Thursday 17 December 2009

အလုပ်လုပ်မယ်ဆိုရင်

ဂျာမနီမှာ အလုပ်လုပ်ဖို့ စဉ်းစားပြီဆိုရင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာ
ကို သိထားသလောက်ရေးထားတာပါ။ ဂျာမနီမှာနှစ်ရှည်နေခွင့်ရတဲ့သူတွေ
ကို အလုပ်လုပ်ခွင့်ပေးပါတယ်။ (၃)လ visit Visa နဲ့ လာတဲ့သူတွေတော့
အလုပ်လုပ်ခွင့် မရပါဘူး။ EU နိုင်ငံသားတွေတော့လုပ်ခွင့်ရပါတယ်။
Au Pair , special cooks , Journalists, နဲ့ ပညာရပ်ပိုင်းဆိုင်ရာပညာရှင်
တချို့  ကိုတော့ အထူး အစီအစဉ်တွေနဲ့  အလုပ်ရှင်ကအလုပ်လုပ်ခွင့်
လျှောက်ပေးရပါတယ်။

အလုပ်လုပ်ခွင့်ရတော့ ဘာလုပ်ကြမလဲဆိုတာစဉ်းစာရမှာပါ။ ဒီမှာက
ဂျာမန်စကား ကောင်းကောင်းပြောနိုင်ဖို့ လိုပါတယ်။ သာမန် သန့် ရှင်း
ရေးအလုပ်တောင် ဂျာမန်စကားတတ်ဖို့  လိုကြောင်းရေးထားတာတွေတွေ့ 
ရပါတယ်။ ဒါမှမဟုတ်ရင်တော့ စကားမပြောဖို့ မလိုတဲ့ ကာယ အလုပ်လောက်ပဲရ
နိုင်ပါတယ်။


ဂျာမနီမှာ ကျောင်းသားဦးရေရဲ့  ၂၃% (၂၀၀၃/၂၀၀၄) သာ တက္ကသိုလ်
ဆက်တက်ဖို့  Abituer (မြန်မာလိုတော့ တက္ကသိုလ်ဝင်တန်းပေါ့၊၊ဒီမှာတော့
၁၂တန်း)အောငြ်က ပါတယ်။ အများစုကတော့ လုပ်ငန်းနဲ့ ပတ်သက်တဲ့
သင်တန်းတွေ (Vocational School /Berufsschule) ဆက်တက်ကြပါတယ်။
ဂျာမနီမှာရှိတဲ့စွဲဆောင်မှု ကောင်းတဲ့ အလုပ် တော်တော်များများဟာ
Abitur အောင်ဖို့ မလိုတဲ့ အတွက် ပါ။ဂျာမန် ပညာရေးပုံစံကို
လပြည့်ရိပ်က ဒီမှာရေးဖူးပါတယ်။


ဂျာမနီမှာ အလုပ်တော်တော်များများဟာ Vocational school (Berufsschule)ကျောင်း
ဆင်းတွေ ကိုသာလက်ခံပါတယ်။ သူနာပြု၊ နည်းပညာကျွမ်းကျင်သူ၊မူကြို
ကျောင်းဆရာမ တွေကစပြီး မုန့် ဖုတ်သူ၊ ဆံပင်ညှပ်သူ၊ ဈေးရောင်းသူ၊
စားသောက်ဆိုင် မှာတာဝန်ယူရသူတွေစသဖြင့် အလုပ်တိုင်းမှာ Vocational
school ကျောင်း ဆင်းတွေ သာခန့် ပါ တယ်။ ဒါကြောင့် ဒီသင်တန်းတခုခု
မပြီးခဲ့ရင် အလုပ်ကောင်းကောင်း တခုရဖို့ အလွန်ခက်ပါတယ်။

Vocational school ကျောင်း တွေကို Real Schule/ Haupt Schule
(ဂျာမန်လို ၁၀တန်း)အောင်တဲ့ သူတွေတက်ခွင့်ရှိပါတယ်။ သင်တန်း
ကာလက(၃) နှစ်ပါ။ Vocational school ကျောင်း တွေမှာ ပညာရပ်ဆိုင်
ရာအလိုက် ပင်မခေါင်းစဉ်(၂၀)ခွဲထားပါတယ်။ ဥပမာ။ စီးပွားရေးနဲ့ စီမံခန့် 
ခွဲမှု၊ နည်းပညာ၊ အီလက်ထရောနစ်ပညာ၊ ဆောာက်လုပ်ရေးနဲ့ ပတ်သက်တာ
တွေ စသဖြင့်ပေါ့။ အသေးစိတ်ကိုဒီမှာကြည့်လို့ ရပါတယ်။

ဒါအပြင် မူလ အသက်မွေးဝမ်းကြောင်း တစ်ခုကို ဆက်လုပ်ဖို့  အဆင်မပြေ
သူတွေ၊ မူလ အသက်မွေးဝမ်းကြောင်းမှာ အလုပ်ရှာဖို့ သိပ်မလွယ်လို့  စသဖြင့်
အကြောင်း ကြောင်းတွေကြောင့် နောက်ထပ်အသက်မွေးဝမ်းကြောင်း
သစ်တစ်ခုပြောင်း လိုသူတွေလည်းတက်ခွင့်ရှိပါတယ်။ တချို့  အထက်တန်း
အောင်ပြီးသားသူတွေ လည်းတက်ကြပါတယ်။ သူတို့ ကတော့(၂)နှစ်ပဲတက်
လို့ ရပါတယ်။

နိုင်ငံခြားမှာ (၁၀)တန်းအောင်ထားတယ်ဆိုတဲ့ လက်မှတ်ကို ဂျာမန်ပြည်နယ်
ပညာရေးရုံးက အသိအမှတ်ပြုရင်လည်းတက်ခွင့်ရှိပါတယ်။
အဲ့ဒီလိုလူတွေအတွက်တော့ (၂)နှစ်နဲ့ တက်လို့ ရပါတယ်။ တချို့ 
ကတော့လည်း (၃)နှစ်တက်ရပါတယ်။ အသိအမှတ်ပြုတာကျဖို့  (၁)နှစ်
လောက်တော့စောင့်ရပါတယ်။

အလုပ်ချိန်တွေကတော့ အချိန်ပြည့်ဆိုရင် တစ်ပတ်ကို နာရီ ၄၀ လုပ်ရပါတယ်။
တချို့ ကတော့ ၃၈ နာရီလုပ်ရပါတယ်။ အချိန်ပိုင်း အလုပ်တွေကတော့ ၂၀%
၅၀%၊ ၇၅% စသဖြင့် အလုပ်ရှင်နဲ့ ညှိပြီး စာချုပ်ချုပ်ကြပါတယ်။
အားလပ်ရက်ကတော့ အစိုးရရုံးပိတ်ရက် တွေအပြင် တစ်နှစ်ကို ရက် ၃၀ (၆ ပတ်)
ရပါတယ်။
Mini Job တွေကတော့ တစ်ပတ်ကို အများဆုံး ၁၄.၅ နာရီလုပ်ခွင့်ရှိပါတယ်။
လစာကတော့ တစ်လ ၄၀၀ ယူရိုရပါတယ်။ net income = gross Income ပါ။
ကျန်းမာရေးအာမခံနဲ့  ပင်စင်အာမခံ တွေကို အလုပ်ရှင် ကပဲသွင်းပေးပါတယ်။
ပင်စင်အာမခံ ကတော့ သွင်းပေးတာ အလွန့် အလွန်နည်းလို့ နောင် အခါ
အခက်တွေ့ နိုင်ပါတယ်။ အချိန်ပြည့် အလုပ်မရခင် ကြားခံအနေနဲ့ တော့
လုပ်သင့်ပါတယ်။ တချိန်ထဲမှာ mini Job နှစ်ခုလုပ်ခွင့်မရှိပါဘူး။

ဒီမလုပ်တွေအပြင် Zeitarbeit လို့ ခေါ်တဲ့ Temporary Work တွေလည်း
ရှိပါ သေးတယ်။ အဲ့ဒါကတော့
Zeitarbeit ကုမ္ပဏီကအလုပ်ရှင်တွေအတွက်
အလုပ်သမားကို ရှာပေးပါတယ်။ အလုပ်သမားကိုပေးမဲ့ လစာထဲက တချို့ 
ကို Zeitarbeit ကုမ္ပဏီကရတဲ့အတွက် အလုပ်သမားက ပုံမှန်လစာထက် နဲ
ပြီးပါတယ်။ အလုပ်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်မထားလို့  အချိန်မရွေး အလုပ်
ကထုတ်လို့ ရပါ တယ်။ အာမခံချက်သိပ်မရှိဘူးပေါ့။ ဒါပေမဲ့လည်း အလုပ်ရရင်ပြီး
ရောလုပ် နေကြရတာပါ။
ဒီတွေကတော့ ဂျာမနီရဲ့  အလုပ်ဈေးကွက်အကြောင်း နဲနဲ ပါ။ ကျမ သိသလောက်
ရေးထားတာဖြစ်ပါတယ်။


6 comments:

ThuHninSee said...

ဂျာမန်စာက ခက်တယ်ဆို။ မရှင်လေးကို ချီးကျူးတယ်။ ကျောင်းပြန်တက်နိုင်လို့။ ကျွန်မမှာ ကိုယ်နဲ့မဝေးခဲ့တဲ့ Englishလိုတောင် မနည်းကြိုးစားနေရတာ။ မိန်းကလေးတွေရော engineeringဘက်ကို သွားတာများလား။ ဒီမှာ နည်းသလိုပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ နည်းတာကို
ပြောတာပါ။ တခြားပြည်နယ်တွေမှာတော့ မသိဘူး။ ဝေမျှပေးတာကျေးဇူးပဲအစ်မ။ ကျောင်းအကြောင်းဆို စိတ်ဝင်စားလို့ပါ။

Anonymous said...

Thanks for your sharing.
If 40 above, easy to find mini job?
San

subuueain said...

ွှThanks for your sharing sis!

Shinlay said...

Thuhninsee ညီမရေ ဒီမဗာ အမျိုးသမီးတွေက နေရာတော်တော်များများမှာ ရှိကြတယ်။ တချို့ 
မထင်မှတ်တဲ့နေရာတွေမှာလည်း ( ယောကျာင်္းလေး အလုပ်တွေ)ရှိတယ်။ engineering ဘက်ကို
သွားကြပေမဲ့ ယောကျာင်္း ဦးရေလောက်တော့မများဘူး။
တချို့ အလုပ် ( doctor's Assistant) ဆိုရင်
မိန်းမတွေပဲရှိတယ်။ ယောကျာင်္းတွေလုပ်ခွင့်ရှိပေမဲ့
ယောကျာင်္း တယောက်မှ မရှိသလောက်ပဲ။
လုပ်ငန်းခွင်မှာ ကြီးစိုးနေတာကတော့ယောကျာင်္းတွေ ပါပဲ။
San :Mini Job တွေကို ဘယ်အရွယ်ဖြစ်ဖြစ်
တခြားအလုပ်တွေထက်စာရင် ရှာလို့ လွယ်ပါတယ်။
အခြေခံ သာမန်အလုပ်တွေများပါတယ်။ တချို့  ပင်စင်ယူပြီ။ ၆၄ နှစ်နဲ့  Mini Job လုပ်နေသူတွေရှိပါတယ်။
ှSubuueain နဲ့  လာလည်ကြတဲ့ သူငယ်ချင်းများ
ကို ကျေးဇူးတင်ပါတယ်။

မြစ်ချေသူ said...

သိချင်နေတဲ့ အကြောင်းလေးတွေ ဖတ်လိုက်ရလို့  ကျေးဇူးတင်ပါတယ် အစ်မရှင်လေးရေ...
ခရစ်စမတ်မှာ ပျော်ရွှင်နိုင်ပါစေ...။

ခင်နွယ်ချို said...

ဂျာမနီမှာ ကျောင်းလာတက်တဲ့ မြန်မာ ကျောင်းသား
တွေရော ဘယ်လို အလုပ်လုပ်ခွင့်ရှိလဲ သိချင်ပါတယ်..အမရေ.. တပတ်ကို ဘယ်နာရီ လုပ်လို့ ရလဲ။ ကျောင်းသား တယောက်အနေနဲ့ တနာရီ ကို ဘယ်လောက် အနည်းဆုံး ရလဲ။ ဘယ်လို အလုပ်မျိုးတွေ လုပ်လို့ရလဲ။ အလုပ်အကြောင်းပြည့် ပြည့်စုံစုံ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။