လျှောက်လည်ဖြစ်ပါတယ်။ ဒီနေ့ (၃.၁၀.၀၉)ကတော့ ဂျာမနီနိုင်ငံရဲ့ ရုံးပိတ်
ရက်ပါ။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းတဲ့
နေ့ ပါ။ ဒီနေ့ အနှစ်(၂၀) ပြည့်ခဲ့ပြီပေါ့။
ဒီနေ့ ကပိတ်ရင်လည်းဖြစ်၊ ရာသီဥတုကလည်းသာယာတာနဲ့ ကျမတို့ နှစ်ယောက်
Black Forest ကTitiseeဆိုတဲ့နေရာကို သွားခဲ့ကြပါတယ်။ ကျမတို့ နေတဲ့
Bad Krozingen ကဆို 46.3 km ဝေးပါတယ်။ ကျမတို့ ကတော့ရထားနဲ့ သွား
ကြတာပါ။
မနက် (၁၀) နာရီခွဲ ရထားနဲ့  Bad Krozingen ကနေထွက်ခဲ့ကြပါတယ်။


ကျမတို့ မြို့လေးရဲ့ ဘူတာ

ရထားစောင့်နေတာ။



ဒီရထားနဲ့ Titisee ကိုသွားရမှာ။

ရထားပေါ်ကမြင်ရတာတွေ


(Himmelreich)မြန်မာလိုတော့နတ်ပြည်ပေါ့။
ကျမတို့ တော့ ကံမပါသေးလို့ 
အဲ့ဒီမြို့ မှာမနေရဘူး


ရောက်ပြီ။ တနာရီလောက်ကြာတယ်။

Schwarzwaldschinken
Black Forest ကထွက်တဲ့ ၀က်ပေါင်ခြောက်



kuckucksuhr


မြင်းလှည်းလည်းတွေ့ ခဲ့သေးတယ်။

ဒါကတော့ Titisee ပါ။



အိမ်ကိုတော့ ၃ နာရီခွဲ မှာပြန်ရောက်ပါတယ်။....သူငယ်ချင်းတို့ လာလည်ရင်
လိုက်ပို့ ပေးမယ်နော်။

မနက်ကအမေ့ကိုဖုန်းဆက်ပြီး ကန်တော့
လိုက်တယ်။
အိမ်မှာတော့ အိမ်ဦးနတ်ကိုပဲ ကန်တော့လိုက်
ပါတယ်။ (မုန့် ဖိုးတော့မရဘူး)
13 comments:
kuckucksuhr
အဲ့နာရီလေးတော့ သဘောကျတယ်..
ဈေးအတော်ကြီးတယ်နော်...
မြင်းလှည်းတွေတော့ ကိုယ့်မြို့ကိုလဲ လွမ်းသွားတယ်...
ကျနော်လာလည်ရင်ကော..လိုက်ပို့မှာလားမသိ..
ပေါက်ရေ...လိုက်ပို့ ပေးမှာပေါ့။ နာရီလေးတွေကတော့
အစားစားရှိတယ်။ အိမ်မှာတော့ တစ်ခုမှမရှိဘူး။
တကယ်လား အစ်မ :)
စောင့်နေပါတယ်။ စတုဂတ်ကသူငယ်ချင်းတွေကို...
ရှင်လေးရေ..
ဒို့သားအမိတွေလဲ ဒီနေ့ ရာသီဥတုသာယာတာနဲ့ လျှောက်လည်ကြတယ်။ (မြို့ထဲတင်လျှောက်ပတ်နေတာပါ)ညနေဘက် ရုပ်ရှင်တောင်သွားကြည့်ခဲ့သေးတယ်။(အားကျမခံကြွားသွားတာနော်)
အပြန်မှာသာနေတဲ့လကြီးကို ကြည့်ပြီး အရင်ကကြောင်းတွေ ပြန်တွေးရင်း...
ပြန်ပြောရင်း............
ပုံလေးတွေ လာကြည့်တယ်အမ
မုန့်ဖိုးမရပေမယ့် အားဘွာတော့ရမှာပါ ဟီးဟီး
နောက်သွားတယ်။
ခင်တဲ့
ရီနိုမာန်
အစ်မရှင်လေးရေ
တစ်ကယ်လာမယ်နော် လိုက်ပို့ ပေး...
အစ်မရေ.. ပုံလေးတွေနဲ့ တွဲဖက်တင်ပေးထားတော့ တကယ်ရောက်သွားသလိုတောင် ခံစားရတယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။
မုန်ဖိုးတောင်းလေအစ်မရဲ့ ။ ပြီးရင် ကျွန်တော်ကို တ၀က်ပေး..အဟီး။ မုန့်ဝယ်စားမယ်။
yu ya
ပျော်စရာကြီး အစ်မရေ ဒါနဲ့  sausage ကအမည်းေ၇ာင်ကြီးနော် grilled လုပ်ထားလိုလား နဂို အမည်းကြီးလား အရသာကကော chinese sausage လိုဘဲလား
မမိုးရေ... လသာ ရင်ပျော်လည်းပျော်၊လွမ်းလည်းလွမ်း
နဲ့ နော်။ ကလေးတွေကိုနှုတ်ဆက်ပေးပါနော်။
ရီနိုမာန်...ဒါကတော့...ဟဲဟဲ..
မြစ်ချေကညီမရေ...ဒီမှာအဖေါ်မျှော်နေတာ။ တခြား
နေရာတွေပါလိုက်ပို့ ပေးမယ်။
တောင်းတာပဲယုယရေ... မုန့် ဖိုးမျှော်ကိုးပြီး မကန်တော့ရဘူးတဲ့။ ခက်ရော။
amk ရေ အဲ့ဒီ sausage က ဂျာမန်လို
Schwarzwurst လို့ ခေါ်ပါတယ်။ တိုက်ရိုက်
ဘာသာပြန်ရင်တော့ အမဲရောင်ဝက်အူချောင်းပေါ့။
သူက ၀က်သွေးနဲ့ လုပ်ပြီး အထဲမှာ အဆီ တုန်း
လေးတွေ နဲနဲ လှီးထဲ့ထားတယ်။
Thomas ကမစားပေမဲ့ ကျမကတော့ ပေါက်ပေါက်
ရှာရှာ စားတတ်၊ကြိုက်တတ်တယ်။
ပြောပြတာကျေးဇူးပါ အစ်မရေ ဗမာလိုဆို၇င် တော့ ၀က်သွေးအူချောင်းလို့  ခေါ်မှာပေါ့နော်
ဂျာမန်sausagesတွေကြိုက်တယ်... အစပ်ဆိုပိုစားကောင်းတယ်နော်
Rose ရေ sausages တွေကစားလို့ ကောင်းတယ်။
အမျိုးပေါင်းများစွာရှိပြီး ကျမတော့ အားလုံးနီးပါးကြိုက်တယ်။
Post a Comment