Tuesday 15 December 2009

အလုပ်လက်မဲ့ဖြစ်ခဲ့ရင်...

အခုတလော အလုပ်လက်မဲ့ဖြစ်တယ်ဆိုတဲ့စကားတွေကို ဟိုနားဒီနားတွေမှာ
မကြာခဏကြားနေရတယ်။ အလုပ်ရှင်က အလုပ်ပိတ်လိုက်လို့ ၊ အလုပ်ရှင်နဲ့ 
အဆင်မပြေလို့ ၊ မိမိကိုယ်တိုင်က ဆက်မလုပ်ချင်လို့  စသဖြင့် အကြောင်းအမျိုး
မျိုးကြောင့် အလုပ်လက်မဲ့ ဖြစ်ကြရတယ်။

ဂျာမနီမှာ တရားဝင် အလုပ်လုပ်တဲ့ သူတိုင်း ( Mini Job- 400€ /month)
ကလွဲရင် လစဉ် အလုပ်သမား ဌာန (Labour Office) ကို Unemployment Insurgence
ပေးရပါတယ်။ ရတဲ့ ၀င်ငွေပေါ်မူတယ်ပြီး 1,4% ကိုပေးရပြီး အလုပ်ရှင် က 1,4%
သွင်းပေးရပါတယ်။ ဒီတော့ အကြောင်းတစ်ခုခု ကြောင့် အလုပ်လက်မဲ့ဖြစ်ရင်
Labour ရုံးက ပိုက်ဆံပေးပါတယ်။

လက်ရှိဥပဒေ အရကတော့ အလုပ်သမားတစ်ယောက်ဟာ အနည်းဆုံးတစ်နှစ်
Unemployment Insurgence ပေးသွင်းထားရပါမယ်။ အလုပ်လက်မဲ့ဖြစ်ရင်
နောက်ဆုံးလစာရဲ့  66% ( with Child) , 63% ( without Child) ကို
Labour ရုံးက ပိုက်ဆံပေးပါတယ်။ လုပ်သက် ၁ နှစ်ပဲ ရှိရင်တော့ (၆)လ
ပေးပါတယ်။ လုပ်သက် (၁)နှစ်ထက်ပိုရင်တော့ (၁)နှစ်ပေးပါတယ်။
အဲ့ဒီကာလအတွင်းမှာ ကျန်းမာရေး အာမခံကို လေဘာရုံးကသွင်းပေးပါတယ်။

ဒီကြားထဲမှာ အလုပ်အသစ်ရှာရပါမယ်။ လေဘာရုံးက မကြာခဏခေါ်
တွေ့ ပြီး အလုပ်တွေလျှောက်မလျှောက်ကို တစ်လ တစ်ခါလောက်ခေါ်စစ်ပါတယ်။

ကိုယ့်သဘောနဲ့ ကိုယ်အလုပ်ထွက်တဲ့သူကိုတော့ ၃လ ပိတ်ပါတယ်။
အဲ့ဒါကြောင့် ၉လစာပဲရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ထွက်ပေမဲ့
ဆရာဝန်ထောက်ခံချက် ( အလုပ်ဆက်လုပ်ရန်မဖြစ်တော့လို့ ပါဆိုတဲ့ )
ပါရင်တော့ ၃လ မပိတ်ပါဘူး။

(၁)နှစ်ကျော်လို့ မှ အလုပ်သစ်မရဘူးဆိုရင်တော့ မိမိရဲ့  ( အိမ်ထောင်ဘက်ရဲ့ )
ပိုင်ဆိုင်မှု ကိုပြရပါတယ်။ မိမိပိုင်ဆိုင်မှုတွေပေါ်မှာ ရပ်တည်နိုင်စွမ်းမရှိဘူးလို့ 
ဆုံးဖြတ်ရင်တော့ Hartz IV လို့ ခေါ်တဲ့ အစိုးရ ရဲ့ ထောင့်ပံ့မှုကို ရပါတယ်။
တစ်ကိုယ်ရည်သမားတွေ ဆိုရင်တော့ အိမ်ငှားခ အပါအ၀င် တစ်လ ကို
700 € ပေးပါတယ်။ အဲ့ဒီသူတွေအတွက် ကြက်ခြေနီလို၊တခြားလူမှုရေး
အဖွဲ့ က အကူအညီလည်းရပါတယ်။ ဥပမာ အစားသောက် ဈေးပေါပေါ
ရောင်းပေးတာ၊ အ၀တ်အထည်တွေ ပေးတာ စသဖြင့်ပေါ့။
Hartz IV အကူအညီယူထားတဲ့သူတွေကို 1€ Job လို့ ခေါ်တဲ့ ၁နာရီ ၁ ယူရို
အလုပ်တွေလုပ်ရပါတယ်။ ကျန်းမာနေရင်ပေါ့။ 1€ Job တွေကတော့ အခြေခံ
အလုပ်တွေဖြစ်တဲ့ အမှိုက်သိမ်းတာ၊ ပန်းခြံတွေမှာ သန့် ရှင်းရေးလုပ်တာ
စတာတွေပါ။
ဂျာမနီမှာ အလုပ်လက်မဲ့ဖြစ်ရင် အလုပ်ပြန်ရဖို့ တော်တော်ကိုကြိုးစားရပါတယ်။
အခုလောလောဆယ်တော့ အချိန်ပိုင်းအလုပ်တွေ၊ Mini Job တွေများပါတယ်။
အလုပ်ရှင်တွေက ချွေတာကြတော့ အလုပ်ခန့် တာနဲလာတယ်။

11 comments:

PAUK said...

ဖြစ်လာတော့လည်း လက်ခံရမှာပဲလေ..။။
အလုပ်လက်မဲ့ မဖြစ်တာ အကောင်းဆုံးပေါ့..
ရင်မောသွားတယ်..မရှင်လေးရေ...။။

ThuHninSee said...
This comment has been removed by the author.
ThuHninSee said...
This comment has been removed by the author.
ThuHninSee said...

မရှင်လေး.ဒီမှာ အလုပ်ရှင်က အလုပ်ပိတ်လိုက်ရလို့ အလုပ်လက်မဲ့ဖြစ်သွားရင် ကျောင်းစရိတ်အတွက် လျှောက်လို့ရတယ်။ ကောလိပ်ဖြစ်ဖြစ် အသက်မွေးဝမ်းကျောင်းရိုးရိုးတစ်ခုခုမှာ ကျောင်းဝင်ခွင့်ရတယ်ဆို ကျောင်းစရိတ်နဲ့ စာအုပ်ဖိုးတချို့တ၀တ်ကို အစိုးရက နှစ်နှစ်စာ ပေးတယ်။ ကျန်တာတော့ ကိုယ့်ဟာကိုယ် ဆက်ချီတက်ရတာပေါ့။ အဲဒီမှာရော ပေးတာမျိုးရှိလား။
(ဒီနေ့ ဘယ်လိုဖြစ်နေတယ်မသိဘူး အမှားမှားအယွင်းယွင်းနဲ့ အပေါ်က ကော်မန့်တွေ အတွက် ဆောရီးပါအစ်မ)

Shinlay said...

Pauk ကျေးဇူးနော်။
Thuhninsie :ညီမရေ ဒီမှာတက္ကသိုလ် ကျောင်းသားတွေက သတ်မှတ်ထားတဲ့ အချိန် အရ အချိန်ပိုင်းပဲလုပ် ခွင့်ရှိတယ်။ အားလပ်ရက်အလုပ်မျိုးပဲလုပ်ခွင့်ရှိပါတယ်။သူတို့ တွေက သာမန်အားဖြင့် ဘာမှမရပါဘူး။
အသက်မွေးဝမ်းကျောင်း ကျောင်းကိစ္စတော့ နောက် ပို့ စ် မှာရေးပေးပါမယ်။ Thanks

လသာည said...

ဂျာမနီက အလုပ်လက်မဲ့အကြောင်းကို လာဖတ်သွားပါတယ် အစ်မ...

ဂျပန်က စည်းမျဉ်းနဲ့ ဆင်သလိုပဲ... လ သတ်မှတ်ချက် ကွဲပြားတာလေးတစ်ခုပဲလို့ ထင်တာပဲ

ဇွန်မိုးစက် said...

ညီမသာ အဖြုတ်ခံရတဲ့အထဲပါလို့ကတော့ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး တရားအားထုတ်မယ် စိတ်ကူးထားတယ်။ :D

မြစ်ချေသူ said...

အစ်မရှင်လေးရေ ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်။ ဂျာမဏီမှာ ဒီလိုအခွင့်ရေးတွေရှိတယ်ဆိုတာတော့ ကြားနေရတယ် အခုတော့ အသေးစိတ်တွေပါသိသွားတာပေါ့။

Mini Job အကြောင်းလေးတွေလဲ အဆင်ပြေရင် ရေးပေးပါအုံး။

နောက်လာမယ့် အသက်မွေးဝမ်းကျောင်း နဲ့ ပက်သတ်မဲ့ ပိုစ့်ကိုလေး စောင့်မျော်နေပါ့မယ်။

ခင်တဲ့
မြစ်ချေသူ

ုမအိ said...

အစ်မရေ.....အိဒီနေပဲ အစ်မရဲ ဘလော့ကိုရောက် ဘူးတာပါ....အိမသိသေးတဲ့ အရာအတော်များများကိုဖတ်လိုက်ရတဲ့အတွက် အစ်မကို အိ ကျေးဇူးအများကြီးတင် ပါတယ်.

Khemar said...

မရှင်လေးရေ...တစ် ယူရို အလုပ် ကို ဘယ်လို လျှောက်ရမလဲ ဆိုတာသိချင်ပါတယ်... ကျောင်းတတ်ဖို့ က လေးလ ပိုင်းမှဆိုတော့ တစ်ယူရို အလုပ်လုပ်ရင်ကောင်းမလားလို့ စဉ်းစားနေတာ...အဖိုး
ကြီး အဖွားကြီးတွေ ကို ကူညီတဲ့အလုပ် သို့ မဟုတ် ကလေးထိန်းတဲ့အလုပ် တွေကို ပိုလုပ်ချင်ပါတယ်... ကျေးဇူးပါအစ်မ..

Khemar said...

မရှင်လေးရေ... တစ်ယူရို အလုပ်ကို ဘယ်လိုလျှောက်ရမလဲ ဆိုတာသိချင်ပါတယ်.. ကျောင်းက လေးလပိုင်းမှဆို
တော့ တစ်ယူရို အလုပ် လုပ်ချင်ပါတယ်.. အဖိုးကြီး အဖွားကြီးတွေကို ကူညီတဲ့အလုပ် သို့ မဟုတ် ကလေးထိန်းတဲ့အလုပ်မျိုးတွေ လုပ်ချင်ပါတယ်...ကျေးဇူးပါအစ်မ..