင်းတွေ
လည်းအများကြီးပါ။
rose ရေ တယောက်ထဲနေတော့မှ ငယ်ငယ်က
သူငယ်ချင်းတွေ ရဲ့ တန်ဖိုးကို ပိုသိလာရတယ်။
မိုးစက်ရေ...လွမ်းမိပါတယ်။...
မီးမီး.. ကျမတို့ လည်းသူငယ်ချင်းတွေပဲလေ..နော်။
Post a Comment