Sunday, 13 September 2009

အိမ်ထောင်ရေးအတွေးများ

ဒီတခေါက် ရန်ကုန်ရောက်တော့ မတွေ့ ဖြစ်တာကြာတဲ့ အစ်မတစ်ယောက်နဲ့ 

တွေ့ ဖြစ်တယ်။ သူက ကျမရန်ကုန်မှာရှိကတည်းက အိမ်ထောင်ကျနေပြီး

ကလေးတွေတောင် ကြီးနေပြီ။ ကျမတို့ စကားတွေပြောကြရင်း သူကမေးခွန်းတစ်ခု

မေးတယ်။ ဘာဖြစ်လို့ ကလေးမယူတာလဲတဲ့။ ကျမလည်းဖြေနေကြအတိုင်း

ဘာရယ်လို့ မဟုတ်ပါဘူးလို့ ပြန်ဖြေလိုက်ပါတယ်။ နောက်သူက ကလေးမရှိရင်

အိမ်ထောင်မမြဲမှာစိုးရတယ်တဲ့။ အိမ်ထောင်မြဲအောင်ကလေးတစ်ယောက်တော့

ယူသင့်သတဲ့။ သူ့ ကိုဘာမှပြန်မပြောလိုက်ပေမဲ့ အဲ့ဒီအကြောင်းအတွေးထဲမှာကျန်

ခဲ့တယ်။

ကျမ အိမ်ထောင်ကျတော့ ပတ်ဝန်းကျင်အသစ်မှာ။ လေ့လာစရာတွေ၊သင်စရာတွေ

ကအများသားလေ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ တည်ဆောက်နေ

ရတဲ့အချိန်။ ဒီအချိန်မျိုးမှာ ကျမကလေးမယူချင်သလို၊ ကျမ အမျိုးသားကလည်း

ကလေးမယူချင်ဘူး။ ဒီလိုနဲ့ ပဲ ကလေးနဲ့ ကျမတို့ ဝေးလာကြတာ။

အိမ်ထောင်မြဲအောင်ကလေးယူတယ်ဆိုတာတော့ ကျမသိပ်လက်မခံချင်ဘူး။

အိမ်ထောင်မြဲအောင် ကြိုးစားရမှာက ကျမတို့ နှစ်ယောက်ရဲ့ တာဝန် လို့ ပဲထင်တယ်။

ကလေးရှိပြီး ကျမတို့ အချင်းချင်းအဆင်မပြေရင်ရော။ ကလေးမျက်နှာကိုငဲ့ပြီး ကျမတို့ 

တစ်သက်လုံးစိတ်ညစ်ခံနေရမှာလား။ အခု ကလေးမရှိလည်း ကျမတို့ နှစ်ယောက်

အဆင်ပြေနေသားပဲ။ ကျမစဉ်းစားနေမိတာလေးတွေပါ။

နောက်သူဆက်ပြောတာက ယော ကျာ င်္းကို သည်းညီခံနော်တဲ့။ ငါတို့ မိန်းမတွေဟာ

အိမ်ထောင်ကျသွားတာနဲ့  ကိုယ့်ယောကျာင်္းအတွက်လုံးလုံးဖြစ်သွားတာ။ ကိုယ့်

အချိန်တွေကို သူ့ ကိုပေးလိုက်ရပြီး ကိုယ့်အိမ်ထောင်အတွက် မြှုပ်နှံလိုက်ရတာ။

သည်းညီးခံပြီး ပြုစုဖို့ ပြောရှာတယ်။ ကျမလည်း ဟုတ်ကဲ့လို့ ပြောပြီး ထုံးစံအတိုင်း

အတွေးတစ်ခုရသွားပြန်တယ်။

ကျမ တကယ်ပဲ ကျမယောကျာင်္းအတွက် အချိန်ပေးခဲ့သလား။ တကယ် သည်းညီး

ခံပြီး ပြုစုပေးခဲ့သလား လို့ ပြန်တွေးနေခဲ့တယ်။

ကျမအိမ်ထောင်ကျတော့ဂျာမန် မမတွေက ပြောတယ်။ ယောကျာင်္းကို အမြဲတမ်း

ပြုစုနေဖို့ မလိုဘူးတဲ့။ အိမ်တစ်အိမ်၊အိမ်ထောင်တစ်ခုရဲ့တာဝန်ဟာ နှစ်ယောက်

စလုံးမှာတာဝန်ရှိတယ်တဲ့။ တစ်ပတ်မှာ ၃ရက် ကိုယ်ကထမင်းချက်ရင်၊ သူလည်း

၃ ရက်ချက်ရမယ်။ကျန်တစ်ရက်ကို အပြင်မှာထွက်စားတဲ့။ တခြားအိမ်အလုပ်တွေ

လည်းခွဲတမ်းနဲ့ ပဲတဲ့။ အကြံပေးကြတာတွေပါ။

အိမ်မှာတော့ ဟင်းချက်တာကျမပဲ။ သူကဟင်းမချက်တတ်ဘူး။ ဧည့်သည်

လာလို့  ပန်းကန်တွေဆေးရမယ်ဆိုတာက သူ့ တာဝန်။ အမှိုတ်ပစ်တာကသူ

လုပ်ပေါ့။ အ၀တ်လျှော်တာကျမလုပ်တယ်။ အ၀တ်လှန်းတာ ၊ ရုတ်တာက

ကျမ မအားရင်သူလုပ်ပေါ့။ မီးပူကို ကျမ အများဆုံးတိုက်ပေမဲ့ တစ်လှည့်ဆီ

လည်းတိုက်ဖြစ်တာပဲ။ အိမ်သန့် ရှင်းရေကိုတော့ အပေါ်ထပ်က ကို သူတာဝန်ယူ

ရသလို၊ အောက်ထပ်ကို ကျမတာဝန်ယူတယ်။

ဈေးသွာတာကျမ အများဆုံးလုပ်ပေမဲ့ သူစားတတ်တဲ့ အစားအစာ ၀ယ်တာက

သူ လုပ်ရတဲ့အလုပ်ပါ။ ကျမ မအားတဲ့အခါ ဈေးစာရင်းရေးပေးရင် သူဝယ်ပေးတာ

ပါပဲ။

အဲ့ဒီလို ပြန်တွေးမိတော့ကျမ အိမ်ထောင်ရှင်မပီသရဲ့ လားလို့ တွေးမိတယ်။

ကျမအလုပ်လုပ်တော့အချိန်ပိုင်းပဲ။ အလုပ်မှာနေ့ တ၀က်၊ အိမ်ရှင်မအဖြစ်ကနေ့ တ၀က်။

အတွေးတွေလေ။

သူကရော ကျမကို ဘယ်လိုထင်နေမလဲ။ ကျမက ကိုလုပ်ချင်တာကိုသာလုပ်ပြီး

သူ့  အတွေးတွေကိုသိပ်မေးမကြည့်တတ်ဘူး။ သူ့ ရဲ့ထင်မြင်ချက်တော့မေးကြည့်

အုံးမှလို့ တွေးပြီး ပြန်လာခဲ့တယ်။

တနေ့ တော့ ရန်ကုန်ကစာအုပ်ဆိုင်မှာ ဒေါက်တာ စပယ်ပွင့်ဖြူ ရဲ့ 

အိမ်ထောင် သာယာဆိုပြေရေး လက်ဆွဲကျမ်း ဆိုတဲ့စာအုပ်တွေ့ လို့ 

ဝယ်ခဲ့သေးတယ်။

ဒီရောက်တော့ သူကဘူတာမှာလာကြိုတယ်။ အိမ်ရောက်တော့ကျမစားပွဲပေါ်မှာ

နှင်းဆီပန်းအိုးလေးသူထားထားပေးတယ်။ ကျမပြန်လာရင် ပင်ပန်းမှာ စိုးလို့ 

သူ့ အ၀တ်တွေလျှော်ပြီး ၊ မနေ့ ကမှမီးပူတွေတိုက်ထားသတဲ့။ အိမ်လည်း

ရှင်းထားတယ်ဆိုပဲ။ နောက်နေ့  အိမ်ဘေးက အမျိုးသမီးက ရှင့်ယောကျာ်းက

သူ့ အ၀တ်တွေလျှော်ထားတာတဲ့။ ကျမယောကျာ်းဆို လုပ်မှာမဟုတ်ဘူးတဲ့။

ကျမ Thomas ကိုသနားသွားသလို၊ ကိုယ့်ကိုကိုယ် သိပ်ဆိုးနေပြီလားလို့ တွေးမိတယ်။

ကျမကိုချစ်ရဲ့လားလို့ မေးကြည့်တော့ နှိုင်းပြလို့ မရအောင်ချစ်ပါတယ်တဲ့။

တော်ပါသေးရဲ့ ။

အိမ်ထောင်ရှင်မ ကောင်းဖြစ်မဖြစ်တော့ ............ဆက်ပြီးစဉ်းစားလိုက်အုံးမယ်။
(၀ယ်လာတဲ့စာအုပ်တော့ စဖတ်နေပြီ။ )

18 comments:

Vista said...

ဟီဟီ အိမ်ထောင်ရှင်မကောင်းဟုတ်မဟုတ်
စာအုပ်နဲ့ စစ်တော့မှာပေါ့လေ အဖြေထွက်လည်းပြောအုံးနော်

မမိုး said...

အနောက်နိုင်ငံအနေနဲ့ကတော့ ဒါထက်ပိုပြီး ဘာလုပ်ပေးစရာ ရှိဦးမလဲ ရှင်လေး၇ယ်။ သူရောကိုယ်ရော အပြင်အလုပ်ရော အိမ်အလုပ်ပါ ခွဲဝေလုပ်ကြရတာပါပဲ။ရောမမှာတော့
ရောမလိုပဲ ကောင်းပါတယ်။

Mr.Pu said...

ကလေးရှိမှ အိမ်ထောင်မြဲတယ်ဆိုတာ လက်မခံပါဘူး။
ကလေးဆိုတာ သေချာစဉ်းစားပြီး တကယ်လိုချင်မှ၊ အချိန်ပေးနိုင်မှ၊ ဒဏ်ခံနိုင်မှ ယူတာကောင်းတယ်။ ဒီမှာတွေ့နေတာတော့ သူတို့က ကလေးကို တကယ်လိုချင်မှ ယူတယ်။ မလိုချင်ရင် မယူဘူး။ ဗမာပြည်ကလို အိမ်ထောင်ပြုတာနဲ့ ကလေးရမှ ဆိုတာမျိုးမရှိဘူး။
ကလေးတကယ်လိုချင်ပြီဆိုရင်တော့ မရခဲ့ရင်လည်း မွေးစားကြတယ်။ ကိုယ့်ကလေးလိုပဲ ပြုစုကြတယ်။
တယောက်နဲ့ တယောက်ချစ်ရင် ကလေးမပါလည်း အိမ်ထောင်မြဲပါတယ်။ ရှင်လေးလည်း တွေ့မှာပါ။
အိမ်အလုပ်တော့ (ကိုယ်ကလည်း အပြင်ထွက်အလုပ်လုပ်သူဆိုရင်) အဆင်ပြေသလို လုပ်ရမှာပေါ့နော်

Shinlay said...

vista နောက်တော့ပြောပြမယ်နော်။
မမိုးနဲ ကိုပူးရေ...ကျေးဇူးပဲနော်။ အားရှိသွားတယ်။

မောင်မောင် said...

ကျွန်တော် အိမ်ထောင်သက် ၁၁ နှစ်ရှိပါပြီ။ အိမ်ထောင်မြဲဖို့  အတွက် ကလေးယူတာထက် ကိုယ့်ရဲ့  မျိုးဆက်သစ် အတွက် ကလေးယူတယ်ဆိုယင် ပိုကောင်းမလားလို့ ပါ။
နောက်တခု က တော့ အနောက်တိုင်းအိမ်ထောင်ရေး ပုံစံနဲ့  အနောက်တိုင်းမှာ နေယင်တော့ ကောင်းပါတယ်။
မြန်မာမိသားစု ဟာ မြန်မာအိမ်ထောင်းရေး ပုံစံပဲ ဖြစ်သင့်ပါတယ်။
ကျွန်တော် အိမ်မှာ အားလုံးချက်ပြုတ်ပေးတဲ့အခါလည်းရှိပါတယ်။ အိမ်သူက တောင်းဆိုတဲ့  အခါမျိုးပေါ့။ အ၀တ်လျှော်တာ မီးပူတိုက်တာ အားလုံး ကျွန်တော့် ကို ပေးမလုပ်ပါဘူး။ သူက ပဲ တာဝန်ယူထားတယ်ပေါ့။ ခုနောက်ပိုင်း စက်နဲ့ လျှော်တာ ဆိုတော့လည်း ပဲ သိပ်မခက်တော့ပါ။
နားလည်မှု့ ရှိအောင် နှစ်ယောက်လုံး ပွင့်ပွင့်လင်းလင်း ဆက်ဆံပါတယ်။ ခုထိ ၁၁ နှစ်အတွင်းမှာ တော့ ဘာမှကြီးကြီးကျယ်ကျယ်စကားများတာမျိုး မရှိခဲ့ပါဘူး။
ဆင်းရဲကြပ်တည်းခဲ့တုန်း ကလည်း နှစ်ယောက်လုံးနားလည်မှု့ ရှိခဲ့ကြပါတယ်။
ခုအသင့်အတင့် ပြေလည်ချိန်မျာ လည်းပဲ နားလည်မှု့  အပြည့်ရှိကြတော့ ကိစ္စအတော်များများ က အဆင်ပြေတယ်ပေါ့။
ဘာရယ်မဟုတ်ဘူးဗျာ။

Shinlay said...

ကိုမောင်မောင်ရေ ကျေးဇူးပါပဲ။ အမျိုးသမီးလည်း နှုတ်ဆက်ပေးပါ။

kokomaung said...

shinlay translated to me her post.
I think its nicely done.
We made our german/myanmar compromise. That means I am not expecting that shinlay takes care of me 150%, and she adjusted to our german way of organising the household affairs. That is not too bad I think. At the moment it works.
Thomas

ThuHninSee said...

ကလေးရှိမှအိမ်ထောင်မြဲတယ်ဆိုတာ မမှန်နိုင်ဘူးထင်တာပဲ။
ကလေးရှိလျက်ကွဲသွားတာတွေ.အများကြီးပဲ။
မြန်မာယောက်ကျားလေးတွေက အိမ်မှာ မကူတာများတယ်။
မတတ်သာလွန်းလို့ မိန်မး မအားလွန်းမှ..ကူလုပ်ပေးကြတာ။

momiji said...

that's good post and good point out.
I also agree.

understanding and respect each other is better way i think.

Shinlay said...

Thuhinsi and momiji
Thanks for your comment.

မဟာဆန် said...

ကိုယ်နှစ်ယောက် အဆင်ပြေရင် အကောင်းဆုံး အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်ချင်းမှ မတူကြတာပဲ။ ဒီနည်းတွေလုပ်မှ သူများအိမ်ထောင်ရေး အဆင်ပြေပေမဲ့ ကိုယ့်အတွက်ကျ လိုချင်မှ လိုမှာပေါ့။ စာအုပ်တွေ သိပ်မဖတ်နဲ့။ စာအုပ်ထဲကအတိုင်းလိုက်လုပ်ရင် ပိုပင်ပန်းမယ်။ ဟီး

Shinlay said...

we agree for that Mahasan.....

Nu Thwe said...

Opinions are very much dependent upon what value system one is accustomed to. I wouldn't pay much attention to cliche'.
In the traditional East, women are expected to be submissive and treat their husbands as if they were Gods. It is not the best or fairest way of treating another human being. In the West, it is more equal, generally.
I don't believe in the extremes of any kind but I think Myanmar women need a lot more freedom in their thinking and behaviour, whilst maintaining some reasonable traditional values.
What is the use of being labelled as 'the perfect wife' unless she is valued and treated equally with respect?

Shinlay said...

Hello Nu Thwe
Thanks for your view. I was not sure that whether I did correct or not. Sometimes it makes me a lot of thinking. Now I am slowly clear.

Thanks to everybody who gave me their comments and views which are very useful for me.

Anonymous said...

၂ဦးစလုံးကမေတာအပြန်အလှန်ညီမျှတဲ.အိမ်ထောင်ရေးမျိုးဆိုရင်တော.လဲ ၊သူတို.၂ယောက်ရဲ.မျိုးဆက်သစ်လေးရလာခြင်းအားဖြင်.၊ ၂ယောက်ကြားထဲက သံယောဇဉ်ကိုပိုခိုင်မြဲစေတာတော. အမှန်ပါဘဲရှင်.။

Anonymous said...

သားလေးတွေသမီးလေးတွေရလာခြင်းအားဖြင်.၊အလုပ်အားဖြင်.အတော်.ကိုရှုပ်ကောင်းရှုပ်သွားစေနိုင်ပါတယ်။သို.သော် အဲ.လိုရှုပ်ပေမယ်.လဲ တကယ်.တကယ် ကိုယ်.ရင်ကဖြစ်လာတဲ.သားသမီးဆိုတဲ.အသိက ဘာနဲ.မှမတူတာတော.အမှန်ပါဘဲ။
သားသမီးယူဖို.မယူဖို.အဲ.လိုသာမိုးမဆုံးမြေမဆုံးစဉ်းစားကြစတမ်းသာဆိုရင် ကိုယ်တွေတောင်အခုလိုလူဖြစ်လာဖို.မရှိလောက်ပါဘူး။

Anonymous said...

သားသမီးယူဖို.မယူဖို.အဲ.လိုသာမိုးမဆုံးမြေမဆုံးစဉ်းစားကြစတမ်းသာဆိုရင် ကိုယ်တွေတောင် အခုလိုလူဖြစ်လာဖို.မရှိလောက်ပါဘူး။.....လို့ အပေါ်က anonymous ပြောတဲ့ စကားက အရင်ခေတ်ကမြန်မာပြည်မှာ ကျန်ခဲ့ပါပြီ။ တခြားနိုင်ငံမှာတော့ တကယ်ကို အထပ်ထပ်အခါခါ စဉ်းစားပြီးမှ ယူကြတယ်။ ကလေးမယူတဲ့ စုံတွဲတွေ ပေါမှပေါ။ ယောင်္ကျားရရင် ကလေးမွေးဆိုတဲ့ ရှေးရိုးမိသားစုထဲမှာ နေရတဲ့ လူအတွက်ကတော့ ရွေးစရာလမ်းမရှိပေမယ့် ရွေးလို့ရတဲ့သူတွေ ရွေးပါစေ။
လူတစ်ကိုယ်စိတ်တစ်မျိုးစီပဲ..
ယူချင်တဲ့သူယူ..မယူချင်တဲ့သူမယူနဲ့..
ကိုယ်ကြိုက်တာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်
သားသမီးနဲ့ကြိုက်ရင် အလုပ်ရှုပ်ခံနိုင်ရမယ်
အလုပ်ရှုပ်မခံနိုင်တဲ့သူက မယူနဲ့
လူတစ်ယောက် ဘ၀တစ်မျိုးစီပဲ
ပေတံတစ်ခုတည်းနဲ့ တိုင်းလို့တော့ ဘယ်ရမလဲ
လူတွေက ခက်တယ်
ကိုယ်ရတဲ့ ဘ၀ကို အကောင်းဆုံးထင်နေကြတယ်။

မနုသွဲ့ရေးထားတာ ထောက်ခံပါတယ်။
ဗမာအမျိုးသမီးတွေ အတွေးအခေါ်နည်းနည်း ပြောင်းဖို့ လိုနေပြီ။ သားကိုသခင် လင်ကိုဘုရား မှတ်တာမျိုးတွေပေါ့။ အပြန်အလှန်လေးစား နားလည်မှုပဲ လိုပါတယ်။

Shinlay said...

Thanks for comments.